Header Ads


မန္ခ်က္စတာယူနိုက္တက္လိုအပ္ေနတဲ့ကစားသမားမ်ိဳးျဖစ္လာခဲ့ၿပီျဖစ္တဲ့မက္ဖစ္ဒီေပး



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 ပရီးမီးယားလိဂ္မွာကစားစဥ္က ရုန္းကန္ခဲ့ရတာေျကာင့္ ေမာ္ရင္ဟိုထြက္ခြာခြင့္ေပးလိုက္တဲ့ ဒီေပးဟာလက္ရွိယူနိုက္တက္ရဲ႕တိုက္စစ္ပိုင္းျပသနာေတြအတြက္ အေျဖတစ္ခုျဖစ္လာနိုင္ပါတယ္။လူးဝစ္ဗန္ဟားေခၚယူခဲ့တဲ့ ဒီေပးဟာ ယူနိုက္တက္ပရိတ္သတ္ေတြရဲ႕ ေမ်ွာ္လင့္ထားျခင္းခံခဲ့ရေပမယ့္ ဘာတစ္ခုမွေရေရရာရာမလုပ္ျပနိုင္ပဲ အိုးထရက္ဖို႔ဒ္ကထြက္ခြာခဲ့ရပါတယ္။ျကယ္တစ္ပြင့္ ခပ္လြယ္လြယ္ေျကြသြားသလိုပါပဲ။ဗန္ဟားေခၚယူခဲ့တဲ့ ဖယ္ကာအို,ရွဝိန္းစတိုင္ဂါ,ရွနိုက္ဒါလင္,ဒီမာရီယာ,ဒီေပးတို႔ဟာ ကတိေတြအမ်ားျကီးေပးျပီးေတာ့မွ ယူနိုက္တက္မွာက်ရံႈးခဲ့ျကပါတယ္။

 ဒါေတာင္ ရိုဂ်ိဳနဲ႕ဘလင္းကို ထည့္မေျပာေသးပါဘူး။အဲ့ဒီထဲမွာ ဒီေပးကေတာ့ ေမ်ွာ္လင့္အထားခံရဆံုးပါပဲ။ေရာ္နယ္ဒိုလက္သစ္အျဖစ္ ခ်ီးက်ဴးမႈေတြရွိခဲ့သလို PSVစတားကို ရီးရဲ လီဗာပူးတို႔အပါအဝင္ ေခၚယူခ်င္သူေတြဝိုင္းဝိုင္းလည္ခဲ့ပါတယ္။ဗန္ဟားကလည္း ဒီေပးဟာ အသင္းတိုင္းပိုင္ဆိုင္လိုတဲ့ကစားသမားမ်ိဳးျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါေသးတယ္။ဒါေပမယ့္ ဒီေပးဟာယူနိုက္တက္အတြက္ ဗန္ဟားရဲ႕ေနာက္ဆံုးရာသီနဲ႕ေမာ္ရင္ဟိုလက္ေအာက္မွာ ေလးပြဲသာ ကစားခြင့္ရခဲ့ျပီး ျပိဳင္ပြဲစံုသြင္းဂိုး၇ဂိုးသာရခဲ့ပါတယ္။

ဒါေျကာင့္ဒီေပးကိုေရာင္းခ်ခဲ့ေပမယ့္ စာခ်ဳပ္ထဲမွာ ျပန္လည္ေခၚယူခြင့္ပါဝင္ခဲ့ပါတယ္။ေပါ့ဘာကို ကလပ္စံခ်ိန္တင္ေျကးနဲ႕ျပန္ေခၚခဲ့ရတာေျကာင့္ ယူနိုက္တက္ဘုတ္အဖြဲ႕လည္း စာတတ္သြားတင္ထင္ပါရဲ႕။ဒီေပးရဲ႕လက္ရွိေျခစြမ္းေတြက ယူနိုက္တက္ကထြက္ခြာသြားခ်ိန္ကထက္ မ်ားစြာပိုေကာင္းေနပါျပီ။ယူနိုက္တက္ကို စစေရာက္ခ်င္း ဘယ္ျခမ္းမွာ ဒီေပး လုေရွာ႔ အတြဲ ေမႊခဲ့တာ အေတာ္အားရစရာေကာင္းပါတယ္။အခုေတာ့သူဟာ လိုင္ယြန္အသင္းရဲ႕ အေထာင္တိုက္စစ္ေနရာ မွာကစားေနပါတယ္။

