Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘာနေဗျူမှာ ရိုနယ်ဒို နဲ့မက်ဆီတို့ကိုအတူယှဉ်ပြီးမြင်ခွင့်ရပါတော့မယ်။
ပြီးခဲ့တဲ့ ၁၀စုနှစ်ကြာဘောလုံးလောကကိုသူတစ်ပြန်ကိုယ်တစ်ပြန်လွှမ်းမိုးခဲ့ကြတဲ့ မက်ဆီနဲ့စီရိုနယ်ဒိုတို့ဟာ ဘိုကာဂျူနီယာ အသင်းနဲ့ရီဗာပလိတ်တို့ကစားကြမယ့် Copa Libertadores ဖိုင်နယ်ပွဲကို ကွင်းထဲမှာ ၂ယောက်အတူတူထိုင်ကြည့်ဖို့ရှိနေတယ်လို့သိရပါတယ်။
လာမယ့်တနင်္ဂနွေနေ့ညမှာကစားမယ့် ဘာနေဗျူကွင်းမှာ ကစားမယ့်ပွဲအတွက် ဘောလုံးဂုရု၂ယောက်စလုံးကိုဘာနေဗျူးကွင်းထဲမှာအတူတကွရှိစေဖို့ရီးရဲလ်ဥက္ကဌ ပီးရက်ဇ်ကရည်ရွယ်ထားတာပဲဖြစ်ပါတယ်။စပိန်ထုတ်ဝေရေးဖြစ်တဲ့ AS ရဲ့အဆိုအရ အဖွဲ့ချုပ်နဲ့တောင်အမေရိကအကျိုးစီးပွားရေးအဖွဲ့အစည်းက ဒီအပတ်မှာ အထူးဧည့်သည်တော်အဖြစ်ရောက်လာမယ့် မက်ဆီ နဲ့ရိုနယ်ဒိုတို့အထူးဦးစားပေးဆက်ဆံကြိုဆိုဖို့သဘောတူထားတယ်လို့သိရပါတယ်။ဒါဟာရိုနယ်ဒိုအတွက်တော့ နွေရာသီမှာ ဂျူဗင်တပ်စ်ဆီ ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဘာနေဗျူးကွင်းဆီပြန်လည်အခြေချတာပဲဖြစ်ပါတယ်။
မက်ဒရစ်မြို့ဟာ ချန်ပီယံလိပ်ဖိုင်နယ်နဲ့Copa Libertadores ဖလားဖိုင်နယ်ပွဲတွေကို တစ်နှစ်အတွင်းလက်ခံကျင်းပဖို့ရှိနေပါတယ်။ဒီ Copa Libertadores ဖိုင်နယ်ပွဲဟာ ဒုတိယအကျော့ဖြစ်ပြီး ဘာနေဗျူမှာ ဘာလို့လာကျင်းပရသလဲဆိုရင် ပထမအကျော့က ရီဗာပလိတ်ပရိတ်သတ်တွေက ဘိုကာ အသင်းရဲ့နည်းပြ နဲ့ကစားသမားတွေကို တိုက်ခိုင်ခဲ့တာကြောင့် ဖြစ်ပြီး ကြားကွင်းအဖြစ် ဘာနေဗျူမှာ ဒုတိယအကျော့ကို လာကန်ဖို့အကြောင်းဖန်လာပဲဖြစ်ပါတယ်။
ပထမအကျော့ပွဲမှာတော့ ၂ဖက်စလုံး ၂-၂ ဖြင့် သရေကျခဲ့ပြီး ဘိုကာကစားသမား၂ယောက်ဟာ ပရိတ်သတ်တွေရဲ့တိုက်ခိုက်ခြင်းခံရတဲ့အတွက်ကြောင့် ဆေးရုံတက်ရပြီးနောက်ပိုင်း ပွဲကိုဆက်လက်မကျင်းပတော့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က အဆိုပါ ဒုတိယကျော့ကို ပြန်ကန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ကနေဦးတုန်းကတော့ အဆိုပါပွဲကို ပါရာဂွေး သို့မဟုတ် ဒိုဟာမှာ ကစားဖို့ရှိခဲ့သော်လည်း FIFA က ကန့်ကွက်ခဲ့တာကြောင့် ဒီနှစ်ချန်ပီယံလိပ်ဖိုင်နယ်ကို ဧည့်ခံမယ်ကျင်းပမယ့် မက်ဒရစ်မြို့မှာကစားဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
ဘာနေဗျူမှာ ရိုနယ်ဒို နဲ့မက်ဆီတို့၂ယောက်ကို အတူယှဉ်ပြီး မြင်ရမှာ သိပ်ကို ကောင်းမွန်တဲ့မြင်ကွင်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။
Post a Comment