Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပတ်နဲ့အတူလက်တွဲအလုပ်လုပ်ရတာဟာလိင်ဆက်ဆံတာထက်ပိုကောင်းတယ်လို့ဆိုလိုက်တဲ့အဲလ်ဗက်စ်ရဲ့ပြောစကားကိုပြန်လည်တုံပြန်ပြောကြားခဲ့တဲ့ပတ်ဂွာဒီယိုလာ
ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှာကစားခဲ့စဉ်နည်းပြပတ်ဂွာဒီယိုလာလက်အောက်မှာကစားခဲ့တဲ့အတွေ့အကြုံတွေအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ “ ပွင့်ပွင့်လင်းလင်း” ဆိုတဲ့စကားလုံးအတွက်အကြောင်းပြချက်တစ်ချို့ရှိနေပါတယ်။ဒါကဘာလဲဆိုရင် PSG ညာနောက်ခံလူက ပတ်လက်အောက်မှာကစားရတာဟာ လိင်ဆက်ဆံတာထက်ပိုကောင်းတယ်လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဘာစီလိုနာနည်းပြဟောင်းတစ်ယောက်အဆိုပါအတွေအခေါ်အပြောအဆိုနဲ့ပတ်သတ်ပြီးဘယ်လိုများခံစားသွားလိမ့်မလဲ?
ကောင်းပြီ။ မန်ချက်စတာသတင်းထောက်တွေကတော့ ဒါနဲ့ပတ်သတ်ပြီး ဂွာဒီယိုလာကိုမေးမြန်းချင်နေကြတာသိပ်ကိုသိသာနေပါတယ်။ဒါကြောင့် မနေ့ညက ဒါဘီပွဲအတွက်သတင်းစာရှင်းလင်းပွဲမှာတော့ပတ်ကို အဲလ်ဗက်စ်ရဲ့ပြောစကားနဲ့ပတ်သတ်ပြီးဘယ်လို ခံစားရသလဲမေးမြန်းခဲ့ပါတယ်။
“ ကျွန်တော်ကတော့ လိင်ဆက်ဆံတာကိုပိုလိုလားပါတယ်။” လို့တခစ်ခစ်ရယ်ရင်းပြန်ဖြေခဲ့ပါတယ်။ တကယ့် ညဏ်ကောင်းတဲ့ ဆရာပတ်ပါပဲ။
အသက်၃၅နှစ်အရွယ်ဘရာဇီးလ်နောက်ခံလူက ၂၀၁၇ ဂျူဗင်တပ်စ်အသင်းကနေထွက်ခွာစဉ်က အသက်၄၇နှစ်အရွယ်စပိန်နည်းပြနဲ့စီးတီးမှာဘာလို့မပူးပေါင်းခဲ့သလိုဆိုတာ Sky Sports ကိုပြောပြခဲ့ပါတယ်။ “ မန်စီးတီးကိုသွားဖို့အားလုံးပြီးမြောက်ခဲ့ပါတယ်။ဒါပင်မယ့်ဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့ မိသားစုရဲ့ဆုံးဖြတ်ချက်ကြောင့်ပါ။ပတ်က ကျွန်တော့်ရဲ့ရည်မှန်းချက်ကိုသိပါတယ်။ကျွန်တော်သူနဲ့စကားပြောခဲ့ပါတယ်။ကျွန်တော်သူ နဲ့ရောသူ ဝန်ထမ်းတွေနဲ့ပါအတူတူလက်တွဲလုပ်ချင်မှန်းသူသိပါတယ်။ဘဝမှာ ခင်ဗျားဟာအရာအားလုံးကိုအလေးမသလိုမရမှာပဲဖြစ်ပါတယ်။ဘယ်လိုလဲဆိုရင်ခင်ဗျားကစားသမားဘဝအတွက် သူတို့ဟာဆုံးဖြတ်ချက်တွေဖြစ်လာရင်တောင်မှပေါ့။”
“ ကျွန်တော်ဂရုတစိုက်ဆုံးဖြတ်ချက်ချခဲ့တာကိုကျေနပ်ပါတယ်။ဒါကြောင့် သူတို့ဟာ ကျွန်တော့်နားကလူတွေကို ဒုက္ခမပေးတော့ပါဘူး။ဒါကြောင့် ကျွန်တော့်နားကလူတွေဟာပျော်ရွှင်လာကြပါတယ်။အဲလိုပျော်ရင်ကျွန်တော်လည်းပျော်ပါတယ်။ကျွန်တော့်အလုပ်ကိုအကောင်းဆုံးလုပ်နိုင်သွားတာပေါ့။ကျွန်တော့်အတွက်တော့ ဂွာဒီယိုလာနဲ့နောက်တစ်ကြိမ်လက်တွဲအလုပ်မလုပ်နိုင်တာရှက်စရာပါပဲ။သူ့ကိုကျွန်တော်နှစ်သက်လေးစားမှန်းသူသိပါတယ်။သူနဲ့လက်တွဲအလုပ်လုပ်ရတာဟာလိင်ဆက်ဆံတာထက်ပိုကောင်းပါတယ်။ဒါပင်မယ့်တစ်ချိန်ထဲမှာပဲ ကျွန်တော့်စိတ်ကိုပြောင်းလဲခဲ့တဲ့ စိန်ခေါ်မှုအသစ်ကိုကျွန်တော်တွေ့ခဲ့ပါတယ်။”
အဲလ်ဗက်စ်ဟာ ဆီဗီလားအသင်းကနေ ၂၀၀၈ ခုနှစ်မှာ ဘာကာဆီရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ပထမရာသီနူးကမ့်မှာ ဂွာဒီယိုလာနဲ့အတူလက်တွဲအလုပ်လုပ်ခဲ့ပြီး တစ်ရာသီအတွင်း ကိုပါဒီရေး၊လာလီဂါနဲ့ချန်ပီယံလိပ်ဖလား စတဲ့ ဖလား၃စလုံးကို ရယူနိုင်ခဲ့ကြပါတယ်။
Post a Comment