ေမာ္ရင္ဟိုရဲ႕ေဆာင္းေစ်းကြက္အဓိကပစ္မွတ္ကေတာ့ ညာေတာင္ပံနဲ႕ ေနာက္ခံအတြင္းလူေနရာပါ။ဒါေပမယ့္ လူကာကူပံုစံေကာင္းေတြေပ်ာက္ဆံုးေနတာေျကာင့္ ေမာ္ရင္ဟိုအေနနဲ႕ ဒီေပးကို ျပန္ေတာ္ေကာက္သင့္ပါတယ္။2017တုန္းကဒီေပးကိုျပန္ေခၚဖို႔မျကိုးစားတဲ့အေျကာင္းေမာ္ရင္ဟိုရွင္းျပဖူးပါတယ္။သူေျပာခဲ့တာက''ဒီေပးက ေတာင္ပံကစားသမားပါ။ေတာင္ပံေနရာအတြက္ က်ေနာ့္မွာ အလံုအေလာက္ရွိပါတယ္။ဒါေျကာင့္ ေနရာရဖို႔ေတာင္ခက္ခဲပါတယ္။ေတာင္ပံေနရာအတြက္ ဘယ္ေတာ့မွေခါင္းခဲစရာမျဖစ္တာေျကာင့္ လူသစ္တစ္ေယာက္ထပ္ေခၚမွာမဟုတ္ပါဘူး။ဝိန္းလည္းဒီေနရာမွာဆင္းကစားေပးနိုင္ပါတယ္။လင္ဂတ္,မစ္ခီတာယံ,မာရွယ္,ရပ္ဖို႔ဒ္,ယန္း,မာတာတို႔နဲတင္ ဒီေနရာမွာ ၆ေယာက္ရွိေနပါျပီ။''လို႔ဆိုခဲ့တာပါ။ဒါေျကာင့္ ဒီေပးရဲ႕လက္ရွိတိုက္စစ္မွဴးေနရာက ယူနိုက္တက္မွာ သူရဲေကာင္းျပန္လုပ္ဖို႔အသင့္ေတာ္ဆံုးေနရာပါပဲ။

သူဟာယူနိုက္တက္ရဲ႕တိုက္စစ္ျမွားဦးေနရာနဲ႕ထိုက္တန္တယ္ထင္တဲ့ ဒီေပးဖန္ေတြရွိျကလားဗ်။

(Unicode)

မန်ချက်စတာယူနိုက်တက်လိုအပ်နေတဲ့ကစားသမားမျိုးဖြစ်လာခဲ့ပြီဖြစ်တဲ့မက်ဖစ်ဒီပေး

 ပရီးမီးယားလိဂ်မှာကစားစဉ်က ရုန်းကန်ခဲ့ရတာကြောင့် မော်ရင်ဟိုထွက်ခွာခွင့်ပေးလိုက်တဲ့ ဒီပေးဟာလက်ရှိယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းပြသနာတွေအတွက် အဖြေတစ်ခုဖြစ်လ
ာနိုင်ပါတယ်။လူးဝစ်ဗန်ဟားခေါ်ယူခဲ့တဲ့ ဒီပေးဟာ ယူနိုက်တက်ပရိတ်သတ်တွေရဲ့ မျှော်လင့်ထားခြင်းခံခဲ့ရပေမယ့် ဘာတစ်ခုမှရေရေရာရာမလုပ်ပြနိုင်ပဲ အိုးထရက်ဖို့ဒ်ကထွက်ခွာခဲ့ရပါတယ်။ကြယ်တစ်ပွင့် ခပ်လွယ်လွယ်ကြွေသွားသလိုပါပဲ။ဗန်ဟားခေါ်ယူခဲ့တဲ့ ဖယ်ကာအို,ရှဝိန်းစတိုင်ဂါ,ရှနိုက်ဒါလင်,ဒီမာရီယာ,ဒီပေးတို့ဟာ ကတိတွေအများကြီးပေးပြီးတော့မှ ယူနိုက်တက်မှာကျရှုံးခဲ့ကြပါတယ်။

