Header Ads


နည္းျပေမာ္ရင္ဟိုုရဲ ့ေ၀ဖန္ခ်က္ေတြကိုုပညာသားပါပါတံုုျပန္လိုုက္တဲ့လုုခ္ေရွာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုုတစ္ေယာက္သူ ့အသင္းရဲ ့ကစားသမားေလးေယာက္အေပၚေတာ္ေတာ္ေလးျပစ္ျပစ္နွစ္နွစ္ေ၀ဖန္လိုုက္ၿပီးေနာက္ အသင္းရဲ ့ေနာက္ခံလူလုုခ္ေရွာတစ္ေယာက္က ေမာ္ရင္ဟိုုကိုုပညာသားပါပါ တံုု ့ျပန္ေျပာၾကားလိုုက္ပါတယ္။

အရင္ခ်ဲလ္ဆီးနည္းျပေဟာင္းက လုုခ္ေရွာ၊မာကပ္စ္ရပ္ဖိုု ့ဒ္၊ဂ်က္ဆီလင္ဂတ္နဲ့အန္တိုုနီမာရွယ္စတဲ့ကစားသမား၄ေယာက္ကိုု ၿပီးခဲ့တဲ့အပတ္က အဓိကထားေ၀ဖန္ခဲ့ပါတယ္။သူေျပာလိုုက္တာက ဒီေခတ္ေကာင္ေလးေတြဟာ မိဘကအလိုုလိုုက္လိုု ့ပ်က္စီးေနတဲ့ ကေလးေတြနဲ့တူတယ္လိုု ့ေျပာခဲ့ၿပီး အရင္ကစားသမားေဟာင္းေတြနဲ ့နိႈင္းယွဥ္ၾကည့္ရင္း သူတိုု ့ေလးေတြရဲ ့ပတ္၀န္းက်င္အေနအထိုုင္ဟာအရမ္းကိုုသက္ေသာင့္သက္သာလြယ္ကူေနတယ္လိုု ့ဆိုလိုုက္တာပဲျဖစ္ပါတယ္။

ဒါကိုု အသက္၂၃နွစ္အရြယ္အဂၤလန္ဘယ္ေနာက္ခံလုုခ္ေရွာက သူ ့မန္ေနဂ်ာရဲ ့မွတ္ခ်က္ခ်တဲ့အေပၚ မေက်မနပ္ျဖစ္ေနပါတယ္။ကၽြန္ေတာ္ဟာ ေပ်ာ္တတ္တဲ့လူပါ။သူအတိတ္ကေျပာခဲ့တဲ့အရာေတြနဲ ့ပတ္သတ္ၿပီးကၽြန္ေတာ့္အတြက္ၾကီးမားတဲ့ စိန္ေခၚမႈျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ၿပီးခဲ့တဲ့ ၂နွစ္အတြင္းေပါ့။သူတစ္ေန ့ကေျပာခဲ့တာကေတာ့ မ်ိဳးဆက္တစ္ဆက္ထက္ပိုုသြားပါၿပီး။ကၽြန္ေတာ္တိုု ့ကိုု ဒဲ့ရည္ညႊန္းၿပီး ေျပာတယ္လိုု ့ေတာ့မထင္ပါဘူး။သူေျပာေနတာကသူ ့ေခတ္တုုန္းကနဲ ့ဆန္ ့က်င္ဘက္ အခုုေခတ္မ်ိဳးဆက္သစ္ေလးေတြကိုုေျပာေနတာပါ။” 

ခင္ဗ်ားဟာမန္ေနဂ်ာအတြက္ကစားေပးဖိုု ့ဆိုုရင္အေရထူဖိုု ့လိုုပါတယ္။ဒါပင္မယ့္အသင္းအတြက္ေတာ့ ၁၀၀ ရာခိုုင္နႈန္းေပါ့။ဘာလိုု ့လဲဆိုုေတာ့ကလပ္ဟာကမာၻေပၚမွာအၾကီးက်ယ္ဆံုုးျဖစ္ေနလိုု ့ပါ။ကၽြန္ေတာ္တိုု ့လိုုကစားသမားတြအေနနဲ ့လည္းအသင္းအတြက္တိုုက္ခိုုက္ေပးဖိုု ့ဘုုတ္အဖြဲမွာေျပာတဲ့စကားေတြကိုုအေလးထားဖိုု ့မန္ေနဂ်ာ၊ပရိတ္သတ္ေတြနဲ ့ကလပ္အတြက္ကစားေပးဖိုု ့ျဖစ္ရပါမယ္။

စပယ္ရွယ္၀မ္းကေတာ့ သူ ့အေနနဲ့ ယူႏိုုက္တက္လူငယ္ကစားသမားေတြဆီကအေကာင္းဆံုုးေတြရသင့္တယ္လိုု ့ထင္ျမင္ေနတယ္လိုု ့ေတာ့သိရပါတယ္။

