Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စ်လာပါတယ်။
(Unicode)
၂၀၁၂ ခုနှစ်က သေမင်းနဲ့စစ်ခင်းခဲ့ဖူးပြီး သေတမ်းစာတောင်ရေးခဲ့တဲ့ဗန်ဒိုက်
လူသိများတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့လီဗာပူးနောက်ခံလူ ဗန်ဒိုက်သေလုမျောပါးဝေဒနာခံစားခဲ့ရတဲ့အေ
ကြာင်းကို သူ့နည်းပြဟောင်းက ထုတ်ဖော်ပြောပြခဲ့ပါတယ်။Groningenအသင်းမှာကစားစဉ်က အသက်နှစ်ဆယ်အရွယ်သာရှိသေးတဲ့ဗန်ဒိုက်ဟာ ဖျားနာခဲ့ပြီးနောက် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေထိ ဖြ
စ်လာပါတယ်။
ပွဲတစ်ခုကစားပြီးအပြန်မှာ အဖျားတက်လာခဲ့ပေမယ့် အစက သာမန်ဖျားနာခြင်းသာထင်ခဲ့ပါတယ်။နောက်မှထွက်ပေါ်လာတဲ့ ဆေးစစ်ချက်တွေအရ အူအတက်ရောင်နေတဲ့အပြင် ကျောက်ကပ်နဲ့ဆိုင်တဲ့ဝေဒနာကိုပါခံစားနေရတာပါ။''သူဖျားတယ်ဆိုတုန်းက ဒီလောက်ကြီးကြီးမားမားဖြစ်လာမယ်မထင်ခဲ့ဘူး။တုပ်ကွေးမိတာလောက်ပဲထင်တာ။သူအိမ်မှာရက်တွေအကြာကြီး နာကျင်ခံစားခဲ့ရတယ်။သူဆေးရုံသွားတော့လည်း ဘာရောဂါလက္ခဏာမှမတွေ့လို့ အိမ်ပြန်လွှတ်ကြတယ်။အခြေအနေတွေပိုဆိုးလာချိန်မှာတော့ သူ့အမေက အဝေးကြီးကနေ ပြန်လာကြည့်ခဲ့တယ်။ ဗန်ဒိုက်ရဲ့ရောဂါပိုဆိုးလာတာကြောင့် သူမဟာ သားဖြစ်သူကိုဆေးရုံပြောင်းပို့ကြည့်တယ်။ဒါကတကယ်အရေးပါခဲ့ပြီး သူ့အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့တယ်။အဲ့ဒီနောက်မှာလူသန်ကြီးတစ်ယောက်အဖြစ်အသင်းကို ပြန်လာခဲ့တာ ကျနော်ဖြင့်အတော်အံ့သြခဲ့ရတယ်။လျှင်လျှင်မြန်မြန်ပဲ အခြေနေဆိုးတွေကရုန်းထွက်ပြီး သူ့ကိုယ်သူတည်ဆောက်ယူနိုင်ခဲ့တယ်။''လို့သူ့မန်နေဂျာဟောင်းက ထုတ်ဖော်ပြောခဲ့ပါတယ်။
ဗန်ဒိုက်ဟာသူ့အမေရဲ့ခွဲစိတ်ဖို့တိုက်တွန်းမှုကြောင့်သာ သေဘေးကကင်းလွတ်ခွင့်ရခဲ့တာဖြစ်ပြီး နှစ်လလောက်တော့ မြက်ခင်းစိမ်းတွေနဲ့ကွဲကွာခဲ့ရပါတယ်။ဒီကာလတွေအတွင်း သူတစ်ခုခုဖြစ်ခဲ့ရင် အမေ့အတွက်ငွေကြေးနဲ့ပတ်သတ်တဲ့ စာကိုတောင်ရေးထားပေးခဲ့ပါတယ်။''ကျနော်အိပ်ယာထဲ လှဲနေရတဲ့အချိန်တွေကိုသတိရမိပါသေးတယ်''လို့ဗန်ဒိုက်ပြောဖူးပါတယ်။''ကျနော့်ကိုယ်ပေါ်မှာ ပိုက်တွေတန်းလန်းနဲ့  ဘာမှလည်းမလုပ်နိုင်ဘူး။အဲ့အချိန်ကဆို ခေါင်းထဲမှာ တဝှီးဝှီးနဲ့ အတွေးပေါင်းစုံ ဂယက်ရိုက်နေတယ်။အန္တရယ်တွေကြား ရောက်နေတဲ့ ဘဝအတွက် ဘုရားသခင်ဆီ အမေနဲ့ကျနော်ဆုတောင်းခဲ့တယ်။ကျနော်သေသွားရင် ငွေအချို့ကို အမေ့ဆီပေးဖို့ စာရွက်စာတမ်းတွေမှာ သက်သေအဖြစ်တောင် လက်မှတ်ထိုးခဲ့သေးတာ။လူအတော်များများက အတိတ်ဆိုးတွေအကြောင်းပြန်မပြောချင်ဘူး။ကျနော်ကတော့အေးဆေးပါ။ ဒါတွေအကုန်လုံးပြီးဆုံးခဲ့ပြီလေ။''လို့ဗန်ဒိုက်ကဆိုသွားခဲ့ပါတယ်။
အဆိုးဆုံးတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ ခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။နိုင်ငံအသင်းကိုဦးဆောင်နေသလို လီဗာပူးရဲ့အကောင်းဆုံးရာသီအစမှာလည်းလအရေးပါတဲ့အခန်းကဏ္ဍ ကနေပါဝင်ကူညီပေးနေခဲ့ပါတယ်။
No comments
Powered by Blogger.