စေနေန ့ညေနပိုုင္းေနာက္ဆံုုးရသတင္းတိုုမ်ားစုုစည္းမႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္ကြင္းလယ္လူရမ္ေဆးကိုေခၚယူဖိုု ့PSG အသင္းကိုုအာဆင္၀င္းဂါးတစ္ေယာက္အၾကံေပးထားေၾကာင္းသိရပါတယ္။
ဘာစီလိုုနာအသင္းကအသင္းကြင္းလယ္လူရာကီတစ္ဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ အဂၤလန္အသင္းနဲ ့ပြဲကိုုလြဲေခ်ာ္မွာျဖစ္တယ္လိုု ့အတည္ျပဳေျပာၾကားခဲ့ပါတယ္။
မန္ယူနိုုက္တက္ကြင္းလယ္လူေပါ့ဘာဟာဒူဘိုုင္းမွာ ဘာကာစတားမက္ဆီနဲ ့ေတြ ့ဆံုုခဲ့ၿပီးေနာက္ဘာစီလုုိနာအသင္းကိုုေျပာင္းေရႊ ့ေတာ့မယ္ဆိုုတဲ့သတင္းေတြဟာျပန္လည္ျမွင့္တက္လာခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
စပိန္ပရိတ္သတ္မ်ားက အသင္းရဲ့ပထမဦးစားေပးဂိုုးသမားေနရာမွာ ဒီဂီယာ၊ကီပါ နဲ့ပါယူတိုုထက္ ကာဆီလက္စ္ကိုုအသံုုးျပဳဖိုု ့သာလိုုလားေနေၾကာင္းသိရပါတယ္။
ျပင္သစ္အသင္းေခါင္းေဆာင္ဟူဂိုုလိုုရစ္က ျပင္သစ္အသင္းဟာနယ္သာလန္အသင္းကိုု ၂-၀ ရလဒ္ျဖင့္သာရံႈးခဲ့တာဟာ ကံေကာင္းတယ္လိုု ့ဆိုုရမယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
(Unicode)
စနေနေ့ညနေပိုင်းနောက်ဆုံးရသတင်းတိုများစုစည်းမှု
အာဆင်နယ်ကွင်းလယ်လူရမ်ဆေးကိုခေါ်ယူဖို့PSG အသင်းကိုအာဆင်ဝင်းဂါးတစ်ယောက်အကြံပေးထားကြောင်းသိရပါတယ်။
ဘာစီလိုနာအသင်းကအသင်းကွင်းလယ်လူရာကီတစ်ဟာတံကောက်ကြောဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ပွဲကိုလွဲချော်မှာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။
မန်ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာဟာဒူဘိုင်းမှာ ဘာကာစတားမက်ဆီနဲ့တွေ့ဆုံခဲ့ပြီးနောက်ဘာစီလိုနာအသင်းကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေဟာပြန်လည်မြှင့်တက်လာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
စပိန်ပရိတ်သတ်များက အသင်းရဲ့ပထမဦးစားပေးဂိုးသမားနေရာမှာ ဒီဂီယာ၊ကီပါ နဲ့ပါယူတိုထက် ကာဆီလက်စ်ကိုအသုံးပြုဖို့သာလိုလားနေကြောင်းသိရပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟူဂိုလိုရစ်က ပြင်သစ်အသင်းဟာနယ်သာလန်အသင်းကို ၂-၀ ရလဒ်ဖြင့်သာရှုံးခဲ့တာဟာ ကံကောင်းတယ်လို့ဆိုရမယ်လို့ပြောကြားလိုက်ပါတယ်။
Post a Comment