မယံုုနိုုင္စရာကာကြယ္မႈ၂ၾကိမ္ထိလက္စြမ္းျပခဲ့တဲ့ လူး၀စ္ကာရီးရက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘက္စ္ဆစ္တပ္စ္ဂိုုးသမားလူး၀စ္ကာရီးရက္စ္ဟာ မေန ့က ကစားခဲ့တဲ့ပြဲမွာ ေသခ်ာေပါက္သြင္းဂိုုး၂ဂိုုးကိုု ကာကြယ္ျပခဲ့ပါတယ္။
ဂ်ာမန္ဂိုးသမားဟာ သူ ့ရဲ ့စြမ္းေဆာင္ရည္က်ဆင္းေနမႈေၾကာင့္ အသင္းက ထြက္ခြာခြင့္ျပဳဖိုု ့ရိွေနေသာ္လည္း ဒီပြဲမွာေတာ့အေကာင္းဆံုုးလက္စြမ္းျပခဲ့ပါတယ္။
ေထာင့္ကန္ေဘာနားကေန ကန္တင္လိုုက္တဲ့ေဘာလံုုးကိုု Alanyaspar အသင္းကတိုုက္စစ္မွဴးေတြက ေသခ်ာေပါက္သြင္းဂိုုးရဖိုု ့ဖန္တီးခဲ့ေသာ္လည္း ကာရီးရက္စ္ အံၾသသင့္ဖြယ္ပုုတ္ထုုတ္ျပခဲ့ပါတယ္။
ဒီတစ္လံုုးပဲလားမဟုုတ္ျပန္ပါဘူး။ေနာက္ထပ္ ေသခ်ာေပါက္ ၿပိဳင္ဘက္နဲ ့၁ေယာက္ခ်င္းေတြ ့တဲ့ သြင္းဂိုုးကိုု သူရဲ ေကာင္းဆန္ဆန္ကာကြယ္ျပခဲ့ပါတယ္။
ဒါပင္မယ့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္မွာတုုန္း ကေနာ္ေ၀းမွာသြားကစားခဲ့တဲ့ ယူရိုုပါလိပ္ပြဲ Sarpsborg အသင္းနဲ ့ကစားခဲ့တဲ့ပြဲမွာ ဂိုုးေရွ ့မွာေနရာယူမွားခဲ့တာေၾကာင္း ကိုုက္၄၀ အကြာက ဂိုုးကိုုခြင့္ျပဳေပးခဲ့ရတာေၾကာင့္ေ၀ဖန္ေလွာင္ေျပာင္မႈေတြနဲ ့ရင္ဆိုုင္ေနခဲ့ရတာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း ကာရီးရက္စ္အတြက္ကံေကာင္းသြားခဲ့တာက ေတာ့ သူ ့ရဲ ့အသင္းဟာ အဆိုုပါပြဲမွာအနိုုင္ရရိွခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
မယုံနိုင်စရာကာကွယ်၂ကြိမ်ထိလက်စွမ်းပြခဲ့တဲ့ လူးဝစ်ကာရီးရက်စ်
ဘက်စ်ဆစ်တပ်စ်ဂိုးသမားလူးဝစ်ကာရီးရက်စ်ဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာ သေချာပေါက်သွင်းဂိုး၂ဂိုးကို ကာကွယ်ပြခဲ့ပါတယ်။
ဂျာမန်ဂိုးသမားဟာ သူ့ရဲ့စွမ်းဆောင်ရည်ကျဆင်းနေမှုကြောင့် အသင်းက ထွက်ခွာခွင့်ပြုဖို့ရှိနေသော်လည်း ဒီပွဲမှာတော့အကောင်းဆုံးလက်စွမ်းပြခဲ့ပါတယ်။
ထောင့်ကန်ဘောနားကနေ ကန်တင်လိုက်တဲ့ဘောလုံးကို Alanyaspar အသင်းကတိုက်စစ်မှူးတွေက သေချာပေါက်သွင်းဂိုးရဖို့ဖန်တီးခဲ့သော်လည်း ကာရီးရက်စ် အံသြသင့်ဖွယ်ပုတ်ထုတ်ပြခဲ့ပါတယ်။
ဒီတစ်လုံးပဲလားမဟုတ်ပြန်ပါဘူး။နောက်ထပ် သေချာပေါက် ပြိုင်ဘက်နဲ့၁ယောက်ချင်းတွေ့တဲ့ သွင်းဂိုးကို သူရဲ ကောင်းဆန်ဆန်ကာကွယ်ပြခဲ့ပါတယ်။
ဒါပင်မယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာတုန်း ကနော်ဝေးမှာသွားကစားခဲ့တဲ့ ယူရိုပါလိပ်ပွဲ Sarpsborg အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးရှေ့မှာနေရာယူမှားခဲ့တာကြောင်း ကိုက်၄၀ အကွာက ဂိုးကိုခွင့်ပြုပေးခဲ့ရတာကြောင့်ဝေဖန်လှောင်ပြောင်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။သို့သော်လည်း ကာရီးရက်စ်အတွက်ကံကောင်းသွားခဲ့တာက တော့ သူ့ရဲ့အသင်းဟာ အဆိုပါပွဲမှာအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
Post a Comment