မန္ခ်က္စတာယူနိုက္တက္မွာသူငယ္ခ်င္း၃ေယာက္သာရွိတဲ့ဆန္းခ်က္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာဒါဘီမွာ ပြဲခ်ိန္အနည္းငယ္သာပါဝင္ကစားခြင့္ရခဲ့တဲ့ အာဆင္နယ္ကစားသမားေဟာင္း ဆန္းခ်က္ဟာ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာလည္း သူငယ္ခ်င္းသံုးေယာက္ေလာက္သာရွိတဲ့အျဖစ္ေရာက္ေနပါတယ္။ ယူနိုက္တက္မွာ မေပ်ာ္ရႊင္ေတာ့ဘူးဆိုတဲ့သတင္းေတြကလည္း ေကာလဟာလ မဟုတ္တာေသခ်ာေနပါျပီ။ လြန္ခဲ့တဲ့၁၅လေလာက္ကိုျပန္သြားျကည့္ရင္ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးနွစ္ထဲေရာက္ေနတဲ့ဆန္းခ်က္ကို ပက္ဂြါဒီယိုလာက ကမာၻ ့အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲကတစ္ေယာက္လို႔ခ်ီးက်ဴးျပီး ေခၚယူဖို႔ျကိဳးစားခဲ့ဖူးပါတယ္။
၂၀၁၇ေႏြရာသီအေျပာင္းအေရြ႕ေနာက္ဆံုးရက္မွာ မန္စီးတီး ဟာ ခ်ီလီသားကိုလက္မွတ္ထိုးနိုင္ဖို႔ျကိုးစားခဲ့ေပမယ့္ အထမေျမာက္ခဲ့ပါဘူး။ဒါေပမယ့္ ဂြါဒီယိုလာကေတာ့ ဆန္းခ်က္ကို အီလီဟတ္ကြင္းဆီေခၚယူဖို႔ လက္မေလ်ာ႔ေသးပဲ ေဆာင္းေစ်းကြက္မွာထပ္မံ ျကိုးပမ္းခဲ့ျပန္ပါတယ္။ကိုပါအေမရိက ဖလား နွစ္ျကိမ္ဆက္ကိုင္ေျမာက္ထားတဲ့ ဆန္းခ်က္ကို ပတ္ဂြါဒီယိုလာကတိုက္စစ္ပိုင္းအတြက္ အဓိကပစ္မွတ္ထားခဲ့ေပမယ့္ အဆံုးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ကိုေရာက္သြားခဲ့ပါတယ္။
ေမာ္ရင္ဟိုနဲ႔ယူနိုက္တက္အတြက္ အိမ္နီးခ်င္းအသင္းကို အသာရခဲ့ျခင္းပါပဲ။ဒါေပမယ့္ ဆန္းခ်က္ဟာ ေမ်ွာ္လင့္သလိုမျဖစ္လာခဲ့ပဲ လက္ရွိအခ်ိန္မွာ ပံုမွန္ပြဲထြက္ခြင့္ေနရာအတြက္ေတာင္ ရုန္းကန္ေနရပါျပီ။ဒါေျကာင့္လည္း သူရဲ႕အနာဂတ္အတြက္ ေမးခြန္းေတြ ပိုမို ျကီးထြားလာခဲ့တာပါ။သတင္းေတြအရေတာ့အသင္းမွာဆန္းခ်က္နဲ႔ဆက္ဆံေရးေကာင္းတာဆိုလို႔ မာတာ၊ဒီဂီယာနဲ႕ လူကာကူတို႔သာရွိျပီး အျခားသူေတြနဲ႕စကားေတာင္ေျပာေလ့မရွိဘူးလို႔သိရပါတယ္။
အေျခအေနေတြ ဆိုးရြားေနတာေျကာင့္ သူ႔ရဲ႕ေအးဂ်င့္ဟာ အသင္းသစ္တိတ္တဆိတ္ရွာေဖြေနျပီးPSGကိုေျပာင္းေရြ႕ဖို႔နီးစပ္ေနပါတယ္။ေမာ္ရင္ဟိုဟာ နည္းစနစ္ပိုင္းအရ ဆန္းခ်က္ရဲ႕တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္ေတြကိုထုတ္ယူသံုးစြဲဖို႔ထက္ခံစစ္တာဝန္ေတြကိုပူးတြဲထမ္းေဆာင္ေစတာေျကာင့္ အျဖည္ခံသေဘာမ်ိဳးျဖစ္ေနတယ္လို႔ ဒီခ်ီလီသားက ခံစားေနရတာပါ။ေကသရာဇာ ကို သက္သက္လြတ္စားခိုင္းသလိုျဖစ္ေနပါျပီ။အေျခအေနေတြအရေတာ့ ဇန္နဝါရီမွာ PSGသာေငြသံုးမယ္ဆိုရင္ ယူနိုက္တက္ဟာ ဆန္းခ်က္ကို ေရာင္းထုတ္ဖို႔အသင့္ျဖစ္ေနျပီျဖစ္ပါတယ္။ေနာက္နွစ္မွာ ေနမာ ဘာေပ ကာဗာနီတို႔ထဲက တစ္ေယာက္ေယာက္ထြက္ခြာသြားရင္လည္း ဆန္းခ်က္ကို အသင့္အစားထိုးဖို႔PSGက ခ်ိန္ရြယ္ေနတာပါ။ ဘာေတြဆက္ျဖစ္မလဲကေတာ့ ေစာင့္ျကည့္ရံုပါပဲ။ဒါဘီပြဲအျပီးမွာဆန္းခ်က္တစ္ေယာက္ လြန္ခဲ့တဲ့၁၅လေက်ာ္က ဆံုးျဖတ္ခ်က္ေတြကို ျပန္ေတြးျပီး ေနာင္တရေနမလားဆိုတာ စဥ္းစားစရာပါပဲ။
(Unicode)
