Header Ads


စာခ်ဳပ္သစ္မခ်ဳပ္ဆိုုခင္ဒီဂီယာသိခ်င္ေနတဲ့ အခ်က္တစ္ခ်က္ကဘာျဖစ္မလဲ?



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေဒးဗစ္ဒီဂီယာရဲ ့၁နွစ္တိုုးစာခ်ဳပ္သက္တမ္းက မန္ခ်က္စတာယူႏိုုက္တက္အတြက္ေတာ့အနည္းငယ္ေလးပဲစိတ္သက္သာရာရထားတာပဲျဖစ္ပါတယ္။အိုုထရက္ဖိုု ့ဒ္ရဲ ့အေရးပါဆံုုးကစားသမားျဖစ္ေနတဲ့ ဒီဂီယာက ကာလရွည္စာခ်ဳပ္မခ်ဳပ္ဆိုုခင္အေၾကာင္းအရာတစ္ခုုကိုသိခ်င္ေနတယ္လိုု ့သိရပါတယ္။အခုုခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုုက္တက္ရဲ ့အေျခအေနဟာ သိပ္မေကာင္းပါဘူး။အကယ္၍ဒီဂီယာသာ အိုုထရက္ဖိုု ့ဒ္ကေနထြက္ခြာဖိုု ့သာဆံုုးျဖတ္ခ်က္ခ်လိုုက္မယ္ဆိုုရင္ယူႏိုက္တက္အေန ဒီထက္ပိုုၿပီးအေျခအေနဆိုုးရြားသြားနိုုင္ပါတယ္။

ဒီစပိန္ဂိုုးသမားဟာ ယူႏိုုက္တက္နည္းျပေဟာင္းၾကီးဆာအဲလက္စ္ဖာဂူဆန္တစ္ေယာက္အနားယူၿပီးေနာက္ပိုုင္း ယူႏိုုက္တက္ရဲ့အေကာင္းဆံုုးကစားသမားျဖစ္လာခဲ့သလိုု ၿပီးခဲ့တဲ့၅နွစ္အတြက္ အသင္းရဲ ့တစ္နွစ္တာအေကာင္းဆံုုးကစားသမားဆုုကိုု ၄ၾကိမ္ထိရထားကာ အသင္းရဲ ့ဆုုအမ်ားဆံုုးရတဲ့ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။


ဒီဂီယာရဲ ့လက္ရိွစာခ်ဳပ္ဟာဒီနွစ္ရာသီကုုန္မွာကုုန္ဆံုုးေတာ့မွာပဲျဖစ္ပါတယ္။PSG အသင္းက လာမယ့္ဇန္န၀ါရီမွာ ဒီဂီယာကိုု အလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္ေခၚယူဖိုု ့အဆင္သင့္ျဖစ္ေနၿပီး ကမာၻ ့လစာအမ်ားဆံုုးကစားသမားျဖစ္လာဖိုု ့ရိွေနတာပဲျဖစ္ပါတယ္။ကံေကာင္းေထာက္မစြာနဲ ့ပဲ သရဲနီတိုု ့ဟာ ဒီဂီယာရဲ ့စာခ်ဳပ္ပါအခ်က္အတိုုင္း ၁နွစ္သက္တမ္းတိုုးနိုုင္ခဲ့ၿပီးအလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္လက္လႊတ္ရမယ့္အေျခအေနကိုေက်ာ္လႊားနိုုင္ခဲ့ပါတယ္။သိုု ့ေသာ္လည္းေနာက္နွစ္ဒီလိုုခ်ိန္ေရာက္လာရင္ေတာ့ ဒီလိုုစိုုးရိမ္ရမယ့္ျပႆနာကိုု ေနာက္တစ္ၾကိမ္ရင္ဆိုုင္ရမွာပဲျဖစ္ၿပီး ဒီဂီယာကိုု နွစ္ရွည္ထိန္းထားဖိုု ့ဆႏ̔ၵရိွေနပါတယ္။Mirror ရဲ ့အဆိုအရေတာ့ ဒီဂီယာရဲ ့ဆံုုးျဖတ္ခ်က္ဟာ ကလပ္ရဲ ့အနာဂတ္နဲ ့သက္ဆိုုင္ေနၿပီး ေမာ္ရင္ဟိုုဟာ မန္ေနဂ်ာအျဖစ္ရိွေနမွာလား မရိွေနဘူးလားအေပၚမွာလည္းမူတည္ေနတယ္လိုု ့သိရပါတယ္။


