Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဂိုးတွေပေးခဲ့ရသော်လည်းအကောင်းဆုံးကာကွယ်ခဲ့ကြတဲ့ဘာ့လီနိုနဲ့အယ်လီဆန်
မနေ့ညကကစားခဲ့ကြတဲ့ အာဆင်နယ်နဲ့လီဗာပူးလ်တို့ရဲ့သရေကျတဲ့ပွဲမှာ ၂ဖက်ဂိုးသမားတွေဖြစ်ကြတဲ့ ဘာ့ဒ်လီနိုနဲ့အယ်လီဆန်တို့ရဲ့ပေးလိုက်ရတဲ့ဂိုးတွေအတွက်နေရာယူပုံမှားယွင်းခဲ့တဲ့အပေါ်မေးခွန်းထုတ်စရာဖြစ်နေခဲ့သော်လည်းအကောင်းဆုံးတွေလုပ်ဆောင်ခဲ့ကြပါတယ်။
ဂိုးပေးလိုက်ရတဲ့အခြေအနေ၂ရပ်လုံးမှာ ဂိုးသမား၂ယောက်လုံးဟာ ကန်သွင်းတဲ့ဘောလုံးကိုဟန့်တားဖို့ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပါဘူး။လီဗာပူးလ်ရဲ့သွင်းဂိုးမှာတော့ မာနေးရဲ့ပယ်နယ်တီဧရိယာအတွင်းဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဂျာမန်ဂိုးသမားလီနိုကို တက်ဖြတ်ထိုးခဲ့သော်လည်း နောက်ပြန်ဆုတ်ဖို့နောက်ကျခဲ့ပြီး သူ့ရောက်နေတဲ့နေရာဟာ ဘောလုံးဖမ်းဖို့ဖြစ်နိုင်သော်လည်း တကယ်ဖမ်းပြီး ပုတ်ထုတ်ဖို့ကျတကယ်မမှီတော့ပါဘူး။
အကယ်၍သူသာပုတ်မထုတ်ခဲ့ဘူးဆိုရင် အဆိုပါဖြတ်တင်ဘောဟာ မိုဟာမက်ဆာလာဆီရောက်နိုင်ပြီးလေ ျှာထိုးသွင်းယူနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်သူက ဘောလုံးလမ်းကြောင်းကိုဖြတ်တောက်ခဲ့တာဖြစ်ပြီး သူတတ်နိုင်သလောက်ဘောလုံးကိုလမ်းလွှဲသွားအောင်လုပ်ဆောင်ခဲ့ပြီး သူ့အသင်းဖော်တွေထဲကတစ်ယောက်ဘောလုံးရသွားစေလိုတဲ့မေ ျှာ်လင့်ချက်ဖြင့်လုပ်ဆောင်ခဲ့တာပါ။ဘောလုံးကို ထိုးထုတ်တာဟာ သူ့အတွက်မေးခွန်းထုတ်စရာဖြစ်ခဲ့တဲ့အကြောင်းအရင်းကတော့ သူဟာဘောလုံးကိုလုံလုံလောက်လောက်မထိခဲ့ပဲ စွန့်စားသလိုဖြစ်ခဲ့တာပါ။နောက်ထပ်နည်းလမ်းတစ်လမ်းကတော့ သူ့ရဲ့ဘယ်ဘက်လက်တစ်ဖက်နဲ့အဆိုပါဘောလုံးကို အားပါပါ အဝေးကိုတွန်းထုတ်လိုက်နိုင်တာပဲဖြစ်ပါတယ်။ပြန်တွေးကြည့်မယ်ဆိုရင် ဂိုးမှာပဲနေပါလို့အလွယ်တကူပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာဂိုးတစ်ဂိုးပေးလိုက်ရလို့ပါပဲ။ဒါပင်မယ့်လည်း ဂိုးသမားအများစုဟာ ဖြတ်တင်ဘောတွေရဲ့အခြေအနေလမ်းကြောင်းတွေပေါ် သက်ရောက်မှုရှိအောင်ကြိုးစာချင်နေကြတာပဲဖြစ်ပါတယ်။တကယ်တမ်းကျ လီနိုရဲ့ပုတ်ထုတ်လိုက်တဲ့ဘောလုံးဟာ နောက်ခံလူဟိုလ်ဒင်းခြေထောက်နဲ့ထိပြီး မီလ်နာဆီရောက်သွားလို့ဂိုးရသွားတာဖြစ်ကာ အကယ်၍ ဟိုလ်ဒင်းနဲ့သာမထိဘူးဆိုရင်ဘောလုံးဟာ ကိုလာဆီနစ်ဆီရောက်မှာဖြစ်ပြီး ရှင်းရှင်းလင်းလင်းဖြတ်ထုတ်ခွင့်ရနိုင်ပါတယ်။
နောက်ထပ်တစ်ချက်ကတော့ သူဟာ မီနာလ်ရဲ့ကန်သွင်းတဲ့ဘောလုံးလမ်းကြောင်းကိုမမှန်းနိုင်ခဲ့ပါဘူး။ဆိုလိုတာက ဒီဂိုးကိုသူဖမ်းလို့ရပါတယ်။ဒါပင်မယ့်လည်းသူဟာ ဘယ်ဘက်ကို ဒိုက်အရင်ထိုးလိုက်တာကြောင့်မီလ်နာကို ညာဘက်အခြမ်းဘက်ဂိုးသွင်းနိုင်အောင်အခွင့်ပေးလိုက်သလိုဖြစ်နေပြီး သူ့ဘေးကနေဘောလုံးကဖြတ်သွားတာပဲဖြစ်ပါတယ်။သူဟာ သူ့ရဲ့ဘယ်ဘက်အခြမ်းအတွက် နောက်ခံလူဟိုလ်ဒင်းကိုယုံကြည်သင့်ပြီး ညာဘက်ခြမ်းကိုသူဟာအာရုံစိုက်လိုက်ပါက ဂိုးကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
အယ်လီဆန်ဖမ်းတဲ့နေရာမှာလည်းသူ့ရဲ့တုံ့ပြန်ပုံကမှန်ပါတယ်။အီဝိုဘီရဲ့ပေးပို့မှုက လာကာဇက်အတွက်အကောင်းဆုံးဖြစ်ခဲ့ပြီး သူက ပြေးထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကို ဘရာဇီးဂိုးသမားကဟန့်တားဖို့ကြိုးစားခဲ့တာမှန်ကန်တဲ့လုပ်ရပ်ပါ။ဒါပင်မယ့်လည်း အယ်လီဆန်ဟာ လာကာဇက်ကန်သွင်းတဲ့ဂိုးကို သူ့ရဲ့နေရာမှန်ပြန်ယူမှုနောက်ကျမှုကြောင့် ချေပဂိုးခွင့်ပြုလိုက်ရတာပဲဖြစ်ပါတယ်။သို့သော်လည်းပဲဒါဟာ အာဆင်နယ်တိုက်စစ်မှူးလာကာဇက်ရဲ့အကွက်မြင်မှုနဲ့အဆုံးသတ်ကောင်းတဲ့စွမ်းဆောင်ရည်ကြောင့်လို့ဆိုနိုင်ပါတယ်။အယ်လီဆန်ဟာ သူ့နေရာကို ဘာလို့ပြန်မယူတာလဲမေးခွန်းထုတ်စရာပါ။ဒါပင်မယ့်လည်း သူ့ရဲ့ရှေ့မှာအလက်ဇန်းဒါးအာနိုးလ်ရောက်လာတာကြောင့် အဆိုပါသွင်းဂိုးကို မမြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်။အလက်ဇန်းဒါးအာနိုးလ်သာ အဲ့နေရာမှာမရှိနေရင် အယ်လီဆန်လည်း လာကာဇက်ကို လိုက်လံဖိအားပေးပိတ်ဆို့ထားနိုင်မှာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.