Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လုံးဝလူမကြည့်ပဲအထာကျကျဘောလုံးပေးပို့ခဲ့တဲ့မန်စီးတီးဂိုးသမားအီဒါဆင်
Vicarage Road မှာ မနေ့က ကစားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ဝတ်ဖို့ဒ်တို့ပွဲအတွင်း အီဒါဆင်တစ်ယောက် လက်ဖျားခါလောက်တဲ့ ပေးပို့မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
အသက်၂၅နှစ်အရွယ်ဘရာဇီးဂိုးသမားဟာ အသင်းရဲ့ခိုင်မာတဲ့နောက်တန်းမှာတော့အေးဆေးဖြစ်လွန်းနေတာကိုတွေ့ရပါတယ်။ဒါပင်မယ့်လည်း သူကိုယ်သူအရမ်းကြီးအထင်ကြီးနေတဲ့ပုံတော့မပေါက်ပါဘူး။
စီးတီးအသင်းရဲ့ဂိုးပေါက်ကာကွယ်သူကြီးဟာ ပထမပိုင်းအတွင်း အသင်းရဲ့နောက်ခံလူပြန်ချတဲ့ဘောလုံးကို ကိုင်ထားရင်း ဝတ်ဖို့ဒ်တိုက်စစ်ကစားသမားတွေရဲ့ဖိအားပေးထားနေတဲ့အကြားက No-Look Pass လို့ခေါ်တဲ့ တစ်နေရာကို ကြည့်နေရင်း အခြားဆန့်ကျင်ဘက်တစ်နေရာကို လုံးဝမကြည့်ပဲဘောလုံးပေးပို့ခဲ့တာကို တွေ့ရပြီး တကယ်ကို့ကြည့်ကောင်းခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုစကေးလ်မျိုးကိုဘောလုံးလောကမှာ နာမည်ကြီးတိုက်စစ်ကွင်းလယ်ကစားသမားတွေသာ ရံဖန်ရံခါစွမ်းဆောင်ပြတတ်တာကိုတွေ့ရပါတယ်။
ဘောလုံးပရိတ်သတ်တွေကတော့ အီဒါဆင်ရဲ့စကေးလ်နဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေမှာချီးကျူးနေကြတာကို တွေ့ရပါတယ်။
Post a Comment