စာခ်ဳပ္သက္တမ္းတိုုးရံုုပဲဆိုုတဲ့ဆံုုးျဖတ္ခ်က္ဟာ ဒီစပိန္သားရဲ ့စိတ္ကိုု ေျပာင္းလဲေပးမွာမဟုုတ္ပါဘူး။ဒါပင္မယ့္လည္းသူက ကလပ္ရဲ ့အနာဂတ္ဦးတည္ခ်က္နဲ ့ဘယ္လိုုရည္မွန္းခ်က္ထားလည္းဆိုုတာသိခ်င္ေနတယ္လိုု ့ဆိုုထားပါတယ္။သူကေတာ့ ေမာ္ရင္ဟိုုကိုုအသင္းကေနထြက္ခြာေစလိုုေနတယ္လိုု ့သိရပါတယ္။ဒါပင္မယ့္လည္းသူက ေမာ္ရင္ဟိုုကိုအသင္းအတြက္ေအာင္ျမင္မႈေတြျပန္ရေစဖိုု ့ေတာ့လိုုလားေနပါတယ္။ဘာလိုု ့လဲဆိုုေတာ့ ေမာ္ရင္ဟိုုက သူ ့ကိုုအစစအရာရာ ကူညီေပးခဲ့လိုုပဲျဖစ္ပါတယ္။


ဒါ့အျပင္ဒီဂီယာက ယူႏိုုက္တက္အသင္းရဲ ့လစာအမ်ားဆံုုးကစားသမားျဖစ္ခ်င္ေနပါတယ္။ဆိုုလိုုတာက လက္ရိွအသင္းရဲ ့လစာအမ်ားဆံုုးဆန္းခ်က္စ္အေပၚမေက်မနပ္ျဖစ္ေနတာျဖစ္ၿပီးတစ္ပတ္ကို ေပါင္၅သိန္းထိရခ်င္ေနေၾကာင္းသိရပါတယ္။အမွန္တကယ္ေတာ့ ပရီးမီးယားလိပ္၁၃ၾကိမ္ရ ခ်န္ပီယံဟာ အသင္းရဲ ့ဂိုုးသမားေတာင္းဆိုုသမ ွ်ကိုုေပးဖိုု ့ဆႏ̔ၵရိွသလား ဒါမွမဟုုတ္ သူ ့ေနရာမွာအစားထိုုးဖိုု ့ေစ်းၾကီးတဲ့ဂိုုးသမားကိုုထပ္ရွာမလား ကၽြန္ေတာ္တိုု ့ေတြမသိပါဘူး။

(Unicode)

စာချုပ်သစ်မချုပ်ဆိုခင်ဒီဂီယာသိချင်နေတဲ့ အချက်တစ်ချက်ကဘာဖြစ်မလဲ?


ဒေးဗစ်ဒီဂီယာရဲ့၁နှစ်တိုးစာချုပ်သက်တမ်းက မန်ချက်စတာယူနိုက်တက်အတွက်တော့အနည်းငယ်လေးပဲစိတ်သက်သာရာရထားတာပဲဖြစ်ပါတယ်။အိုထရက်ဖို့ဒ်ရဲ့အရေးပါဆုံးကစားသမားဖြစ်နေတဲ့ ဒီဂီယာက ကာလရှည်စာချုပ်မချုပ်ဆိုခင်အကြောင်းအရာတစ်ခုကိုသိချင်နေတယ်လို့သိရပါတယ်။အခုချိန်မှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့အခြေအနေဟာ သိပ်မကောင်းပါဘူး။အကယ်၍ဒီဂီယာသာ အိုထရက်ဖို့ဒ်ကနေထွက်ခွာဖို့သာဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင်ယူနိုက်တက်အနေ ဒီထက်ပိုပြီးအခြေအနေဆိုးရွားသွားနိုင်ပါတယ်။

