Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီရပ်တည်မှုတွေနဲ့ ပတ်သတ်ပြီးပရိတ်သတ်ကြီးတွေ သဘောတူကြရဲ့ လား??
(Unicode)
လူမုန်းအများဆုံးပရီးမီးယားလိပ်ကလပ်အဖြစ်မန်ချက်စတာယူနိုက်တက်အသင်းရပ်တည်
လေ့လာမှုအသစ်အများအရ မန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီးယားလိပ်ရဲ့လူမုန်းအများဆုံးအသင်းဖြစ်နေတယ်လို့သိရပါတယ်။AnalysisFC က သူတို့ရဲ့ပရီးမီးယားလိပ်ပြိုင်ဘက်များအကြောင်းအားစစ်တမ်းကောက်ယူခဲ့ပြီး မေးခွန်းတစ်ခုကိုထုတ်ပြန်ကာကောက်ခံခဲ့ပါတယ်။ “ သင်အမုန်းဆုံးEPL ကလပ်တစ်သင်းကိုပြောပြပါ။” ဆိုတာပါပဲ။
ပရီးမီးယားလိပ်ကလပ်အသင်း၁၃သင်းရဲ့ပရိတ်သတ်များဆီကစစ်တမ်းအရ ပရီးမီးယားလိပ်ဖလားကို ၁၃ကြိမ်ထိရထားတဲ့ ယူနိုက်တက်အသင်းဟာထိပ်ဆုံးကနေရှိနေပြီး သရဲနီတို့ဟာ သူတို့အသင်းရဲ့ထိပ်တန်းပြိုင်ဘက်ကြီး၃သင်းမှာ တစ်သင်းအပါအဝင်ဖြစ်လို့နေပါတယ်။လီဗာပူးလ်အသင်းနဲ့ မန်စီးတီးပရိတ်သတ်များက ယူနိုက်တက်ကိုအမုန်းဆုံးအဖြစ်သတ်မှတ်ထားတာဟာမဆန်းပင်မယ့်ဘန်လေ၊ကာဒဖ်၊ဟယ်လ်ဒါဖီးလ်၊လက်စတာစီးတီးအသင်းနဲ့နယူးကာဆယ်ပရိတ်သတ်တွေကတော့ အိုထရက်ဖို့ဒ်ကလပ်ကို မထီမဲ့မြင်မုန်းတီးတယ်လို့သိရပါတယ်။
လီဗာပူးလ်အသင်းဟာအမုန်းဆုံးကလပ်တွေထဲမှာဒုတိယအဖြစ်ရပ်တည်နေပြီးစပါးကတတိယနဲ့ချဲလ်ဆီးက စတုတ္ထနေရာမှာရှိနေပါတယ်။မန်စီးတီးအသင်းကတော့အဆင့်၁၀နေရာမှာရှိနေဆဲဖြစ်ပါတယ်။လက်စတာစီးတီးအသင်းကတော့လူချစ်လူခင်အများဆုံးကလပ်အဖြစ်ရှိနေတာပဲဖြစ်ပါတယ်။ဒီအပတ်မှာတော့ အားကစားမီဒီယာတစ်ခုက စစ်တမ်းအသစ်တစ်ခုထပ်မံကောက်ယူခဲ့ပြန်ပြီး ဘယ်ကလပ်အသင်းရဲ့ပရိတ်သတ်တွေဟာဒေါသတကြီးအမျက်ထ့ွက်ဆုံးလည်းမေးမြန်းခဲ့ပါတယ်။အဲ့ဇယားမှာတော့လိဒ်ယူနိုက်တက်အသင်းကထိပ်ဆုံးကနေရပ်တည်နေပါတယ်။
အဆိုပါစစ်တမ်းမှာ ပရိတ်သတ်ဦးရေ ၁သောင်းကျော်ပါဝင်မဲပေးခဲ့ကြပါတယ်။ချန်ပီယံရှစ်ကလပ်ကထိပ်ဆုံးမှာ ၃၆% နဲ့ ရှိနေပြီးလီဗာပူးလ်အသင်းက ၂၉% မန်ချက်စတာယူနိုက်တက်အသင်းက ၁၈% နဲ့အာဆင်နယ်အသင်းက ၁၇% ဆီအသီးသီးအစဉ်လိုက်ရပ်တည်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က လိဒ်ယူနိုက်တက်ပရိတ်သတ်များဟာ အင်္ဂလန်မှာအထိန်းအသိမ်းနဲ့အဖမ်းခံရဆုံးပရိတ်သတ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ၆၁ယောက်အထိအဖမ်းခံထားရတာပဲဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းနဲ့ဘာမင်ဂမ်စီးတီးပရိတ်သတ်တွေကလည်း ရာသီတစ်လေ ျှာက်လုံးအဖမ်းခံထိန်းသိမ်းခံရပါသေးတယ်။အားလုံးထဲမှာ ပရိတ်သတ်၉ ယောက်ကတော့ မနှစ်ရာသီမှာ လာရောက်အားပေးဖို့ပိတ်ပင်ခြင်းခံထားရပြီး ပြီးခဲ့တဲ့၅ရာသီအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဒီရပ်တည်မှုနဲ့ပတ်သတ်ပြီးပရိတ်သတ်ကြီးတွေ သဘောတူရဲ့လား??
No comments
Powered by Blogger.