Header Ads


ဂ်က္ဆီလင္ဂတ္ရဲ ့လက္ဦးဆရာကဘယ္သူျဖစ္မလဲလိုု ့ထင္ပါသလဲ??






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


















(Unicode)

ဂျက်ဆီလင်ဂတ်ရဲ့လက်ဦးဆရာကဘယ်သူဖြစ်မလဲလို့ထင်ပါသလဲ??




2003 ခုနှစ် နွေရာသီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာငယ်ရွယ်ပြီးအရည်အသွေးပြည့်ဝတဲ့ကစားသမားတစ်ယောက်ကို ခေါ်ယူခဲ့ပါတယ်။သူကတော့ခရစ်စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။


သရဲနီအသင်းဟာရာသီကြိုပွဲစဉ်မှာ စပို့စ်တင်းအသင်းနဲ့ချစ်ကြည်ရေးပွဲကစားပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်ဟာ စပို့စ်တင်းရဲ့အသက်၁၈နှစ်အရွယ်ကစားသမားလေးကို အိုထရက်ဖို့ဒ်ဆီခေါ်လာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

သဘောတူညီချက်အရပြောင်းရွှေ့ကြေးဟာပေါင် ၁၂သန်းဝန်ကျင်သာရှိခဲ့သော်လည်း အဲ့ခေတ်တုန်းကဆိုရင်တော့ ဆယ်ကျော်သက်လူငယ်ကစားသမားလေးအတွက်အဆိုပါတန်ဖိုးဟာအတော်လေးဈေးများနေတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်သူတို့ကစားသမားအသစ်ကိုပွဲထုတ်တဲ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာအနာဂတ်ဘော်လွန်ဒီအော်ဆုရှင်ဖြစ်လာမယ့်သူကို အသင်းအကယ်ဒမီကစားသမားလေးတွေအား သူ့ရဲ့အရည်အသွေးစကေးတွေကိုသင်ကြားပြသစေခဲ့ပါတယ်။

အဆိုပါလူငယ်အုပ်စုထဲမှာ အနာဂတ်အတွက် နိုင်ငံလက်ရွေးစင်ကစားသမားဖြစ်လာမယ့်သူတစ်ယောက်ပါလို့နေပါတယ်။သူကတော့ အခုအချိန်မန်ချက်စတာယူနိုက်တက်အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ အရေးပါတဲ့ကစားသမားဖြစ်နေတဲ့ အသက်၁၀နှစ်အရွယ်ဂျက်ဆီလင်ဂတ်ပဲဖြစ်ပါတယ်။
အောက်ကဗီဒီယိုရုပ်သံမှာလူငယ်ကစားသမားလေးရိုနယ်ဒိုက ကစားပွဲတွေမှာသူ့ရဲ့သန်မာကြံ့ခိုင်ပုံတွေကိုပြောပြနေတာပဲဖြစ်ပါတယ်။ “ ဒါကကျွန်တော်ကစားတဲ့ပုံစံတစ်ခုပဲလို့ထင်ပါတယ်။Maderia မှာ လူငယ်ကစားသမားလေးဖြစ်တဲ့အချိန်ထဲက တစ်ယောက်ချင်းထိပ်တိုက်ရင်ဆိုင်ကစားတတ်တဲ့ ကစားသမားပါပဲ။ဒါဟာကျွန်တော်ရဲ့သဘာဝပါပဲ။အနာဂတ်မှာလည်းအဲ့လိုပုံစံပဲကစားသွားမှာပါ။” လို့ပြောကြားခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ကလည်းသူ့ရဲ့ပေါ်တူဂီလူငယ်စတားနဲ့ပတ်သတ်ပြီးဗီဒီယိုမှာဆွေးနွေးခဲ့ပါသေးတယ်။ “ သူဟာ ခြေထောက်နဲ့ ဘောလုံးကိုထုတ်ပြေးကစားတတ်တဲ့သူပါ။ဒါကိုသူကျွမ်းကျင်ပါတယ်။တောင်ပံနောက်ခံလူတွေကိုလှည့်စားတတ်တဲ့သူမျိုးပါ။သူဟာအရှိန်မြင့်တဲ့ပြေးနှုန်းနဲ့ နေရာတိုင်းမှာကစားနိုင်ပြီးဖြတ်ကျော်နိုင်ပါတယ်။ကျွန်တော့်အထင်တော့ဒါကကျွန်တော့်ကိုမတ်တပ်ထရပ်သွားစေနိုင်ပါတယ်။” ဗီဒီယိုထဲမှာတော့ ရိုနယ်ဒိုက အလိမ်အခေါက်နဲ့ပတ်သတ်တာတွေ ခြေလှမ်းလှမ်းဖို့ဘယ်လိုအနေအထားနဲ့သွားရမယ့်ပုံစံတွေကိုသင်ကြားပြသပေးနေတာပဲဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ အဆိုပါပွဲမှာ လင်ဂတ်တို့ပါတဲ့လူငယ်ကစားသမားလေးတွေနဲ့ဝင်ကစားခဲ့ပြီး လူငယ်လေးတွေကိုအကျောပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဆိုရင်ဖြင့် ဒီပိန်ပိန်ညောင်ညောင်အသက်၁၈နှစ်အရွယ်ကစားသမားလေးနဲ့အသက်၁၀နစ်အရွယ်ချာတိတ်လေးတို့၂ယောက်ယှဉ်ပြိုင်ကစားခဲ့ကြတာကိုတွေ့ရပါတယ်။ဒါပင်မယ်လည်းပြီးခဲ့တဲ့ညတုန်းကတော့ ချန်ပီယံလိပ်အုပ်စုပွဲအဖြစ် လင်ဂတ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပွဲထွက်ကစားပေးခဲ့ပြီး ရိုနယ်ဒိုကဂျူဗင်အတွက်ပွဲထွက်ကစားခဲ့ကာသူတို့၂ယောက်ထိပ်တိုက်ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။အဆိုပါပွဲမှာရိုနယ်ဒိုကအဖွင့်ဂိုးသွင်းယူခဲ့သော်လည်းပွဲပြီးခါနီး ၅မိနစ်အလိုကြမှ ယူနိုက်တက်က၂ဂိုးသွင်းယူသွားခဲ့ပါတယ်။                                                                                                                  

ရိုနယ်ဒိုဟာအဆိုပါပွဲမှာ ဂိုးသွင်းပြီးနောက်သူ့ရဲ့ ဗိုက်ကြွက်သားလှန်ပြခဲ့ပြီး ပွဲအပြီးမှာတော့ လင်ဂတ်က သူ့ရဲ့တွစ်တာမှာဗိုက်ကြွက်သားပြန်လှန်ခဲ့ပြီးပရိတ်သတ်တွေကိုဘယ်သူပိုကောင်းလဲလို့ပြန်မေးခဲ့ပါတယ်။ရိုနယ်ဒိုရဲ့နည်းပြသင်ကြားခဲ့မှုကလင်ဂတ်ကိုအကောင်းဆုံးကူညီခဲ့ပါတယ်။အသက်၂၅နှစ်အရွယ်လင်ဂတ်ဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပွဲပေါင်း၁၄၀ကျော်ကစားခဲ့ပြီး ၂၀၁၆ FA ဖလားဗိုလ်လုပွဲမှာ ခရစ်စတယ်ပဲလေ့စ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

No comments

Powered by Blogger.