၂၀၁၇ခုုနွစ္ကမက္ဆီကိုုေတာ္ေတာ္ေလးမ်ားတဲ့ေျပာင္းေရႊ ့ေၾကးနဲ ့ကမ္းလွမ္းခဲ့တဲ့မန္စီးတီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၂၀၁၇ ခုုႏွစ္တုုန္းက မက္ဆီတစ္ေယာက္ မန္စီးတီးကိုုေျပာင္းမယ္လိုု ့ေကာလဟာလသတင္းထြက္ေပၚခဲ့ၿပီးေနာက္ အခုုခ်ိန္မွာေတာ့အဆိုုပါသတင္းနဲ ့ပတ္သတ္ၿပီးအေသးစိတ္အခ်က္အလက္အစစ္အမွန္ေတြကိုု စပိန္သတင္းစာ EI Mudo ရဲ ့ေဖာ္ေကာင္လုုပ္ခ်က္အရသိလိုုက္ရၿပီပဲျဖစ္ပါတယ္။
မနွစ္ရာသီကတ္တလန္နိုုင္ငံေရးျပႆနာေတြျဖစ္ပြားေနစဥ္အတြင္း လီယြန္နယ္မက္ဆီဟာဘာစီလိုုနာအသင္းကေနထြက္ခြာဖိုု ့အေသအခ်ာစဥ္းစားေနခဲ့တာျဖစ္တယ္လိုု ့EI Mundo က အခိုုင္အမာေျပာၾကားလိုုက္ပါတယ္။အဆိုုပါသတင္းစာရဲ ့ေဖာ္ျပခ်က္အရ မက္ဆီဟာ ဘာစီလိုုနာရဲ ့ေနသာလွပတဲ့ကမ္းေျခေတြကိုု စြန္ ့ခြာၿပီး မန္ခ်က္စတာကိုုသာေရာက္လာမယ္ဆိုုရင္ ၅နွစ္စာအတြက္ အခြန္အၿပီးအစီးလုုပ္ခလစာ ယူရိုုသန္း၂၅၀ ထိရရိွမွာပဲျဖစ္ပါတယ္။ဒါ့အျပင္ မန္စီးတီးအသင္းဟာ အဆိုုပါအခ်ိန္တုုန္းကမက္ဆီရဲ ့စာခ်ဳပ္ဖ်က္သိမ္းေၾကးအတိုုင္းျဖစ္တဲ့ ယူရိုု သန္း၂၅၀ ကိုုလည္း ဘာကာကိုု ထပ္မံေပးေခ်သြားရမွာပဲျဖစ္ပါတယ္။
အဆိုုပါသတင္းေဆာင္းပါးရဲ ့အဆိုုအရ မက္ဆီရဲ ့အေျပာင္းအေရႊ ့ကိစၥကိုု မန္စီးတီး CEO ၊ဘာကာ ဥကၠဌေဟာင္း ဖာရီရန္ဆိုုရီရန္နိုု၊ မက္ဆီအေဖျဖစ္သူနဲ ့ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မက္ဆီတိုု ့အတူတူေဆြးေႏြးခဲ့ၾကတယ္လိုု ့သိရပါတယ္။ေဂ်ာ ့က အကယ္၍သူဟာ သူ ့သားကိုု နူးကမ့္ကေန အီတီဟဒ္ဆီေျပာင္းလာေအာင္လုုပ္ေဆာင္ေပးနိုုင္ခဲ့ရင္ ေျပာင္းေရႊ ့ေၾကးမွ သန္း၅၀ ကိုု မန္စီးတီးကသူ ့ကိုုေပးရမယ္လိုု ့စီစဥ္ထားခဲ့တာပဲျဖစ္ပါတယ္။ခန္ ့မွန္းခ်က္အရ မန္စီးတီးအသင္းနဲ ့မက္ဆီတိုု ့သေဘာတူညီခ်က္သာရမယ္ဆိုုရင္ အေျပာင္းအေရႊ ့တန္ဖိုုးဟာ အခြန္အၿပီးအစီးဆိုုရင္ ယူရိုု ၇၅၅သန္းေလာက္ မန္စီးတီးတိုု ့ကုုန္က်သြားမွာပဲျဖစ္ပါတယ္။
မေန ့ကပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာေတာ့ မန္စီးတီးနည္းျပပတ္ဂြာဒီယိုုလာက မက္ဆီနဲ ့အသင္းနဲ ့ၾကားဘာသေဘာတူညီခ်က္မွမရိွဘူးလိုု ့ျငင္းဆန္လိုုက္ပါတယ္။ “ ကၽြန္ေတာ္ဘာစီလိုုနာကေနထြက္လာၿပီး ဘိုုင္ယန္ကိုုသြား၊ ၿပီးေတာ့မန္စီးတီးကိုုေရာက္လာထဲက