Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
The Times သတင်းစာရဲ Paul Joyce အဆိုအရ တိုက်စစ်မှူးမာကပ်စ်ရပ်ဖို့ ဒ်ကို ခေါ်ယူဖို့ စီးရီအေကလပ်အသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကအတော်လေးစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
(Unicode)
ယူနိုက်တက်ရဲ့ ရပ်ဖို့ဒ်ကိုခေါ်ဖို့အသဲအသန်စိတ်ဝင်စားနေတဲ့ဂျူဗင်တပ်စ်
The Times သတင်းစာရဲ့ Paul Joyce အဆိုအရ တိုက်စစ်မှူးမာကပ်စ်ရပ်ဖို့ဒ်ကို ခေါ်ယူဖို့စီးရီအေကလပ်အသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကအတော်လေးစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကိုငယ်ငယ်လေးထဲကအားပေးကြိုက်နှစ်သက်ပြီး ပရိတ်သတ်တစ်ယောက်လည်းဖြစ်တဲ့ ရပ်ဖို့ဒ်ဟာ ချန်ပီယံလိပ်ပွဲအဖြစ်တူရင်မြို့မှာ၂-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာတော့ အရံလူအဖြစ်သာပါဝင်ခဲ့ရပါတယ်။နောက်ထပ်ရက်သတ္တပတ်အတော်အကြာမှာတော့ ကလပ်ရဲ့အဖွဲ့ဝင်များဟာ သူ့ရဲ့အရံခုံမှာထိုင်နေရတဲ့အခြေအနေကိုဖော်ပြနေကြတာပဲဖြစ်ပါတယ်။
  ဂျူဗင်တပ်စ်အသင်းဟာအသက်၂၁နှစ်အရွယ်ကစားသမားရဲ့အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်မရတော့တဲ့အခြေအနေကိုအခွင့်ကောင်းယူပြီး ဂျူဗင်တပ်စ်မှာ ပွဲထွက်ခွင့်ပုံမှန်တစ်နေရာပေးကာ ပြောင်းရွှေ့စေဖို့လုပ်ရှားနေတာပဲဖြစ်ပါတယ်။
၂၀၁၅-၁၅၆ ရာသီ အသက်၁၈နှစ်အရွယ်မှာထဲက ယူရိုပါလိပ်ပွဲတစ်ပွဲဖြစ်တဲ့ FC Midtiylland နဲ့ပွဲမှာ သူ့ရဲ့ပရိုကစားသမား ဘဝပထမဆုံးသွင်းဂိုးကိုရယူခဲ့ပြီး ၂၀၂၀ အထိစာချူပ်ချုပ်ဆိုထားပါတယ်။ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ပထမတန်းစားကစားသမားတွေကို စာချုပ်ချုပ်ဆိုတဲ့အတိုင်း ရပ်ဖို့ဒ်ရဲ့လက်ရှိစာချုပ်မှလည်း စာချုပ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။
ယခုနှစ်ရာသီအစထဲက ဒီအကယ်ဒမီကစားသမားကို ကျောနံပါတ် ၁၀ ပေးထားခဲ့သော်လည်း ယူနိုက်တက်ရဲ့ပထမအသင်းမှာ မကြာခဏချန်လှပ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။နည်းပြမော်ရင်ဟိုအတွက်ရပ်ဖို့ဒ်ဟာ ပုံမှန်ပွဲထွက်ကစားသမားတစ်ယောက်မဟုတ်မှန်းသိထားသလို ရပ်ဖို့ဒ်အနေနဲ့ဒီရာသီပရီးမီးယားလိပ်၅ပွဲသာပါဝင်ကစားခဲ့ပြီး ၂ဂိုးသာသွင်းယူထားခဲ့တာပဲဖြစ်ပါတယ်။
သူကြိုက်နှစ်သက်လိုလားတဲ့ ရှေ့တန်းတိုက်စစ်မှူးစစ်စစ်အဖြစ်တစ်ပွဲလုံးပါဝင်မကစားရတာကြောင့်လည်း သူ့ရဲ့ပရိုအရည်အသွေးတွေဟာတိုးတက်မလာပဲရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ဆိုထားနေကြတာပဲဖြစ်ပါတယ်။
ရပ်ဖို့ဒ်ဟာဂျူဗင်တပ်စ်နဲ့ကစားတဲ့ ပွဲမှာ အရံလူအဖြစ်သာရှိနေခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ဈေနဲ့ဂုန်းဆင်တဲ့နေရာမှာဆရာကျတဲ့ ဂျူဗင်တပ်စ်အသင်းဟာရပ်ဖို့ဒ်ကို ခေါ်ယူဖို့အသဲအသန်စိတ်ဝင်စားလာနေသလို ဂိုးသမားဒီဂီယာကိုလည်းအလွတ်ဈေးနဲ့ရဖို့လည်းဆက်လက်ကြိုးပမ်းနေတာဖြစ်ပါတယ်။
No comments
Powered by Blogger.