လီဗာပူးလ္မွာနည္းျပလုုပ္ခ်င္ေၾကာင္းပြင့္ပြင့္လင္းလင္းေျပာၾကားလိုုက္ၿပီျဖစ္တဲ့ဂ်ာရတ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကလပ္၁၇နွစ္ၾကာကစားခဲ့ၿပီးေနာက္ အသင္းဂႏၱ၀င္ကစားသမား စတီဗင္ဂ်ာရတ္ တစ္ေယာက္ လီဗာပူးလ္အသင္းနည္းျပအျဖစ္ျပန္လာမယ္ဆိုု ပရိတ္သတ္ေတြလက္ခံၾကမလား? မ်ားျပားလွတဲ့လီဗာပူးလ္ပရိတ္သတ္ေတြကေတာ့ လာမယ့္နွစ္ေတြမွာ ဒီလိုုမ်ိဳးအသင္းမွာ ျမင္ေစခ်င္ပါတယ္။ ဂ်ာရတ္ကိုုယ္တိုုင္ကလည္း တစ္ေန ့ၾကရင္ အသင္းရဲ ့နည္းျပၾကီးတစ္ေယာက္ျဖစ္ခ်င္တယ္လိုု ့ပြင့္ပြင့္လင္းလင္းေျပာၾကားလိုုက္ၿပီပဲျဖစ္ပါတယ္။
France Football နဲ ့အင္တာဗ်ဴးမွာေတာ့အသက္၃၈ႏွစ္အရြယ္ဂ်ာရတ္က လီဗာပူးလ္အသင္းဟာ သူ ့နွလံုုးသားထဲကအထူးေနရာတစ္ခုုမွာ ရိွေနတယ္လိုု ့၀န္ခံေျပာၾကားခဲ့ပါတယ္။ “ ဒီေန ့ရိန္းဂ်ားကလပ္မွာရိွေနရတာကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဒီအလုုပ္လုုပ္ရတာလည္းေပ်ာ္ပါတယ္။ရိန္းဂ်ားအသင္းအတြက္ ကၽြန္ေတာ္တတ္စြမ္းသမ ွ်အကုုန္ေပးဆပ္သြားမွာပါ။ဒါပင္မယ့္လည္း ဘယ္သူမွအနာဂတ္ကိုုၾကိဳမသိနိုုင္ပါဘူး။လီဗာပူးလ္အသင္းဟ ကၽြန္ေတာ့္အတြက္ေတာ့ တကယ့္စပယ္ရွယ္ေနရာတစ္ခုုပါ။တစ္ေန ့မွာ ျဖစ္လာပါလိမ့္မယ္။(နည္းျပ) ဒါမွမဟုုတ္ ျဖစ္ခ်င္မွလည္းျဖစ္မွာေပါ့။”
၂၀၁၆ မွာ ခမ္းနားထည္၀ါခဲ့တဲ့ ကစားသမားဘ၀ကိုုအနားယူၿပီးခဲ့ၿပီးေနာက္ ဂ်ာရတ္တစ္ေယာက္ ကမာၻ ့အဆင့္မန္ေနဂ်ာတစ္ေယာက္ျဖစ္လာဖိုု ့ၾကိဳးပမ္းလာခဲ့ပါတယ္။သူ ့ရဲ ့ပထမဆံုုးေျခလွမ္းက ရိန္းဂ်ားကလပ္ဆီသြားခဲ့ၿပီး စိန္ေခၚမႈမ်ားကိုု သြားေရာက္ရင္ဆိုုင္လုုပ္ကိုုင္ေနတာပဲျဖစ္ပါတယ္။
ဂ်ာရတ္ဟာ လီဗာပူးအသင္းရဲ ့ယူ၁၈အသင္းကိုုကိုုင္တြယ္ခဲ့ဖူးၿပီး ၾကီးမားတဲ့ေအာင္ျမင္မႈကိုု စြမ္းေဆာင္ေပးခဲ့ပါတယ္။သိုု ့ေသာ္လည္း ပရီးမီးယားလိပ္မွာေရာသူေအာင္ျမင္နိုုင္ပါ့မလားေမးခြန္းထုုတ္စရာျဖစ္ေနပါတယ္။လီဗာပူးလ္ပရိတ္သတ္ေတြကေတာ့ တစ္ေန ့မွာ သူတိုု ့အသင္းရဲ ့အနာဂတ္မန္ေနဂ်ာေနရာမွာ စတီဗင္ဂ်ာရတ္ကိုုျမင္ေတြ ့လိုုေနၾကတာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ သူ ့ကိုုခန္ ့အပ္တဲ့ဘယ္အသင္းကိုုမဆိုအေကာင္းဆံုုးထိေရာက္ေစမယ့္လူတစ္ေယာက္ျဖစ္ေစမယ္လိုု ့ေျပာၾကားခဲ့ပါတယ္။သူဟာ ငယ္ရြယ္တဲ့ကစားသမားဘ၀ကေနကြင္းလယ္မာစတာျဖစ္လာတဲ့အခ်ိန္မွာေတာ့ အေကာင္းဆံုုးျဖစ္လာဖိုု ့သူဟာအဲ့လိုုစြဲလမ္းလာခဲ့ရေၾကာင္းရွင္းျပခဲ့ပါတယ္။အသက္၃၈ႏွစ္အရြယ္ဂ်ာရတ္က ငယ္ရြယ္တဲ့ကစားသမားေတြအေပၚ အရည္အခ်င္းသာလ ွ်င္ သူတိုု ့ကိုုအေကာင္းဆံုုးေမာင္းနွင္နိုုင္ၿပီး စိတ္ဆႏ̔ၵျပင္းထန္မွာသာ ပြဲကိုုအေကာင္းဆံုုးလႊမ္းမိုုးနိုုင္မွာျဖစ္တယ္လိုု ့သင္ၾကားေပးေလ့ရိွခဲ့ပါတယ္။မည္သည့္ လူငယ္ကစားသမားမဆိုု ေဘာလံုုးကစားတာနဲ ့ပတ္သတ္ၿပီးအၾကံညဏ္ရယူလိုုရင္ ဂ်ာရတ္ရဲ ့စကားလံုုးတစ္ခုုစီတိုုင္းကိုုေသခ်ာဂရုုတစိုုက္နားေထာင္သင့္တယ္လိုု ့အၾကံေပးပါရေစ။
(Unicode)
လီဗာပူးလ်မှာနည်းပြလုပ်ချင်ကြောင်းပွင့်ပွင့်လင်းလင်းပြောကြားလိုက်ပြီဖြစ်တဲ့ဂျာရတ်
ကလပ်၁၇နှစ်ကြာကစားခဲ့ပြီးနောက် အသင်းဂန္တဝင်ကစားသမား စတီဗင်ဂျာရတ် တစ်ယောက် လီဗာပူးလ်အသင်းနည်းပြအဖြစ်ပြန်လာမယ်ဆို ပရိတ်သတ်တွေလက်ခံကြမလား? များပြားလှတဲ့လီဗာပူးလ်ပရိတ်သတ်တွေကတော့ လာမယ့်နှစ်တွေမှာ ဒီလိုမျိုးအသင်းမှာ မြင်စေချင်ပါတယ်။ ဂျာရတ်ကိုယ်တိုင်ကလည်း တစ်နေ့ကြရင် အသင်းရဲ့နည်းပြကြီးတစ်ယောက်ဖြစ်ချင်တယ်လို့ပွင့်ပွင့်လင်းလင်းပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။
France Football နဲ့အင်တာဗျူးမှာတော့အသက်၃၈နှစ်အရွယ်ဂျာရတ်က လီဗာပူးလ်အသင်းဟာ သူ့နှလုံးသားထဲကအထူးနေရာတစ်ခုမှာ ရှိနေတယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။ “ ဒီနေ့ရိန်းဂျားကလပ်မှာရှိနေရတာကျွန်တော်အရမ်းပျော်ပါတယ်။ဒီအလုပ်လုပ်ရတာလည်းပျော်ပါတယ်။ရိန်းဂျားအသင်းအတွက် ကျွန်တော်တတ်စွမ်းသမ ျှအကုန်ပေးဆပ်သွားမှာပါ။ဒါပင်မယ့်လည်း ဘယ်သူမှအနာဂတ်ကိုကြိုမသိနိုင်ပါဘူး။လီဗာပူးလ်အသင်းဟ ကျွန်တော့်အတွက်တော့ တကယ့်စပယ်ရှယ်နေရာတစ်ခုပါ။တစ်နေ့မှာ ဖြစ်လာပါလိမ့်မယ်။(နည်းပြ) ဒါမှမဟုတ် ဖြစ်ချင်မှလည်းဖြစ်မှာပေါ့။”