မန်ချက်စတာယူနိုက်တက်မှာသူငယ်ချင်း၃ယောက်သာရှိတဲ့ဆန်းချက်
မန်ချက်စတာဒါဘီမှာ ပွဲချိန်အနည်းငယ်သာပါဝင်ကစားခွင့်ရခဲ့တဲ့ အာဆင်နယ်ကစားသမားဟောင်း ဆန်းချက်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာလည်း သူငယ်ချင်းသုံးယောက်လောက်သာရှိတဲ့အဖြစ်ရောက်နေပါတယ်။ ယူနိုက်တက်မှာ မပျော်ရွှင်တော့ဘူးဆိုတဲ့သတင်းတွေကလည်း ကောလဟာလ မဟုတ်တာသေချာနေပါပြီ။ လွန်ခဲ့တဲ့၁၅လလောက်ကိုပြန်သွားကြည့်ရင် အာဆင်နယ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေတဲ့ဆန်းချက်ကို ပက်ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်လို့ချီးကျူးပြီး ခေါ်ယူဖို့ကြိုးစားခဲ့ဖူးပါတယ်။
၂၀၁၇နွေရာသီအပြောင်းအရွေ့နောက်ဆုံးရက်မှာ မန်စီးတီး ဟာ ချီလီသားကိုလက်မှတ်ထိုးနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ဒါပေမယ့် ဂွါဒီယိုလာကတော့ ဆန်းချက်ကို အီလီဟတ်ကွင်းဆီခေါ်ယူဖို့ လက်မလျော့သေးပဲ ဆောင်းဈေးကွက်မှာထပ်မံ ကြိုးပမ်းခဲ့ပြန်ပါတယ်။ကိုပါအမေရိက ဖလား နှစ်ကြိမ်ဆက်ကိုင်မြောက်ထားတဲ့ ဆန်းချက်ကို ပတ်ဂွါဒီယိုလာကတိုက်စစ်ပိုင်းအတွက် အဓိကပစ်မှတ်ထားခဲ့ပေမယ့် အဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက်ကိုရောက်သွားခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ယူနိုက်တက်အတွက် အိမ်နီးချင်းအသင်းကို အသာရခဲ့ခြင်းပါပဲ။ဒါပေမယ့် ဆန်းချက်ဟာ မျှော်လင့်သလိုမဖြစ်လာခဲ့ပဲ လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက်တောင် ရုန်းကန်နေရပါပြီ။ဒါကြောင့်လည်း သူရဲ့အနာဂတ်အတွက် မေးခွန်းတွေ ပိုမို ကြီးထွားလာခဲ့တာပါ။သတင်းတွေအရတော့အသင်းမှာဆန်းချက်နဲ့ဆက်ဆံရေးကောင်းတာဆိုလို့ မာတာ၊ဒီဂီယာနဲ့ လူကာကူတို့သာရှိပြီး အခြားသူတွေနဲ့စကားတောင်ပြောလေ့မရှိဘူးလို့သိရပါတယ်။
အခြေအနေတွေ ဆိုးရွားနေတာကြောင့် သူ့ရဲ့အေးဂျင့်ဟာ အသင်းသစ်တိတ်တဆိတ်ရှာဖွေနေပြီးPSGကိုပြောင်းရွေ့ဖို့နီးစပ်နေပါတယ်။မော်ရင်ဟိုဟာ နည်းစနစ်ပိုင်းအရ ဆန်းချက်ရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်တွေကိုထုတ်ယူသုံးစွဲဖို့ထက်ခံစစ်တာဝန်တွေကိုပူးတွဲထမ်းဆောင်စေတာကြောင့် အဖြည်ခံသဘောမျိုးဖြစ်နေတယ်လို့ ဒီချီလီသားက ခံစားနေရတာပါ။ကေသရာဇာ ကို သက်သက်လွတ်စားခိုင်းသလိုဖြစ်နေပါပြီ။အခြေအနေတွေအရတော့ ဇန်နဝါရီမှာ PSGသာငွေသုံးမယ်ဆိုရင် ယူနိုက်တက်ဟာ ဆန်းချက်ကို ရောင်းထုတ်ဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။နောက်နှစ်မှာ နေမာ ဘာပေ ကာဗာနီတို့ထဲက တစ်ယောက်ယောက်ထွက်ခွာသွားရင်လည်း ဆန်းချက်ကို အသင့်အစားထိုးဖို့PSGက ချိန်ရွယ်နေတာပါ။ ဘာတွေဆက်ဖြစ်မလဲကတော့ စောင့်ကြည့်ရုံပါပဲ။ဒါဘီပွဲအပြီးမှာဆန်းချက်တစ်ယောက် လွန်ခဲ့တဲ့၁၅လကျော်က ဆုံးဖြတ်ချက်တွေကို ပြန်တွေးပြီး နောင်တရနေမလားဆိုတာ စဉ်းစားစရာပါပဲ။
Post a Comment