မန္ခ်က္စတာယူနိုက္တက္မွ ထြက္ခြာျပီးPSGကို ေျပာင္းေရြ႕ကစားလိုေနတဲ့ဆန္းခ်က္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မနွစ္ကေဆာင္းရာသီမွာ ယူနိုက္တက္ဟာဆုဖလားလမ္းေျကာင္းဆီအရွိန္ျမွင့္ဖို႔ ဆန္းခ်က္ကိုေခၚယူခဲ့ပါတယ္။ယူနိုက္တက္နဲ႕ဆန္းခ်က္တို႔အေျပာင္းအေရြ႕ဇာတ္လမ္းမွာ အံ့ျသဖြယ္ေကာင္းတဲ့ေငြေၾကးကိန္းဂဏန္းေတြေပၚထြက္ခဲ့ပါေသးတယ္။အဲလက္ဆစ္ဆန္းခ်က္ဟာ ယူနိုက္တက္ရဲ႕ဂႏၱာဝင္ နံပါတ္7 ကို ဝတ္ဆင္ခြင့္ရခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ရဲ႕လုပ္ခလစာအမ်ားဆံုးကစားသမားလည္းျဖစ္လာပါတယ္။ဒါေပမယ့္ အသက္၂၉နွစ္အရြယ္ဒီကစားသမားအတြက္ေတာ့ ေမ်ွာ္လင့္ခ်က္ေတြတနင့္တပိုးနဲ႔ထင္သလိုမျဖစ္လာခဲ့ပါဘူး။
ဆုဖလားေတြရယူဖို႔ ယူနိုက္တက္ကို ေျပာင္းေရြ႕ခဲ့တာပါလို႔ဆိုခဲ့တဲ့ ဆန္းခ်က္တစ္ေယာက္ ထင္သလိုမျဖစ္လာခဲ့တာေျကာင့္ ၁ နွစ္မျပည့္ေသးခင္မွာပဲလက္နက္ခ်ျပီး အိုးထရက္ဖို႔ဒ္ကထြက္ခြာဖို႔ျကံရြယ္လာျပီျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ဆန္းခ်က္အေနနဲ႕ ယူနိုက္တက္မွာကစားရတာ မေပ်ာ္မရႊင္ ျဖစ္ေနပါျပီ။ကာရင္တန္ ေလ့က်င့္ေရးကြင္းအတြင္းမွာလည္း ဆန္းခ်က္ကသီးသန္႔ခြဲထြက္သလိုျဖစ္ေနျပီး အသင္းေဖာ္ေတြနဲ႕လည္း အဆင္မေျပျဖစ္ေနေျကာင္းသိရပါတယ္။
ဆန္ခ်က္ဟာ ခုလေတြအတြင္း ေဝဖန္မႈေတြခံေနရျပီး ေမာ္ရင္ဟိုရဲ႕စီမံခန္႔ခြဲမႈေတြကိုလည္း သေဘာမက်ျဖစ္ေနပါတယ္။ထင္သာျမင္သာျဖစ္လာတဲ့အေျကာင္းကေတာ့ ဆန္းခ်က္ဟာသူရဲ႕ေအးဂ်င့္Fernando Felicevichကိုေဆာင္းရာသီအေျပာင္းအေရြ႕မွာ အသင္းသစ္ရွာဖို႔ မွာျကားထားတာပါပဲ။PSGအသင္းကေတာ့ Felicevichနဲ႕ေဆြးေႏြးမႈေတြျပဳလုပ္ျပီး ေဆာင္းေစ်းကြက္မွာ ဆန္းခ်က္ကိုေခၚယူဖို႔ အသင့္ျဖစ္ေနပါျပီ။ဒီရာသီပြဲအမ်ားစုရဲ႕ ပြဲထြက္လူစာရင္းမွာလည္း ဆန္းခ်က္ကို ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနျပီး အရင္လကနယူးကာဆယ္ကို 3-2နဲ႕နိုင္တဲ့ပြဲမွာသာ ဂိုးတစ္ဂိုး သြင္းထားနိုင္ေသးတာပါ။
