ပရိတ်သတ်အကျီ င်္တစ်ထည်အားအမှတ်တရလက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့တဲ့မက်ဆီကိုစော်ကားမော်ကားပြောခဲ့ဖူးတဲ့အမျိုးသမီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပရိတ်သတ်အကျီ ၤတစ်ထည်အားအမှတ်တရလက်မှတ်ထိုးဖို့ငြင်းပယ်ခဲ့တဲ့မက်ဆီကိုစော်ကားမော်ကားပြောခဲ့ဖူးတဲ့အမျိုးသမီး
ဗီဒီယိုတစ်ခုမှာမြင်တွေ့ခဲ့ရတဲ့ပုံအရ ပုံအရ အမှတ်တရလက်မှတ်ရေးထိုးပေးနေတဲ့ ဘာစီလိုနာစတားမက်ဆီကို အမျိုးသမီးပရိတ်သတ်တစ်ယောက်က တော်တော်လေးစော်ကားမော်ကားပြောနေတာကိုတွေ့လိုက်ရပါတယ်။
အပေါ်ကဗီဒီယိုမှာ တွေ့မြင်ခဲ့ရတာကတော့ အဆိုပါပရိတ်သတ်ဟာ မက်ဆီကို ရိုဆာရီယိုဆန်ထရယ်ကလပ်အသင်းရဲ့အကျီ ၤမှာ လက်မှတ်ရေးထိုးပေးဖို့တောင်းဆိုနေတာပဲဖြစ်ပါတယ်။ဘော်လွန်ဒီအော် ၅ကြိမ်ဆုရ ကစားသမားဟာ ရိုဆာရီယိုဆန်ထရယ်ကလပ်ရဲ့ပြိုင်ဘက် နယူဝဲလ်အိုလ်ဘွိုင်းအသင်းရဲ့ထာဝရပရိတ်သတ်တစ်ယောက်ဖြစ်နေတာမေ့ထားလို့မရပါဘူး။နယူဝဲလ်အသင်းနဲ့ရိုဆာရီယို တို့ယှဉ်ပြိုင်မှုတွေဟာ ဗျူရီနိုအေရီရက်စ် ပြင်ဘက် အာဂျင်တီးနားတို့ရဲ့အရေးကြီးဆုံးဒါဘီပွဲတစ်ပွဲအဖြစ်သတ်မှတ်ထားကြတာဖြစ်ပြီး အဆိုပါ ၂သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ အမျိုးမျိုးသောမတော်တဆအမှုတွေနဲ့အတူ သံသယဖြစ်စရာတွေအများကြီးရှိနေခဲ့တာပါ။
ဒီလိုမျိုးဖြစ်ရပ်က မက်ဆီကို ရီးရဲလ်မက်ဒရစ်အကျီ ၤအပေါ် လက်မှတ်ရေးထိုးခိုင်းသလိုဖြစ်နေပါတယ်။ဒီလိုမျိုးဘယ်တော့မှ ဖြစ်လာလိမ့်မယ်မဟုတ်ပါဘူး။ဒါပင်မယ့်လည်း မက်ဆီရဲ့ငြင်းပယ်မှုကိုအဆိုပါပရိတ်သတ်တစ်ယောက်အနာကြည်း နာနေပါတယ်။ဂျာနယ်လစ် ဟွမ်အာရမ်ဂိုရဲ့အဆိုအရတော့ အမျိုးသမီးပရိတ်သတ်ဟာ မက်ဆီကို “ pecho frio” လို့ပြောခဲ့တာဖြစ်ပြီး အဓိပ္ပာယ်ကတော့ စိတ်မပါတဲ့လူတစ်ယောက်ပေါ့ပျက်ပျက်နဲ့လို့သိရပါတယ်။တစ်ဦးချင်မှာရော အသင်းလိုက်မှာပါဆုတံဆိပ်များစွာယူထားတဲ့သူတစ်ယောက်ကို စိတ်မပါတဲ့လူလို့ပြောလိုက်တာကတော့ အတော်လေးသဘာဝမကျတာပဲဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၀၁ ခုနှစ်မှာ ဘာစီလိုနာကိုမရောက်လာခင် နယူဝဲလ်အိုလ်ဘွိုင်းစ်အသင်းမှာ ၆နှစ်တာကာလလောက်နေထိုင်ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေမှာတုန်းကတော့ ကလပ်ရဲ့ဒုဥက္ကဠ ခရစ်စတီယန်ဒီအမ်မီကို က မက်ဆီကို သူ့ငယ်ဘဝကလပ်ဆီပြန်လာကစားလိမ့်မယ်ဆိုတာယုံကြည်ကြောင်းဖွင့်ဟဝန်ခံပြောကြားဖူးပါတယ်။
“ ကျွန်တော်တကယ့်ကို ယုံကြည်ထားပါတယ်။သက်တူရွယ်တူတွေလိုပါပဲ။ကမ္ဘာ့အကောင်းဆုံးကစားသမားကို နယူဝဲလ်အကျီ ၤနဲ့ရလိုက်မယ်ဆိုရင် သမိုင်းတစ်ခုကိုစိုက်ထူနိုင်ပြီလို့ဆိုရပါမယ်။မက်ဆီသာပြန်ဝတ်မယ်ဆိုကျွန်တော်တို့တကယ်ကို ကြည်နူးမိမှာပါ။စဉ်းစားကြည့်ကြပါ။သူသာ ဒီရောက်လာမယ်ဆို ကမ္ဘာ့အနှံသတင်းစာရှင်းလင်းပွဲတွေလုပ်မယ်။စပွန်ဆာတွေရောက်လာမယ်။စီးပွားရေးအရတကယ့်ကိုတွက်ခြေကိုက်သွားမှာပါ။ပြီးတော့အသင်းရဲ့အကြွေးတွေကိုလည်းကောင်းကောင်းဆပ်နိုင်သွားမှာပေါ့။”
မက်ဆီက လည်း သူဘာစီလိုနာအသင်းကနေထွက်ခွာပြီးသွားကစားချင်တဲ့တစ်ခုထဲသောအသင်းဟာ နယူဝဲလ်အသင်းသာဖြစ်တယ်လို့အရင်အင်တာဗျူးတွေမှာဖွင့်ဟဝန်ခံပြောကြားခဲ့ဖူးပါတယ်။
Post a Comment