ကၽြန္ေတာ္ၾကိမ္ဖန္မ်ားစြာေျပာၿပီးသားပါ။ကၽြန္ေတာ္ဘယ္ေနရာမွာမန္ေနဂ်ာလုုပ္လုုပ္ မက္ဆီကုုိဘယ္တုုန္းကမွမေခၚခိုုင္းခဲ့ပါဘူး။ကၽြန္ေတာ္ဘယ္တုုန္းကမွဒီကစားသမားကိုုကၽြန္ေတာ္လိုုခ်င္တယ္လိုု ့မေျပာခဲ့ဖူးပါဘူး။ဘယ္ေတာ့မွမေျပာခဲ့ဖူးတာပါ။သူဟာ ဘာကာအတြက္ဘယ္ေလာက္အေရးပါမွန္းကၽြန္ေတာ္သိပါတယ္။ကၽြန္ေတာ္ဒီကစားသမားကိုုလိုုခ်င္တယ္ဆိုုတဲ့ပထမဆံုုးေျခလွမ္းမ်ိဳးကၽြန္ေတာ္ဘယ္တုုန္းကမွမလုုပ္ခဲ့ဖူးပါဘူး။ဘယ္တုုန္းကမွကၽြန္ေတာ္မလုုပ္ခဲ့ပါဘူး။ဒါနဲ့ပတ္သတ္ၿပီးကၽြန္ေတာ္အၾကိမ္၁၀၀၀ေလာက္ေျပာၿပီးပါၿပီ။ကၽြန္ေတာ္သူ ့ကိုုဘာကာမွာပဲဆက္ရိွေစခ်င္ပါတယ္။” လိုု ့ေျပာၾကားခဲ့ပါတယ္။
မက္ဆီဟာ ၂၀၁၇ ႏို၀င္ဘာမွာ ဘာစီလိုုနာအသင္းနဲ ့၄နွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုုခဲ့ပါတယ္။စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ယူရိုုသန္း၇၀၀ထိ ရိွေနပါတယ္။ဒါ့အျပင္စာခ်ဳပ္အသစ္မွာမွတ္သားစရာတစ္ခုုလည္းရိွေနျပန္ပါတယ္။အကယ္၍ ကတ္တလန္ျပည္နယ္သာ စပိန္နိုုင္ငံကေနခြဲထြက္မယ္ဆိုုရင္ေတာ့ မက္ဆီဟာ အလႊတ္ေျပာင္းေရႊ ့ေၾကးျဖင့္ထြက္ခြာခြင့္ရရိွထားၿပီး ဘာစီလိုုနာအသင္းဟာလည္းဥေရာပအဓိကလိပ္ေတြမွာ ပါ၀င္ကစားခြင့္ရေတာ့မွာမဟုုတ္ပါဘူး။
(Unicode)
၂၀၁၇ခုနှစ်ကမက်ဆီကိုတော်တော်လေးများတဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းခဲ့တဲ့မန်စီးတီး
၂၀၁၇ ခုနှစ်တုန်းက မက်ဆီတစ်ယောက် မန်စီးတီးကိုပြောင်းမယ်လို့ကောလဟာလသတင်းထွက်ပေါ်ခဲ့ပြီးနောက် အခုချိန်မှာတော့အဆိုပါသတင်းနဲ့ပတ်သတ်ပြီးအသေးစိတ်အချက်အလက်အစစ်အမှန်တွေကို စပိန်သတင်းစာ EI Mudo ရဲ့ဖော်ကောင်လုပ်ချက်အရသိလိုက်ရပြီပဲဖြစ်ပါတယ်။
မနှစ်ရာသီကတ်တလန်နိုင်ငံရေးပြဿနာတွေဖြစ်ပွားနေစဉ်အတွင်း လီယွန်နယ်မက်ဆီဟာဘာစီလိုနာအသင်းကနေထွက်ခွာဖို့အသေအချာစဉ်းစားနေခဲ့တာဖြစ်တယ်လို့EI Mundo က အခိုင်အမာပြောကြားလိုက်ပါတယ်။အဆိုပါသတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီဟာ ဘာစီလိုနာရဲ့နေသာလှပတဲ့ကမ်းခြေတွေကို စွန့်ခွာပြီး မန်ချက်စတာကိုသာရောက်လာမယ်ဆိုရင် ၅နှစ်စာအတွက် အခွန်အပြီးအစီးလုပ်ခလစာ ယူရိုသန်း၂၅၀ ထိရရှိမှာပဲဖြစ်ပါတယ်။ဒါ့အပြင် မန်စီးတီးအသင်းဟာ အဆိုပါအချိန်တုန်းကမက်ဆီရဲ့စာချုပ်ဖျက်သိမ်းကြေးအတိုင်းဖြစ်တဲ့ ယူရို သန်း၂၅၀ ကိုလည်း ဘာကာကို ထပ်မံပေးချေသွားရမှာပဲဖြစ်ပါတယ်။
