Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘော်လွန်ဒီအော်ဆုစကာတင်၃ယောက်စာရင်းမှာမပါဝင်လာတဲ့မက်ဆီနဲ့ရိုနယ်ဒို
ခင်ဗျားတို့မျက်စိတွေကိုပွတ်ကြည့်မနေပါနဲ့။ခရစ်စတီယာနိုရိုနယ်ဒို နဲ့ လီယွန်နယ်မက်ဆီတို့ဟာ လာမယ့်ဘော်လွန်ဒီအော်ဆုစကာတင်၃ယောက်စာရင်းမှာပါဝင်လာနိုင်ဖွယ်မရှိပါဘူး။
နှစ်အတော်များများ ရိုနယ်ဒိုနဲ့သူ့ရဲ့မဟာပြိုင်ဘက် မက်ဆီဟာ ဘော်လွန်ဒီအော်ဆုစင်မြင့်ထက်မှာ အမြဲနေရယူထားကြပြီး တစ်ယောက်ကို ၅ကြိမ်စီရရှိထားကြတာပဲဖြစ်ပါတယ်။သို့သော်လည်းအခုချိန်မှာတော့ L’Equipe ရဲ့နောက်ဆုံးထွက် စက္ကန့်၃၀စာ Video အရ ဒီနှစ်အတွက်ဘော်လွန်ဒီအော်ဆုဟာ မျက်နှာသစ်ကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ပြင်သစ်သတင်းစာနဲ့ထုတ်ဝေးရေး L’Equipe က လာမယ့်ဒီဇင်ဘာ၃့က်နေ့မှာကျင်းပမယ့် ဒီဆုပေးပွဲအတွက်စကာတင်၃ယောက်စာရင်းကိုဖော်ပြလိုက်သလို ဖြစ်ခဲ့ပါတယ်။သူတို့တွေကတော့ အမ်ဘာပေး၊ ရာဖေးလ်ဗာရိန်း နဲ့လူကာမိုဒရစ်တို့ပဲဖြစ်ကြပါတယ်။
ဒီကစားသမား၃ယောက်စလုံးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာအထူးခြေစွမ်းပြခဲ့ပြီး ဗာရိန်း နဲ့ ဘာပေးတို့ဟာ ကမ္ဘာ့ဖလားဆုကို ကိုင်မြောက်နိုင်ခဲ့သလို မိုဒရစ်နဲ့ဗာရိန်းဟာလည်း ရီးရဲလ်နဲ့ချန်ပီယံလိပ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။
ဒီစကာတင်၃ယောက်နောက်မှာတော့ မိုဟာမက်ဆာလာ၊ရိုနယ်ဒို၊မက်ဆီ၊နေမာ၊ကန်တီ၊ပေါ့ဘာ၊ဂရစ်ဇမန်း၊ဟာဇက်တို့ကို ဖော်ပြခဲ့ပါတယ်။
လူအများယုံကြည်နေကြတာကတော့ ဒီစကာတင်၃ယောက်စာရင်းဟာ တကယ်မှန်ကန်တယ်ဆိုတာပဲဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ လတ်တလောအငြင်းပွားနေကြတာပဲဖြစ်ပါတယ်။
Post a Comment