ဒီစပိန်ဂိုးသမားဟာ ယူနိုက်တက်နည်းပြဟောင်းကြီးဆာအဲလက်စ်ဖာဂူဆန်တစ်ယောက်အနားယူပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့သလို ပြီးခဲ့တဲ့၅နှစ်အတွက် အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ကြိမ်ထိရထားကာ အသင်းရဲ့ဆုအများဆုံးရတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒီဂီယာရဲ့လက်ရှိစာချုပ်ဟာဒီနှစ်ရာသီကုန်မှာကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။PSG အသင်းက လာမယ့်ဇန်နဝါရီမှာ ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူဖို့အဆင်သင့်ဖြစ်နေပြီး ကမ္ဘာ့လစာအများဆုံးကစားသမားဖြစ်လာဖို့ရှိနေတာပဲဖြစ်ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲ သရဲနီတို့ဟာ ဒီဂီယာရဲ့စာချုပ်ပါအချက်အတိုင်း ၁နှစ်သက်တမ်းတိုးနိုင်ခဲ့ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမယ့်အခြေအနေကိုကျော်လွှားနိုင်ခဲ့ပါတယ်။သို့သော်လည်းနောက်နှစ်ဒီလိုချိန်ရောက်လာရင်တော့ ဒီလိုစိုးရိမ်ရမယ့်ပြဿနာကို နောက်တစ်ကြိမ်ရင်ဆိုင်ရမှာပဲဖြစ်ပြီး ဒီဂီယာကို နှစ်ရှည်ထိန်းထားဖို့ဆန္̔ဒရှိနေပါတယ်။Mirror ရဲ့အဆိုအရတော့ ဒီဂီယာရဲ့ဆုံးဖြတ်ချက်ဟာ ကလပ်ရဲ့အနာဂတ်နဲ့သက်ဆိုင်နေပြီး မော်ရင်ဟိုဟာ မန်နေဂျာအဖြစ်ရှိနေမှာလား မရှိနေဘူးလားအပေါ်မှာလည်းမူတည်နေတယ်လို့သိရပါတယ်။


စာချုပ်သက်တမ်းတိုးရုံပဲဆိုတဲ့ဆုံးဖြတ်ချက်ဟာ ဒီစပိန်သားရဲ့စိတ်ကို ပြောင်းလဲပေးမှာမဟုတ်ပါဘူး။ဒါပင်မယ့်လည်းသူက ကလပ်ရဲ့အနာဂတ်ဦးတည်ချက်နဲ့ဘယ်လိုရည်မှန်းချက်ထားလည်းဆိုတာသိချင်နေတယ်လို့ဆိုထားပါတယ်။သူကတော့ မော်ရင်ဟိုကိုအသင်းကနေထွက်ခွာစေလိုနေတယ်လို့သိရပါတယ်။ဒါပင်မယ့်လည်းသူက မော်ရင်ဟိုကိုအသင်းအတွက်အောင်မြင်မှုတွေပြန်ရစေဖို့တော့လိုလားနေပါတယ်။ဘာလို့လဲဆိုတော့ မော်ရင်ဟိုက သူ့ကိုအစစအရာရာ ကူညီပေးခဲ့လိုပဲဖြစ်ပါတယ်။


ဒါ့အပြင်ဒီဂီယာက ယူနိုက်တက်အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်ချင်နေပါတယ်။ဆိုလိုတာက လက်ရှိအသင်းရဲ့လစာအများဆုံးဆန်းချက်စ်အပေါ်မကျေမနပ်ဖြစ်နေတာဖြစ်ပြီးတစ်ပတ်ကို ပေါင်၅သိန်းထိရချင်နေကြောင်းသိရပါတယ်။အမှန်တကယ်တော့ ပရီးမီးယားလိပ်၁၃ကြိမ်ရ ချန်ပီယံဟာ အသင်းရဲ့ဂိုးသမားတောင်းဆိုသမ ျှကိုပေးဖို့ဆန္̔ဒရှိသလား ဒါမှမဟုတ် သူ့နေရာမှာအစားထိုးဖို့ဈေးကြီးတဲ့ဂိုးသမားကိုထပ်ရှာမလား ကျွန်တော်တို့တွေမသိပါဘူး။


No comments

Powered by Blogger.