အဆိုပါသတင်းဆောင်းပါးရဲ့အဆိုအရ မက်ဆီရဲ့အပြောင်းအရွှေ့ကိစ္စကို မန်စီးတီး CEO ၊ဘာကာ ဥက္ကဌဟောင်း ဖာရီရန်ဆိုရီရန်နို၊ မက်ဆီအဖေဖြစ်သူနဲ့အေးဂျင့်ဖြစ်သူ ဂျော့မက်ဆီတို့အတူတူဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဂျော့က အကယ်၍သူဟာ သူ့သားကို နူးကမ့်ကနေ အီတီဟဒ်ဆီပြောင်းလာအောင်လုပ်ဆောင်ပေးနိုင်ခဲ့ရင် ပြောင်းရွှေ့ကြေးမှ သန်း၅၀ ကို မန်စီးတီးကသူ့ကိုပေးရမယ်လို့စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။ခန့်မှန်းချက်အရ မန်စီးတီးအသင်းနဲ့မက်ဆီတို့သဘောတူညီချက်သာရမယ်ဆိုရင် အပြောင်းအရွှေ့တန်ဖိုးဟာ အခွန်အပြီးအစီးဆိုရင် ယူရို ၇၅၅သန်းလောက် မန်စီးတီးတို့ကုန်ကျသွားမှာပဲဖြစ်ပါတယ်။
မနေ့ကပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက မက်ဆီနဲ့အသင်းနဲ့ကြားဘာသဘောတူညီချက်မှမရှိဘူးလို့ငြင်းဆန်လိုက်ပါတယ်။ “ ကျွန်တော်ဘာစီလိုနာကနေထွက်လာပြီး ဘိုင်ယန်ကိုသွား၊ ပြီးတော့မန်စီးတီးကိုရောက်လာထဲက ကျွန်တော်ကြိမ်ဖန်များစွာပြောပြီးသားပါ။ကျွန်တော်ဘယ်နေရာမှာမန်နေဂျာလုပ်လုပ် မက်ဆီကိုဘယ်တုန်းကမှမခေါ်ခိုင်းခဲ့ပါဘူး။ကျွန်တော်ဘယ်တုန်းကမှဒီကစားသမားကိုကျွန်တော်လိုချင်တယ်လို့မပြောခဲ့ဖူးပါဘူး။ဘယ်တော့မှမပြောခဲ့ဖူးတာပါ။သူဟာ ဘာကာအတွက်ဘယ်လောက်အရေးပါမှန်းကျွန်တော်သိပါတယ်။ကျွန်တော်ဒီကစားသမားကိုလိုချင်တယ်ဆိုတဲ့ပထမဆုံးခြေလှမ်းမျိုးကျွန်တော်ဘယ်တုန်းကမှမလုပ်ခဲ့ဖူးပါဘူး။ဘယ်တုန်းကမှကျွန်တော်မလုပ်ခဲ့ပါဘူး။ဒါနဲ့ပတ်သတ်ပြီးကျွန်တော်အကြိမ်၁၀၀၀လောက်ပြောပြီးပါပြီ။ကျွန်တော်သူ့ကိုဘာကာမှာပဲဆက်ရှိစေချင်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ၂၀၁၇ နိုဝင်ဘာမှာ ဘာစီလိုနာအသင်းနဲ့၄နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရိုသန်း၇၀၀ထိ ရှိနေပါတယ်။ဒါ့အပြင်စာချုပ်အသစ်မှာမှတ်သားစရာတစ်ခုလည်းရှိနေပြန်ပါတယ်။အကယ်၍ ကတ်တလန်ပြည်နယ်သာ စပိန်နိုင်ငံကနေခွဲထွက်မယ်ဆိုရင်တော့ မက်ဆီဟာ အလွှတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ရရှိထားပြီး ဘာစီလိုနာအသင်းဟာလည်းဥရောပအဓိကလိပ်တွေမှာ ပါဝင်ကစားခွင့်ရတော့မှာမဟုတ်ပါဘူး။
Post a Comment