သူတိုု ့မွာရင့္က်က္မႈေတြေပ်ာက္ဆံုုးေနပါတယ္။ကၽြန္ေတာ္ဆိုုလိုုတဲ့ရင့္က်က္မႈဆိုုတာ ကိုုယ္ရည္ကိုုယ္ေသြးအဆင့္ကိုုေျပာတာပါ။ကၽြန္ေတာ္တိုု ့မွာလူေတြအမ်ားၾကီးရိွေနပါတယ္။ကၽြန္ေတာ္တိုု ့ဟာပိုရင့္က်က္ဖိုု ့လိုုပါတယ္။ကၽြန္ေတာ္တိုု ့ဘ၀ေတြကိုုပိုုျပင္ဆင္ဖိုု ့လိုုပါတယ္။ကၽြန္ေတာ္တိုု ့ေတြဟာ လံုုျခံဳမႈေတြနည္းေနပါတယ္။အခုုေခတ္သူတိုု ့ေလးေတြဟာ ကေလးဆိုုးေတြလိုုျဖစ္ေနပါတယ္။ဒီေခတ္ကေလးေတြရဲ ့မွာကြဲျပားျခားနားတဲ့ဘ၀ေတြရိွေနပါတယ္။ပတ္၀န္းက်င္ကလည္းလြယ္ကူေနပါတယ္။ကၽြန္ေတာ္ေျပာေနတာက ကစားသမားေတြေဘးက လူေတြအေၾကာင္းကိုုပါ။လုုခ္ေရွာဆိုုရင္ သူ ့မွာအရမ္းၾကီးေကာင္းတဲ့အခ်ိန္ရိွေနပါတယ္။ဒါပင္မယ့္သူဘယ္လုုိျပဳမူရမလဲမသိပါဘူး။တကယ့္ၾကီးမားတဲ့အလားအလာရိွေနတာပါ။တကယ့္အလားအလာပါ။” 

ကၽြန္ေတာ္ေျပာေနတာက လုုခ္ေရွာ၊မာရွယ္၊လင္ဂတ္၊ရပ္ဖိုု ့ဒ္တိုု ့အေၾကာင္းပါ။ ငယ္ရြယ္ၾကတယ္။ေအာင္ျမင္ဖိုု ့အလားအလာအျမားၾကီးရိွေနပါတယ္။ဒါပင္မယ့္ေနာက္ဆံုုးမွာေတာ့ရလဒ္က ကၽြန္ေတာ္ေဖာ္မျပနိုုင္ေလာက္ေအာင္ျဖစ္သြားေစပါတယ္။ဒါပင္မယ့္ခင္ဗ်ားဒီမွာေတြ ့နိုုင္တာရိွပါတယ္။ အျပဳအမူ ေတြ ကိုုယ္ရည္ကိုုယ္ေသြးေတြ၊ သူတိုု ့အနည္းငယ္ေပ်ာက္ဆံုးေနၾကပါတယ္။လိုု ့ေမာ္ရင္ဟိုုကေ၀ဖန္ခဲ့တာပဲျဖစ္ပါတယ္။


ေမာ္ရင္ဟိုုတစ္ေယာက္ဘာေတြတိုုင္ပတ္ေနတာလဲ?

(Unicode)

နည်းပြမော်ရင်ဟိုရဲ့ဝေဖန်ချက်တွေကိုပညာသားပါပါတုံပြန်လိုက်တဲ့လုခ်ရှော


မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုတစ်ယောက်သူ့အသင်းရဲ့ကစားသမားလေးယောက်အပေါ်တော်တော်လေးပြစ်ပြစ်နှစ်နှစ်ဝေဖန်လိုက်ပြီးနောက် အသင်းရဲ့နောက်ခံလူလုခ်ရှောတစ်ယောက်က မော်ရင်ဟိုကိုပညာသားပါပါ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

အရင်ချဲလ်ဆီးနည်းပြဟောင်းက လုခ်ရှော၊မာကပ်စ်ရပ်ဖို့ဒ်၊ဂျက်ဆီလင်ဂတ်နဲ့အန်တိုနီမာရှယ်စတဲ့ကစားသမား၄ယောက်ကို ပြီးခဲ့တဲ့အပတ်က အဓိကထားဝေဖန်ခဲ့ပါတယ်။သူပြောလိုက်တာက ဒီခေတ်ကောင်လေးတွေဟာ မိဘကအလိုလိုက်လို့ပျက်စီးနေတဲ့ ကလေးတွေနဲ့တူတယ်လို့ပြောခဲ့ပြီး အရင်ကစားသမားဟောင်းတွေနဲ့နှိုင်းယှဉ်ကြည့်ရင်း သူတို့လေးတွေရဲ့ပတ်ဝန်းကျင်အနေအထိုင်ဟာအရမ်းကိုသက်သောင့်သက်သာလွယ်ကူနေတယ်လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။

