Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရည်းစားကိုရော ဇနီးကိုပါကျေးဇူးတင်တယ်လို့ပွဲအပြီးမှာမှားပြောမိခဲ့တဲ့ဂါနာဘောလုံးသမား
အင်တာဗျူးတွေဟာ တော်တော်လေးဆိုးဆိုးရွားရွားမှားယွင်းသွားအောင်ဖြစ်စေတတ်ပါတယ်။ဒါပင်မယ့်လည်း ရုတ်တရက်လူမှားပြီးကျေးဇူးတင်ခဲ့တဲ့ဂါနာဘောလုံးသမားလိုတော့ဘယ်သူမှမှားမယ်မထင်ပါဘူး။မနှစ်ရာသီက ဂါနာဘောလုံးသမား မိုဟာမက်အနက်စ်ဟာ တောင်အမေရိကထိပ်တန်းကလပ် State Stars အသင်းအတွက်ခြေစွမ်းပြကစားခဲ့ပြီးပွဲအပြီးအင်တာဗျူးမှာစကားမှားပြောမိခဲ့တာကြောင့်အတော်လေးနာမည်ကြီးခဲ့ပါသေးတယ်။
အောက်က ဗီဒီယိုမှာကြည့်ရင်တွေ့နိုင်ပါတယ်။
သူ့ရဲ့အသင်းဟာ Ajax Cape Town အသင်းကို ၂-၂ ဖြင့်သရေကျခဲ့တဲ့ပွဲပြီးနောက် သူဟာ အဆိုပါပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရခဲ့ပါတယ်။သူဟာအဆိုပါဆုအတွက်အလွန်ကျေနပ်သွားခဲ့ပါတယ်။ပြီးတော့ ကင်မရာကိုသူ ကြည့်ပြီးသူ့မိန်းမကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။ဒါ့အပြင်သူ က သူ့ရည်းစားကိုလည်းကျေးဇူးတင်ပါတယ်လို့ထပ်ပြောလိုက်ပါတယ်။
ဒါဆို အနက်စ်တစ်ယောက်သူ့မိန်းမအပေါ်ဖောက်ပြန်နေတာ TV ရှေ့မှာဝန်ခံမိသလိုဖြစ်သွားတာလား? 
အနက်စ်တစ်ယောက် ဒီပွဲမှာ Man Of Match ရခဲ့တာဟာ ကွင်းထဲမှာ ဂိုး၂ဂိုးသွင်းယူနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါဆိုရင်သူဟာကွင်းပြင်ပမှာရော ဂိုး၂ဂိုးသွင်းနေတာလား?? ဒါပင်မယ့်လည်းအနက်စ်အတွက်တော့အဆိုပါစကားလုံးဟာအဓိပ္ဗာယ်သစ်တစ်ခုလို့မှတ်ယူနိုင်ပါတယ်။
သူ ပြောခဲ့တဲ့စကားအတွက်သူဟာ ချက်ချင်းငြင်းပြီး ပြန်ပြင်ပြောခဲ့ပါတယ်။သူ ဆိုလိုတာက “ ရည်စား ”ဆိုတာ သူ့သမီးကိုပြောတာလို့ပြန်ရှင်းပြခဲ့ပါတယ်။
“ ကျွန်တော့်သမီးလေးကို “ ချစ်သူ” လို့ခေါ်မှန်းကျွန်တော့်မိသားစုသိပြီးသားပါ။ဒါကို ကျွန်တော်ပြောနေခဲ့တာပါ။ကျွန်တော့်မှာ ရည်းစားမရှိပါဘူးဗျာ။” လို့BBC ကိုပြန်လည်ပြောကြားခဲ့ပါတယ်။
အနက်စ်ဟာ သူ့ရဲ့ချစ်ဇနီးအပေါ်လွန်စွာချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။ “ ကျွန်တော်သူမကို အရမ်းချစ်ပါတယ်။သူမကကျွန်တော့်အတွက်အရမ်းလှတဲ့ကလေးလေး၂ယောက်ကိုမွေးဖွားပေးခဲ့တယ်။သူမဟာအတော်လေးတော်ပါတယ်။ကျွန်တော်ဟာဘယ်လို ယောင်္ကျားမှန်းသူမသိပါတယ်။ဒါကြောင့်ကျွန်တော်မစိုးရိမ်ပါဘူး။ကျွန်တော်အခုတော့နမည်ကြီးလာပါပြီ။ကမ္ဘာ ပေါ်အနှံကလူတွေကျွန်တော့်ကိုသိကုန်ကြပြီ။” လို့ပြောကြားခဲ့ပါတယ်။
ဒီလိုမျိုးမီဒီယာတွေနဲ့တွေ့ပြီး TV နဲ့ရေဒီယိုပေါ်ရောက်လာပြီဆို အရာအားလုံးရှုပ်ထွေးသွားဖို့အရမ်းလွယ်ကူသွားစေပါတယ်။အရေးကြီးတာကတော့ သင်တို့လည်းအဲ့လို ဆိုရှယ်မီဒီယာတွေတို့အင်တာဗျူးတွေနဲ့တွေ့ဆုံတဲ့အချိန်တစ်စုံတစ်ခုမှားယွင်းဖြေကြားမိတဲ့အခါ အနက်စ်လို အတုယူပြီးချက်ချင်းအမှားပြင်ကာရှင်းပြတတ်ဖို့တကယ်လိုအပ်ပါတယ်လို့ဆိုချင်ပါတယ်။
No comments
Powered by Blogger.