ဆန္းခ်က္ကို နည္းျပခဲ့ဖူးတဲ့ အာဆင္ဝင္းဂါးကေတာ့ သူ႔တပည့္ေဟာင္းဟာ ယံုျကည္မႈေတြေပ်ာက္ဆံုးေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ဝင္းဂါးက''သူအခု ယံုျကည္မႈေတြေပ်ာင္ဆံုးေနပါတယ္။သူ႕ရဲ႕ပင္ကိုယ္အရည္အေသြးက အလိမ္အေခါက္ေတြနဲ႕ ျပိဳင္ဘက္ကိုျဖတ္ေက်ာ္နိုင္တာပါ။ဒီလိုကစားသမားေတြရဲ႕အားနည္းခ်က္က ယံုျကည္မႈ ေပ်ာက္ဆံုးသြားခ်ိန္ပါပဲ။သူတို႔ရဲ႕ကစားပြဲဟာ ယံုျကည္ခ်က္အေပၚမူတည္ေနျပီး စိတ္ခံစားမႈေကာင္းမြန္မွသာ ပင္ကိုယ္အရည္အေသြးကိုထုတ္ျပနိုင္တာပါ။သူ႔ကိုျကည့္ရတာ ဒီအရာေတြ တျဖည္းျဖည္း ေပ်ာက္ဆံုးလာသလိုပါပဲ။ရာသီအစတုန္းကပဲသူ႔မွာရုပ္ပိုင္းဆိုင္ရာစြမ္းအင္ေတြ အျပည့္ရွိေနပါေသးတယ္။အခုေတာ့ ေပ်ာက္ဆံုးေနပါျပီ။ေမာ္ရင္ဟိုက ခနေလာက္ခ်န္လွပ္ထားတာေျကာင့္ အခုျပန္လည္လန္းဆန္းေနေလာက္ျပီထင္ပါတယ္''လို႔ေျပာသြားခဲ့ပါတယ္။
က်ေနာ္တို႔ယူနိုက္မွာ ဆန္းခ်က္ကိုေတြ႕ျမင္ရတဲ့အခ်ိန္ေတြကုန္ဆံုးဖို႔တျဖည္းျဖည္းနီးလာျပီလား။ေသခ်ာတာေတာ့ သူ ဟာ အသင္းကေနထြက္ခြာဖို႔ အလားအလာပိုမ်ားေနပါျပီ။
(Unicode)
မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာပြီးPSGကို ပြောင်းရွေ့ကစားလိုနေတဲ့ဆန်းချက်
မနှစ်ကဆောင်းရာသီမှာ ယူနိုက်တက်ဟာဆုဖလားလမ်းကြောင်းဆီအရှိန်မြှင့်ဖို့ ဆန်းချက်ကိုခေါ်ယူခဲ့ပါတယ်။ယူနိုက်တက်နဲ့ဆန်းချက်တို့အပြောင်းအရွေ့ဇာတ်လမ်းမှာ အံ့သြဖွယ်ကောင်းတဲ့ငွေကြေးကိန်းဂဏန်းတွေပေါ်ထွက်ခဲ့ပါသေးတယ်။အဲလက်ဆစ်ဆန်းချက်ဟာ ယူနိုက်တက်ရဲ့ဂန္တာဝင် နံပါတ်7 ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးကစားသမားလည်းဖြစ်လာပါတယ်။ဒါပေမယ့် အသက်၂၉နှစ်အရွယ်ဒီကစားသမားအတွက်တော့ မျှော်လင့်ချက်တွေတနင့်တပိုးနဲ့ထင်သလိုမဖြစ်လာခဲ့ပါဘူး။
ဆုဖလားတွေရယူဖို့ ယူနိုက်တက်ကို ပြောင်းရွေ့ခဲ့တာပါလို့ဆိုခဲ့တဲ့ ဆန်းချက်တစ်ယောက် ထင်သလိုမဖြစ်လာခဲ့တာကြောင့် ၁ နှစ်မပြည့်သေးခင်မှာပဲလက်နက်ချပြီး အိုးထရက်ဖို့ဒ်ကထွက်ခွာဖို့ကြံရွယ်လာပြီဖြစ်ပါတယ်။ သတင်းတွေအရတော့ ဆန်းချက်အနေနဲ့ ယူနိုက်တက်မှာကစားရတာ မပျော်မရွှင် ဖြစ်နေပါပြီ။ကာရင်တန် လေ့ကျင့်ရေးကွင်းအတွင်းမှာလည်း ဆန်းချက်ကသီးသန့်ခွဲထွက်သလိုဖြစ်နေပြီး အသင်းဖော်တွေနဲ့လည်း အဆင်မပြေဖြစ်နေကြောင်းသိရပါတယ်။
ဆန်ချက်ဟာ ခုလတွေအတွင်း ဝေဖန်မှုတွေခံနေရပြီး မော်ရင်ဟိုရဲ့စီမံခန့်ခွဲမှုတွေကိုလည်း သဘောမကျဖြစ်နေပါတယ်။ထင်သာမြင်သာဖြစ်လာတဲ့အကြောင်းကတော့ ဆန်းချက်ဟာသူရဲ့အေးဂျင့်Fernando Felicevichကိုဆောင်းရာသီအပြောင်းအရွေ့မှာ အသင်းသစ်ရှာဖို့ မှာကြားထားတာပါပဲ။PSGအသင်းကတော့ Felicevichနဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီး ဆောင်းဈေးကွက်မှာ ဆန်းချက်ကိုခေါ်ယူဖို့ အသင့်ဖြစ်နေပါပြီ။ဒီရာသီပွဲအများစုရဲ့ ပွဲထွက်လူစာရင်းမှာလည်း ဆန်းချက်ကို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး အရင်လကနယူးကာဆယ်ကို 3-2နဲ့နိုင်တဲ့ပွဲမှာသာ ဂိုးတစ်ဂိုး သွင်းထားနိုင်သေးတာပါ။
ဆန်းချက်ကို နည်းပြခဲ့ဖူးတဲ့ အာဆင်ဝင်းဂါးကတော့ သူ့တပည့်ဟောင်းဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်လို့ ပြောသွားခဲ့ပါတယ်။ဝင်းဂါးက''သူအခု ယုံကြည်မှုတွေပျောင်ဆုံးနေပါတယ်။သူ့ရဲ့ပင်ကိုယ်အရည်အသွေးက အလိမ်အခေါက်တွေနဲ့ ပြိုင်ဘက်ကိုဖြတ်ကျော်နိုင်တာပါ။ဒီလိုကစားသမားတွေရဲ့အားနည်းချက်က ယုံကြည်မှု ပျောက်ဆုံးသွားချိန်ပါပဲ။သူတို့ရဲ့ကစားပွဲဟာ ယုံကြည်ချက်အပေါ်မူတည်နေပြီး စိတ်ခံစားမှုကောင်းမွန်မှသာ ပင်ကိုယ်အရည်အသွေးကိုထုတ်ပြနိုင်တာပါ။သူ့ကိုကြည့်ရတာ ဒီအရာတွေ တဖြည်းဖြည်း ပျောက်ဆုံးလာသလိုပါပဲ။ရာသီအစတုန်းကပဲသူ့မှာရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ အပြည့်ရှိနေပါသေးတယ်။အခုတော့ ပျောက်ဆုံးနေပါပြီ။မော်ရင်ဟိုက ခနလောက်ချန်လှပ်ထားတာကြောင့် အခုပြန်လည်လန်းဆန်းနေလောက်ပြီထင်ပါတယ်''လို့ပြောသွားခဲ့ပါတယ်။
ကျနော်တို့ယူနိုက်မှာ ဆန်းချက်ကိုတွေ့မြင်ရတဲ့အချိန်တွေကုန်ဆုံးဖို့တဖြည်းဖြည်းနီးလာပြီလား။သေချာတာတော့ သူ ဟာ အသင်းကနေထွက်ခွာဖို့ အလားအလာပိုများနေပါပြီ။
Post a Comment