၂၀၁၆ မှာ ခမ်းနားထည်ဝါခဲ့တဲ့ ကစားသမားဘဝကိုအနားယူပြီးခဲ့ပြီးနောက် ဂျာရတ်တစ်ယောက် ကမ္ဘာ့အဆင့်မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ကြိုးပမ်းလာခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးခြေလှမ်းက ရိန်းဂျားကလပ်ဆီသွားခဲ့ပြီး စိန်ခေါ်မှုများကို သွားရောက်ရင်ဆိုင်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ဂျာရတ်ဟာ လီဗာပူးအသင်းရဲ့ယူ၁၈အသင်းကိုကိုင်တွယ်ခဲ့ဖူးပြီး ကြီးမားတဲ့အောင်မြင်မှုကို စွမ်းဆောင်ပေးခဲ့ပါတယ်။သို့သော်လည်း ပရီးမီးယားလိပ်မှာရောသူအောင်မြင်နိုင်ပါ့မလားမေးခွန်းထုတ်စရာဖြစ်နေပါတယ်။လီဗာပူးလ်ပရိတ်သတ်တွေကတော့ တစ်နေ့မှာ သူတို့အသင်းရဲ့အနာဂတ်မန်နေဂျာနေရာမှာ စတီဗင်ဂျာရတ်ကိုမြင်တွေ့လိုနေကြတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်တာဗျူးမှာတော့ သူ့ကိုခန့်အပ်တဲ့ဘယ်အသင်းကိုမဆိုအကောင်းဆုံးထိရောက်စေမယ့်လူတစ်ယောက်ဖြစ်စေမယ်လို့ပြောကြားခဲ့ပါတယ်။သူဟာ ငယ်ရွယ်တဲ့ကစားသမားဘဝကနေကွင်းလယ်မာစတာဖြစ်လာတဲ့အချိန်မှာတော့ အကောင်းဆုံးဖြစ်လာဖို့သူဟာအဲ့လိုစွဲလမ်းလာခဲ့ရကြောင်းရှင်းပြခဲ့ပါတယ်။အသက်၃၈နှစ်အရွယ်ဂျာရတ်က ငယ်ရွယ်တဲ့ကစားသမားတွေအပေါ် အရည်အချင်းသာလ ျှင် သူတို့ကိုအကောင်းဆုံးမောင်းနှင်နိုင်ပြီး စိတ်ဆန္̔ဒပြင်းထန်မှာသာ ပွဲကိုအကောင်းဆုံးလွှမ်းမိုးနိုင်မှာဖြစ်တယ်လို့သင်ကြားပေးလေ့ရှိခဲ့ပါတယ်။မည်သည့် လူငယ်ကစားသမားမဆို ဘောလုံးကစားတာနဲ့ပတ်သတ်ပြီးအကြံညဏ်ရယူလိုရင် ဂျာရတ်ရဲ့စကားလုံးတစ်ခုစီတိုင်းကိုသေချာဂရုတစိုက်နားထောင်သင့်တယ်လို့အကြံပေးပါရစေ။
Post a Comment