Header Ads


ဒီဂီယာကို ဇန္နဝါရီေစ်းကြက္မွာလက္မလႊတ္ရဖို႔ ယူနိုက္တက္ဘာေတြလုပ္ေဆာင္ေနလဲ?

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယန္းဘြိဳင္နဲ႕ပြဲမွာ အေရးပါတဲ့ကယ္တင္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့တဲ့ ဒီဂီယာဟာ ယူနိုက္တက္အတြက္ေတာ့ အေရးပါတဲ့ေနရာမွာရွိေနပါတယ္။ယန္းဘြိဳင္ကို နိုင္ခဲ့လို ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္ကို  တက္ေရာက္ခဲ့ျပီျဖစ္ပါတယ္။

နိုင္ငံအသင္းအတြက္ လက္စြမ္းပိုင္းက ေမးခြန္းထုတ္စရာျဖစ္ေနေပမယ့္28နွစ္အရြယ္ဒီဂီယာကို PSGအသင္းက ေခၚယူလိုေနပါတယ္။ဒါေျကာင့္ ေမာ္ရင္ဟိုက စပိန္သားကို ကာလရွည္သက္တမ္းတိုးလိုေနတာပါ။BBC သတင္းေတြအရေတာ့ ဇန္နဝါရီေစ်းကြက္မွာ အနာဂတ္မတည္မျငိမ္ ျဖစ္ေနတာေျကာင့္ ယူနိုက္တက္ဘုတ္အဖြဲ႕က အလ်ွင္အျမန္ တစ္နွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္လိုေနပါတယ္။


သူ႔ရဲ႕စာခ်ဳပ္ဟာ ေႏြရာသီမွာသက္တမ္းကုန္ဆံုးမွာျဖစ္တာေျကာင့္ စည္းမ်ဥ္းေတြအရ ေဆာင္းေစ်းကြက္မွာ အသင္းသစ္နဲ႔ျကိုတင္သေဘာတူစာခ်ဳပ္,ခ်ဳပ္ခြင့္ရွိေနပါတယ္။



''သူက ကမာၻ ့အဆင့္ဂိုးသမားတစ္ေယာက္ပါ။ကမာၻ ့အေကာင္းဆံုးေတာင္ျဖစ္နိုင္ပါတယ္။တကယ္လို႔ အသင္းျကီးတစ္သင္းအေနနဲ႔ ဆုဖလားေတြဆြတ္ခူးခ်င္ရင္ ဒီလိုဂိုးသမားရွိဖို႔လိုပါတယ္။သူဒီမွာေပ်ာ္ရႊင္ေနျပီး ဒီမွာဆက္ေနခ်င္တယ္ဆိုတာက်ေနာ္ သိထားပါတယ္။ဘုတ္အဖြဲ႔ကလည္း ဒါကို လုပ္ေဆာင္ေနပါတယ္''လို႔ေမာ္ရင္ဟိုကေတာ့ ယန္းဘြိဳင္နဲ႔ပြဲအျပီး ဒီဂီယာကို အခုလိုမွ ခ်ီးက်ဴးသြားခဲ့ပါတယ္။သူမန္ခ်က္စတာမွာဆက္ရွိေနမလားေစာင့္ျကည့္ရမွာပါပဲ။

(Unicode)

ဒီဂီယာကို ဇန်နဝါရီဈေးကွက်မှာလက်မလွှတ်ရဖို့ ယူနိုက်တက်ဘာတွေလုပ်ဆောင်နေလဲ?

ယန်းဘွိုင်နဲ့ပွဲမှာ အရေးပါတဲ့ကယ်တင်မှုအချို့ ပြုလုပ်ခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက်အတွက်တော့ အရေးပါတဲ့နေရာမှာရှိနေပါတယ်။ယန်းဘွိုင်ကို နိုင်ခဲ့လို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို  တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံအသင်းအတွက် လက်စွမ်းပိုင်းက မေးခွန်းထုတ်စရာဖြစ်နေပေမယ့်28နှစ်အရွယ်ဒီဂီယာကို PSGအသင်းက ခေါ်ယူလိုနေပါတယ်။ဒါကြောင့် မော်ရင်ဟိုက စပိန်သားကို ကာလရှည်သက်တမ်းတိုးလိုနေတာပါ။BBC သတင်းတွေအရတော့ ဇန်နဝါရီဈေးကွက်မှာ အနာဂတ်မတည်မငြိမ် ဖြစ်နေတာကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့က အလျှင်အမြန် တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်လိုနေပါတယ်။

သူ့ရဲ့စာချုပ်ဟာ နွေရာသီမှာသက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် စည်းမျဉ်းတွေအရ ဆောင်းဈေးကွက်မှာ အသင်းသစ်နဲ့ကြိုတင်သဘောတူစာချုပ်,ချုပ်ခွင့်ရှိနေပါတယ်။


''သူက ကမ္ဘာ့အဆင့်ဂိုးသမားတစ်ယောက်ပါ။ကမ္ဘာ့အကောင်းဆုံးတောင်ဖြစ်နိုင်ပါတယ်။တကယ်လို့ အသင်းကြီးတစ်သင်းအနေနဲ့ ဆုဖလားတွေဆွတ်ခူးချင်ရင် ဒီလိုဂိုးသမားရှိဖို့လိုပါတယ်။သူဒီမှာပျော်ရွှင်နေပြီး ဒီမှာဆက်နေချင်တယ်ဆိုတာကျနော် သိထားပါတယ်။ဘုတ်အဖွဲ့ကလည်း ဒါကို လုပ်ဆောင်နေပါတယ်''လို့မော်ရင်ဟိုကတော့ ယန်းဘွိုင်နဲ့ပွဲအပြီး ဒီဂီယာကို အခုလိုမှ ချီးကျူးသွားခဲ့ပါတယ်။သူမန်ချက်စတာမှာဆက်ရှိနေမလားစောင့်ကြည့်ရမှာပါပဲ။

No comments

Powered by Blogger.