Header Ads


2006 ကမာၻ ့ဖလားအျပီးမွာ အဂၤလန္ကိုျပန္ဖို႔ေျကာက္ရြံ႕ခဲ့တယ္လို႕ဝန္ခံခဲ့တဲ့ေရာ္နယ္ဒို



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေပၚတူဂီနဲ႕အဂၤလန္တို႔ယွဥ္ျပိဳင္ကစားခဲ့တဲ့ ကမာၻ ့ဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ စီေရာ္နယ္ဒိုဟာ ရြန္းနီအေပၚ ယုတ္မာတဲ့အျပဳအမူမ်ိဳးလုပ္ေဆာင္ခဲ့ပါတယ္။အျကိတ္အနယ္ယွဥ္ျပိဳင္ကစားေနခ်ိန္အတြင္း
ရြန္းနီရဲ႕ျဖတ္ထုတ္မႈကို အနီကတ္ျပထုတ္ပယ္ဖို႔ ေပၚတူဂီကစားသမားေတြျဖစ္တဲ့ေရာ္နယ္ဒိုနဲ႔ ကာဗယ္ဟိုက ဒိုင္ကိုအျပင္း အထန္ဖိအားေပးခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ဝိန္း ကြင္းျပင္ထြက္သြားခ်ိန္ ေရာ္နယ္ဒိုက ေပၚတူဂီအရန္ခံုတန္းဘက္ မ်က္စိမွိတ္ျပခဲ့တာကို ကင္မရာမန္းေတြက အမိအရဖမ္းယူနိုင္ခဲ့ပါတယ္။ 




ဒါေျကာင့္ေရာ္နယ္ဒိုအေနနဲ႔ အဂၤလန္ပရိတ္သတ္ေတြရဲ႕ နံပါတ္၁ရန္သူျဖစ္ခဲ့ျပီး မန္ခ်က္စတာကိုျပန္ဖို႔ေတာင္ ေျကာက္ရြံ႕ခဲ့တယ္လို႔ ျပန္ေျပာင္း ေျပာသြားခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ ရြန္းနီကိုခြင့္လႊတ္ဖို႔မေတာင္းဆိုခဲ့သလို ဒီျဖစ္ရပ္အတြက္ေနာင္တမရမိဘူးလို႔ဝန္ခံခဲ့ပါေသးတယ္။ေရာ္နယ္ဒိုက ''မီဒီယာေတြဟာ ဇာတ္လမ္းေတြကိုပံုျကီးခ်ဲ႕ခဲ့တယ္။ဒါေျကာင့္ အဂၤလန္ျပန္ဖို႔ေတာင္ ေျကာက္ရြံ႕စိတ္ျဖစ္ခဲ့ရတယ္။ရြန္းနီေျကာင့္ေတာ့မဟုတ္ပါဘူး။အဂၤလန္ပရိတ္ေတြေျကာင့္ပါ။ သူတို႔က မ်က္စိတစ္ဖက္မွိတ္ျပခဲ့တာကို ေျပာမဆံုးဘူးျဖစ္ေနတယ္။က်ေနာ္က ရြန္းနီအေပၚမေကာင္းျကံခဲ့တာ မဟုတ္ပဲ အခြင့္ေရးေကာင္းတစ္ခုကို အသံုးခ်ခဲ့ရံုေလးပါ။မန္ခ်က္စတာကိုျပန္ဖို႔တကယ္ခက္ခဲခဲ့ျပီး ပြဲစဥ္တိုင္းပရိတ္သတ္ေတြအေလွာင္ခံရမွာေတြးေျကာက္ေနမိတယ္။ဝိန္းနဲ႕စကားေျပာျပီးခ်ိန္မွာေတာ့ အရင္လိုသူငယ္ခ်င္းေတြအျဖစ္ ခ်က္ခ်င္းျပန္ေရာက္သြားတယ္။ က်ေနာ္တို႔အဲ့ဒီပြဲအေျကာင္းျပန္ေျပာျဖစ္ခဲ့ေသးျပီး သူကအေျခအေနေတြကို နားလည္ေပးခဲ့ပါတယ္။တကယ္ေတာ့ သူ႔ဆီက အခ်ိန္တိုင္း အကူအညီေတြရခဲ့တာပါ။သူေျပာတာက အတိတ္ကိုထားခဲ့လိုက္ေတာ့ ။အခုငါတို႔ လက္ရွိအေျခအေနအေျကာင္းပဲေျပာရေအာင္။ျပီးရင္ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ျကတာေပါ့တဲ့။'' 






အဲ့ဒီေနာက္ဝိန္းနဲ႕CR7ဟာ ျပိဳင္ဘက္တိုင္းရွိန္ရတဲ့အတြဲအဖက္ေကာင္းေတြျဖစ္လာခဲ့ျပီး အိုးထရက္ဖို႔မွာငါးနွစ္အတြင္း ပရီးမီးယားလိဂ္သံုးျကိမ္နဲ႔ခ်န္ပီလံလိဂ္တစ္ျကိမ္ဆြတ္ခူးနိုင္ခဲ့ျကပါတယ္။ေပၚတူဂီသားဟာ ၂၀၁၁ခုနွစ္မွာ မက္ဒရစ္ကိုေျပာင္းေရြ႕သြားခဲ့ျပီး တစ္ခ်ိန္မွာ ရြန္းနီနဲ႔ျပန္တြဲကစားလိုတယ္လို႔  ေျဖသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုက ရြန္းနီနဲ႔ပတ္သတ္ျပီး''သူဟာအလြန္အံ့ေအာ္ဖြယ္ေကာင္းတဲ့ ကစားသမားကတစ္ေယာက္ပါပဲ။က်ေနာ္တို႔သူငယ္ခ်င္းေတြျကားမွာသူ႔ကို ႏြားသိုးလို႔လဲ စေနာက္ေခၚျကပါေသးတယ္။အလြန္သန္မာျပီးသူ႔ဆီကေဘာလံုးဆံုးရံႈးသြားလို႔ကေတာ့ အသည္းအသန္လိုက္လုုတက္တာကို ေကာင္းေကာင္းမွတ္မိပါေသးတယ္။သူဟာမယံုျကည္နိုင္စရာကန္ခ်က္ေတြနဲ႕ ဂိုးမ်ားစြာသြင္းခဲ့သူပါ။က်ေနာ္သူ႔ကိုလြမ္းမိတယ္။အနာဂတ္ကို ဘယ္သူမွျကိုမျမင္နိုင္ေပမယ့္ တခ်ိန္မွာသူနဲ႔တစ္သင္းထဲျပန္ကစားခ်င္ေသးတယ္''လို႔ေရာ္နယ္ဒိုက ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။



(Unicode)

2006 ကမ္ဘာ့ဖလားအပြီးမှာ အင်္ဂလန်ကိုပြန်ဖို့ကြောက်ရွံ့ခဲ့တယ်လို့ဝန်ခံခဲ့တဲ့ရော်နယ်ဒို 

ပေါ်တူဂီနဲ့အင်္ဂလန်တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ ရွန်းနီအပေါ် ယုတ်မာတဲ့အပြုအမူမျိုးလုပ်ဆောင်ခဲ့ပါတယ်။အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေချိန်အတွင်း
ရွန်းနီရဲ့ဖြတ်ထုတ်မှုကို အနီကတ်ပြထုတ်ပယ်ဖို့ ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ရော်နယ်ဒိုနဲ့ ကာဗယ်ဟိုက ဒိုင်ကိုအပြင်း အထန်ဖိအားပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဝိန်း ကွင်းပြင်ထွက်သွားချိန် ရော်နယ်ဒိုက ပေါ်တူဂီအရန်ခုံတန်းဘက် မျက်စိမှိတ်ပြခဲ့တာကို ကင်မရာမန်းတွေက အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ 