 ဒါတောင် ရိုဂျိုနဲ့ဘလင်းကို ထည့်မပြောသေးပါဘူး။အဲ့ဒီထဲမှာ ဒီပေးကတော့ မျှော်လင့်အထားခံရဆုံးပါပဲ။ရော်နယ်ဒိုလက်သစ်အဖြစ် ချီးကျူးမှုတွေရှိခဲ့သလို PSVစတားကို ရီးရဲ လီဗာပူးတို့အပါအဝင် ခေါ်ယူချင်သူတွေဝိုင်းဝိုင်းလည်ခဲ့ပါတယ်။ဗန်ဟားကလည်း ဒီပေးဟာ အသင်းတိုင်းပိုင်ဆိုင်လိုတဲ့ကစားသမားမျိုးဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။ဒါပေမယ့် ဒီပေးဟာယူနိုက်တက်အတွက် ဗန်ဟားရဲ့နောက်ဆုံးရာသီနဲ့မော်ရင်ဟိုလက်အောက်မှာ လေးပွဲသာ ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး၇ဂိုးသာရခဲ့ပါတယ်။

ဒါကြောင့်ဒီပေးကိုရောင်းချခဲ့ပေမယ့် စာချုပ်ထဲမှာ ပြန်လည်ခေါ်ယူခွင့်ပါဝင်ခဲ့ပါတယ်။ပေါ့ဘာကို ကလပ်စံချိန်တင်ကြေးနဲ့ပြန်ခေါ်ခဲ့ရတာကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့လည်း စာတတ်သွားတင်ထင်ပါရဲ့။ဒီပေးရဲ့လက်ရှိခြေစွမ်းတွေက ယူနိုက်တက်ကထွက်ခွာသွားချိန်ကထက် များစွာပိုကောင်းနေပါပြီ။ယူနိုက်တက်ကို စစရောက်ချင်း ဘယ်ခြမ်းမှာ ဒီပေး လုရှော့ အတွဲ မွှေခဲ့တာ အတော်အားရစရာကောင်းပါတယ်။အခုတော့သူဟာ လိုင်ယွန်အသင်းရဲ့ အထောင်တိုက်စစ်နေရာ မှာကစားနေပါတယ်။

မော်ရင်ဟိုရဲ့ဆောင်းဈေးကွက်အဓိကပစ်မှတ်ကတော့ ညာတောင်ပံနဲ့ နောက်ခံအတွင်းလူနေရာပါ။ဒါပေမယ့် လူကာကူပုံစံကောင်းတွေပျောက်ဆုံးနေတာကြောင့် မော်ရင်ဟိုအနေနဲ့ ဒီပေးကို ပြန်တော်ကောက်သင့်ပါတယ်။2017တုန်းကဒီပေးကိုပြန်ခေါ်ဖို့မကြိုးစားတဲ့အကြောင်းမော်ရင်ဟိုရှင်းပြဖူးပါတယ်။သူပြောခဲ့တာက''ဒီပေးက တောင်ပံကစားသမားပါ။တောင်ပံနေရာအတွက် ကျနော့်မှာ အလုံအလောက်ရှိပါတယ်။ဒါကြောင့် နေရာရဖို့တောင်ခက်ခဲပါတယ်။တောင်ပံနေရာအတွက် ဘယ်တော့မှခေါင်းခဲစရာမဖြစ်တာကြောင့် လူသစ်တစ်ယောက်ထပ်ခေါ်မှာမဟုတ်ပါဘူး။ဝိန်းလည်းဒီနေရာမှာဆင်းကစားပေးနိုင်ပါတယ်။လင်ဂတ်,မစ်ခီတာယံ,မာရှယ်,ရပ်ဖို့ဒ်,ယန်း,မာတာတို့နဲတင် ဒီနေရာမှာ ၆ယောက်ရှိနေပါပြီ။''လို့ဆိုခဲ့တာပါ။ဒါကြောင့် ဒီပေးရဲ့လက်ရှိတိုက်စစ်မှူးနေရာက ယူနိုက်တက်မှာ သူရဲကောင်းပြန်လုပ်ဖို့အသင့်တော်ဆုံးနေရာပါပဲ။

သူဟာယူနိုက်တက်ရဲ့တိုက်စစ်မြှားဦးနေရာနဲ့ထိုက်တန်တယ်ထင်တဲ့ ဒီပေးဖန်တွေရှိကြလားဗျ။

No comments

Powered by Blogger.