Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 Lionel Messi
 Wayne Rooney
 Cesc Fabregas 
 Sergio Aguero 
 Paul Pogba 
 Raheem Sterling 
 Kylian Mbappe
တို့ပဲဖြစ်ကြပါတယ်။
(Unicode)
သင့်ကိုအံသြသင့်သွားစေမယ့်Golden Boy စကာတင်၅ယောက်စာရင်း
The Golden boyဆုကတရားမျှတပြီး မိသားစုဆန်တဲ့ဆုတစ်ဆုလည်းဖြစ်ပါတယ်။ရွန်းနီ မက်ဆီ အဂူရို နှင့် ရီနာတို ဆန်းချက်အစရှိတဲ့လူတွေဆွတ်ခူးရရှိထားခဲ့ပြီးတန်ဖိုးရှိတဲ့ဆုတစ်ခုဖြစ်ပြီး လူငယ်တွေအတွက်အားတတ်စရာ ဆုလည်းဖြစ်ပါတယ်။
ဒီဆုကိုလူတော်တော်များကသတိမထားမိကြပါဘူး။ဒီဆုကိုအသက်၂၁နှစ်အောက်ကစားသမားများကို ဂျာနယ်လစ်များကရွေးချယ်ပေးအပ်ခြင်းလည်းဖြစ်ပါတယ်။အဆိုပါဆုကိုဥရောပရဲ့ထိပ်သီးလိဂ်တွေမှာကစားတဲ့ကစားသမားတွေကိုသီးသန့်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းနှင့်စပါးအသင်းကစားသမားဟောင်းဗန်ဒါဗက်ပထမဦးဆုံးအကြိမ်ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါဆုကို ၂၀၀၃ခုနှစ်က အီတလီသတင်းစာ Tuttosportကတည်ထောင်ခဲ့ပြီးအေဂျက်စ်အသင်းနှင့်တူတူပေးအပ်ခဲ့ပါတယ်။
ယခုနှစ်မှာတော့ ပမာဏ စာရင်း၅ဦးထုတ်ပြန်ခဲ့ပြီးနောက်ကစားသမားတစ်ဦးလျော့ကာပမာဏစာရင်းမှဖယ်ရှားခဲ့ပါတယ်။
ကမ္ဘာ ပေါ်မှာရှိတဲ့လူငယ်ကစားသမားတွေရဲ့ပြိုင်ဆိုင်မှုကစောင့်ကြည့်ရမည့်အနေအထားတစ်ခုလည်းဖြစ်ပါတယ်။နာမည်ကြီးလူငယ်ကစားသမားလေးအမ်ဘာပေးတစ်ယောက်မပါဝင်လာတာကတော့အရင်မနှစ်က သူရှိခဲ့ဖူးလို့ဆိုနိုင်ပါတယ်။ စကာတင်၅ယောက်ကတော့ အာနိုလ် ၊ဒိလိဂျ်၊ ဗင်နီစီးယက် ဂျူနီယာ ၊ပက်ထရစ် ကက်ရွန်းနှင့်ဂျက်စတင်ကလိုင်းဗက်တို့ပဲဖြစ်ကြပါတယ်။
အမ်ဘက်ပီကတော့ဘော်လွန်ဒီအော်ဆုအတွက်ထိပ်ဆုံးကရေပန်းစားနေပါတယ်။အကြောင်းကတော့ ပြင်သစ်အသင်းအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲမှာအောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးထားပြီးကလပ်အသင်းဖြစ်တဲ့PSGမှာလည်းအကောင်းဆုံးခြေစွမ်းပြကစားနေတာကြောင့်ဖြစ်ပါတယ်။
အရင်ကရရှိထားဖူးတဲ့နာမည်ကျော်ကစားသမားတွေကတော့
 Lionel Messi
 Wayne Rooney
 Cesc Fabregas 
 Sergio Aguero 
 Paul Pogba 
 Raheem Sterling 
 Kylian Mbappe
တို့ပဲဖြစ်ကြပါတယ်။
No comments
Powered by Blogger.