ဒါကြောင့်ရော်နယ်ဒိုအနေနဲ့ အင်္ဂလန်ပရိတ်သတ်တွေရဲ့ နံပါတ်၁ရန်သူဖြစ်ခဲ့ပြီး မန်ချက်စတာကိုပြန်ဖို့တောင် ကြောက်ရွံ့ခဲ့တယ်လို့ ပြန်ပြောင်း ပြောသွားခဲ့တာပါ။ စီရော်နယ်ဒိုဟာ ရွန်းနီကိုခွင့်လွှတ်ဖို့မတောင်းဆိုခဲ့သလို ဒီဖြစ်ရပ်အတွက်နောင်တမရမိဘူးလို့ဝန်ခံခဲ့ပါသေးတယ်။ရော်နယ်ဒိုက ''မီဒီယာတွေဟာ ဇာတ်လမ်းတွေကိုပုံကြီးချဲ့ခဲ့တယ်။ဒါကြောင့် အင်္ဂလန်ပြန်ဖို့တောင် ကြောက်ရွံ့စိတ်ဖြစ်ခဲ့ရတယ်။ရွန်းနီကြောင့်တော့မဟုတ်ပါဘူး။အင်္ဂလန်ပရိတ်တွေကြောင့်ပါ။ သူတို့က မျက်စိတစ်ဖက်မှိတ်ပြခဲ့တာကို ပြောမဆုံးဘူးဖြစ်နေတယ်။ကျနော်က ရွန်းနီအပေါ်မကောင်းကြံခဲ့တာ မဟုတ်ပဲ အခွင့်ရေးကောင်းတစ်ခုကို အသုံးချခဲ့ရုံလေးပါ။မန်ချက်စတာကိုပြန်ဖို့တကယ်ခက်ခဲခဲ့ပြီး ပွဲစဉ်တိုင်းပရိတ်သတ်တွေအလှောင်ခံရမှာတွေးကြောက်နေမိတယ်။ဝိန်းနဲ့စကားပြောပြီးချိန်မှာတော့ အရင်လိုသူငယ်ချင်းတွေအဖြစ် ချက်ချင်းပြန်ရောက်သွားတယ်။ ကျနော်တို့အဲ့ဒီပွဲအကြောင်းပြန်ပြောဖြစ်ခဲ့သေးပြီး သူကအခြေအနေတွေကို နားလည်ပေးခဲ့ပါတယ်။တကယ်တော့ သူ့ဆီက အချိန်တိုင်း အကူအညီတွေရခဲ့တာပါ။သူပြောတာက အတိတ်ကိုထားခဲ့လိုက်တော့ ။အခုငါတို့ လက်ရှိအခြေအနေအကြောင်းပဲပြောရအောင်။
ပြီးရင် ဆုဖလားတွေအတွက် တိုက်ပွဲဝင်ကြတာပေါ့တဲ့။'' 


အဲ့ဒီနောက်ဝိန်းနဲ့CR7ဟာ ပြိုင်ဘက်တိုင်းရှိန်ရတဲ့အတွဲအဖက်ကောင်းတွေဖြစ်လာခဲ့ပြီး အိုးထရက်ဖို့မှာငါးနှစ်အတွင်း ပရီးမီးယားလိဂ်သုံးကြိမ်နဲ့ချန်ပီလံလိဂ်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ပေါ်တူဂီသားဟာ ၂၀၁၁ခုနှစ်မှာ မက်ဒရစ်ကိုပြောင်းရွေ့သွားခဲ့ပြီး တစ်ချိန်မှာ ရွန်းနီနဲ့ပြန်တွဲကစားလိုတယ်လို့  ဖြေသွားခဲ့ပါတယ်။ စီရော်နယ်ဒိုက ရွန်းနီနဲ့ပတ်သတ်ပြီး''သူဟာအလွန်အံ့အော်ဖွယ်ကောင်းတဲ့ ကစားသမားကတစ်ယောက်ပါပဲ။ကျနော်တို့သူငယ်ချင်းတွေကြားမှာသူ့ကို နွားသိုးလို့လဲ စနောက်ခေါ်ကြပါသေးတယ်။အလွန်သန်မာပြီးသူ့ဆီကဘောလုံးဆုံးရှုံးသွားလို့ကတော့ အသည်းအသန်လိုက်လုတက်တာကို ကောင်းကောင်းမှတ်မိပါသေးတယ်။သူဟာမယုံကြည်နိုင်စရာကန်ချက်တွေနဲ့ ဂိုးများစွာသွင်းခဲ့သူပါ။ကျနော်သူ့ကိုလွမ်းမိတယ်။အနာဂတ်ကို ဘယ်သူမှကြိုမမြင်နိုင်ပေမယ့် တချိန်မှာသူနဲ့တစ်သင်းထဲပြန်ကစားချင်သေးတယ်''လို့ရော်နယ်ဒိုက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

No comments

Powered by Blogger.