Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








(Unicode)

တနင်္ဂနွေနေ့ဟော့အဖြစ်ဆုံးနောက်ဆုံးရသတင်းများစုစည်းမှု

အင်္ဂလန်တိုက်စစ်မှူးဟောင်းဝိန်းရွန်းနီက လက်ရှိအင်္ဂလန်အသင်းရဲ့တိုးတက်အောင်မြင်လာမှုတွေအပေါ်အရင်ကစားသမားဟောင်းတွေမနာလိုအားကျဖြစ်နေကြကြောင်းဝန်ခံပြောကြားလိုက်ပြီးအဲ့ကစားသမားတွေထဲသူမပါဘူးလို့ပြောကြားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ ချဲလ်ဆီးနောက်ခံလူကာဟေးလ်ကိုခေါ်ယူဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာအသင်းကနေထွက်ခွာဖို့ရှိနေတဲ့ ဂိုးသမားဒီဂီယာကိုအစားထိုးဖို့အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကို ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာက သူပယ်နယ်တီသွင်းခါနီး ခြေလှမ်းနှေးနှေးလေးလှမ်းနေတာဟာ လိပ်တစ်ကောင်လိုနှေးနေတာမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်းဂယ်လ်ဗာတိုဆေးလ်ဗားက ယူနိုက်တက်ကွင်းလယ်လူဖရဒ်မှာခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးရှိနေတာကြောင်းမကြာမီယူနိုက်တက်အသင်းနဲ့အတူအောင်မြင်မှုတွေပြန်ယူလာလိမ့်မယ်လို့ချီးကျူးပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အီတီဟဒ်ကွင်းကို နောက်ထပ်ခုံတန်း ၆၃၀၀၀ထိထပ်မံတိုးချဲ့ဖို့အတွက် ပရိတ်သတ်များနဲ့ဆွေးနွေးနေကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းနဲ့စပါးအသင်းတိုက်စစ်မှူးဟာရီကိန်းက တော့တင်ဟမ်ကွင်းလယ်လူဟောင်း ခရိုအေးရှားအသင်းနဲ့ရီးရဲလ်ကွင်းလယ်လူလူကာမိုဒရစ်ဟာ သူလက်ရှိရယူထားတဲ့တစ်ဦးချင်းဆုတွေဟာသူနဲ့ထိုက်တန်မှုရှိကြောင်းပြောကြားလိုက်ပါတယ်။

No comments

Powered by Blogger.