Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဗန်ဒိုက်စ်ဟာ လီဗာပူးလ်အသင်းကိုကွဲပြားခြားနားအောင်လုပ်ဆောင်ပေးတဲ့လူတစ်ယောက်ဖြစ်တယ်လို့ အသင်းဖော်ကွင်းလယ်လူဝစ်ခ်ျနယ်ဒန်ကချီးကျူးပြောကြားလိုက်ပါတယ်။
(Unicode)
စနေနေ့မနက်ပိုင်းနောက်ဆုံးရသတင်းများစုစည်းမှု
ပြင်သစ်ကို ၂-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ နယ်သာလန်တောင်ပံကစားသမား ဒီပေးဟာ ၁ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။သူဟာ ၂၀၁၈ခုနှစ်အတွင်း ကလပ်အသင်းလိုင်ယွန်အတွက်ရော နိုင်ငံအတွက်ပါ ပွဲပေါင်း၅၂ပွဲအတွင်း ၄၁ဂိုးအထိပါဝင်ပတ်သတ်နေတာပဲဖြစ်ပါတယ်။
ခရိုအေးရှားအသင်းကိုအနိုင်ယူပြဖို့အင်္ဂလန်အသင်းသားတွေကို နည်းပြဆောက်ဂိတ်က တိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်စတားပူလီဆစ်ကို လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့အတွက်သေချာသွားပြီဖြစ်ကြောင်းသိရပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်ဟာ လာမယ့်ဇန်နဝါရီမှာချဲလ်ဆီးအသင်းကနေထွက်ခွာပြီး AC မီလန်အသင်းဆီသွားကစားဖို့ရှိနေတယ်လို့သိရပါတယ်။
တိုက်စစ်မှူးဟီဂွာအင်တစ်ယောက် အေစီမီလန်အသင်းကနေ ထွက်ခွာချင်တယ်ဆိုတဲ့သတင်းတွေဟာအလိမ်အညာတွေသာဖြစ်တယ်လို့ ဟီဂွာအင်ရဲ့အေးဂျင့်အကိုဖြစ်သူကပြောကြားလိုက်ပါတယ်။
ဗန်ဒိုက်စ်ဟာ လီဗာပူးလ်အသင်းကိုကွဲပြားခြားနားအောင်လုပ်ဆောင်ပေးတဲ့လူတစ်ယောက်ဖြစ်တယ်လို့အသင်းဖော်ကွင်းလယ်လူဝစ်ချ်နယ်ဒန်ကချီးကျူးပြောကြားလိုက်ပါတယ်။
ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်က ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြင်သစ်အသင်းဘက်ကို VAR ကြည့်ပြီးပယ်နယ်တီပေးခဲ့တဲ့အပေါ်အခုထိမကျေနပ်ဖြစ်ပြီး VAR နဲ့ပတ်သတ်ပြီးသူ့ကိုလာမမေးနဲ့လို့ပြောကြားခဲ့ပါတယ်။
Post a Comment