ဒါကို အသက်၂၃နှစ်အရွယ်အင်္ဂလန်ဘယ်နောက်ခံလုခ်ရှောက သူ့မန်နေဂျာရဲ့မှတ်ချက်ချတဲ့အပေါ် မကျေမနပ်ဖြစ်နေပါတယ်။ “ ကျွန်တော်ဟာ ပျော်တတ်တဲ့လူပါ။သူအတိတ်ကပြောခဲ့တဲ့အရာတွေနဲ့ပတ်သတ်ပြီးကျွန်တော့်အတွက်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ပြီးခဲ့တဲ့ ၂နှစ်အတွင်းပေါ့။သူတစ်နေ့ကပြောခဲ့တာကတော့ မျိုးဆက်တစ်ဆက်ထက်ပိုသွားပါပြီး။ကျွန်တော်တို့ကို ဒဲ့ရည်ညွှန်းပြီး ပြောတယ်လို့တော့မထင်ပါဘူး။သူပြောနေတာကသူ့ခေတ်တုန်းကနဲ့ဆန့်ကျင်ဘက် အခုခေတ်မျိုးဆက်သစ်လေးတွေကိုပြောနေတာပါ။” 

“ ခင်ဗျားဟာမန်နေဂျာအတွက်ကစားပေးဖို့ဆိုရင်အရေထူဖို့လိုပါတယ်။ဒါပင်မယ့်အသင်းအတွက်တော့ ၁၀၀ ရာခိုင်နှုန်းပေါ့။ဘာလို့လဲဆိုတော့ကလပ်ဟာကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးဖြစ်နေလို့ပါ။ကျွန်တော်တို့လိုကစားသမားတွအနေနဲ့လည်းအသင်းအတွက်တိုက်ခိုက်ပေးဖို့ဘုတ်အဖွဲမှာပြောတဲ့စကားတွေကိုအလေးထားဖို့မန်နေဂျာ၊ပရိတ်သတ်တွေနဲ့ကလပ်အတွက်ကစားပေးဖို့ဖြစ်ရပါမယ်။

စပယ်ရှယ်ဝမ်းကတော့ သူ့အနေနဲ့ ယူနိုက်တက်လူငယ်ကစားသမားတွေဆီကအကောင်းဆုံးတွေရသင့်တယ်လို့ထင်မြင်နေတယ်လို့တော့သိရပါတယ်။

“ သူတို့မှာရင့်ကျက်မှုတွေပျောက်ဆုံးနေပါတယ်။ကျွန်တော်ဆိုလိုတဲ့ရင့်ကျက်မှုဆိုတာ ကိုယ်ရည်ကိုယ်သွေးအဆင့်ကိုပြောတာပါ။ကျွန်တော်တို့မှာလူတွေအများကြီးရှိနေပါတယ်။ကျွန်တော်တို့ဟာပိုရင့်ကျက်ဖို့လိုပါတယ်။ကျွန်တော်တို့ဘဝတွေကိုပိုပြင်ဆင်ဖို့လိုပါတယ်။ကျွန်တော်တို့တွေဟာ လုံခြုံမှုတွေနည်းနေပါတယ်။အခုခေတ်သူတို့လေးတွေဟာ ကလေးဆိုးတွေလိုဖြစ်နေပါတယ်။ဒီခေတ်ကလေးတွေရဲ့မှာကွဲပြားခြားနားတဲ့ဘဝတွေရှိနေပါတယ်။ပတ်ဝန်းကျင်ကလည်းလွယ်ကူနေပါတယ်။ကျွန်တော်ပြောနေတာက ကစားသမားတွေဘေးက လူတွေအကြောင်းကိုပါ။လုခ်ရှောဆိုရင် သူ့မှာအရမ်းကြီးကောင်းတဲ့အချိန်ရှိနေပါတယ်။ဒါပင်မယ့်သူဘယ်လိုပြုမူရမလဲမသိပါဘူး။တကယ့်ကြီးမားတဲ့အလားအလာရှိနေတာပါ။တကယ့်အလားအလာပါ။” 

“ ကျွန်တော်ပြောနေတာက လုခ်ရှော၊မာရှယ်၊လင်ဂတ်၊ရပ်ဖို့ဒ်တို့အကြောင်းပါ။ ငယ်ရွယ်ကြတယ်။အောင်မြင်ဖို့အလားအလာအမြားကြီးရှိနေပါတယ်။ဒါပင်မယ့်နောက်ဆုံးမှာတော့ရလဒ်က ကျွန်တော်ဖော်မပြနိုင်လောက်အောင်ဖြစ်သွားစေပါတယ်။ဒါပင်မယ့်ခင်ဗျားဒီမှာတွေ့နိုင်တာရှိပါတယ်။ အပြုအမူ တွေ ကိုယ်ရည်ကိုယ်သွေးတွေ၊ သူတို့အနည်းငယ်ပျောက်ဆုံးနေကြပါတယ်။” လို့မော်ရင်ဟိုကဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။

မော်ရင်ဟိုတစ်ယောက်ဘာတွေတိုင်ပတ်နေတာလဲ?

No comments

Powered by Blogger.