Header Ads
နည်းပြဆာရီရဲ့ ချဲလ်ဆီးကိုရှုံးပွဲနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့စပါးလ်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒုတိယပိုင်းရောက်မှာတော့ စပါးအသင်းဟာတိုက်စစ်ကိုထပ်မံမြှင့်တင်ကစားခဲ့ပြီး ဟိုဆောင်မင်းရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေနဲ့ ဂျော်ဂျင်ဟို၊ဒေးဗစ်လူးဝစ်တို့ ကိုကျော်ဖြတ်က သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
နည်းပြဆာရီရဲ့ချဲလ်ဆီးကိုရှုံးပွဲနဲ့မိတ်ဆက်ပေးခဲ့တဲ့စပါးလ်
စပါးလ်အသင်းဟာ ယခုနှစ်ပရီးမီးယားလိပ်မှာ ၁၂ပွဲဆက်ရှုံးပွဲမရှိသေးတဲ့ ချဲလ်ဆီးအသင်းကို ၁၃ပွဲမြောက်မှာတော့ အရှုံးဆိုတဲ့ရလဒ်တစ်ခုကို နည်းပြသစ်ဆာရီအားမိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
နည်းပြသစ်ဆာရီရဲ့ချဲလ်ဆီးအသင်းဟာယခုပွဲမကစားခင် ၈ပွဲနိုင် ၄ပွဲသရေကျထားတာပဲဖြစ်ပါတယ်။ပိုချက်တီနိုရဲ့စပါးအသင်းဟာ ဝင်ဘာလေကွင်းမှာအကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပြောင်မြောက်တဲ့အနိုင်၃မှတ်ကို ရယူခဲ့ပါတယ်။ဒယ်လီအယ်လီက ပွဲအစ၈ မိနစ်မှာအဖွင့်ဂိုးသွင်းယူခဲ့ပြီး ၁၆မိနစ်မှာတော့ ဟာရီကိန်းက အမှတ်မထင်အဝေးကန်ချက်နဲ့ ၂ဂိုးဂိုးမရှိဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်းရောက်မှာတော့ စပါးအသင်းဟာတိုက်စစ်ကိုထပ်မံမြှင့်တသ်ကစားခဲ့ပြီး ဟိုဆောင်မင်းရဲ့တစ်ကိုယ်တော်ထိုးဖောက်မှုတွေနဲ့ဂျော်ဂျင်ဟို၊ဒေးဗစ်လူးဝစ်တို့ကိုကျော်ဖြတ်က သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွက်နှစ်သိမ့်ဂိုးကို တိုက်စစ်မှူး အိုလီဗာဂီရုးက ၈၅မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် စပါးလ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့အထက်တတိယနေရာမှာရပ်တည်နေပြီး ဒုတိယနေရာကလီဗာပူးလ်အသင်းနဲ့ ၃မှတ်အကွာ လက်ရှိချန်ပီယံမန်စီးတီးအသင်းနဲ့၅မှတ်ကွာအနေအထားမှာရပ်တည်နေပြီပဲဖြစ်ပါတယ်။မြောက်လန်ဒန်အသင်းဟာ လက်ရှိမှာတော့ ချန်ပီယံလိပ်ပွဲတွေအတွက်မြှားဦးလှည့်လာပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာအင်တာမီလန်အသင်းကိုအိမ်ကွင်းမှာလက်ခံကစားရမှာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.