အဂၤါေန ့နံနက္ခင္းေနာက္ဆံုုးရေဘာလံုုးသတင္းတိုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက ၂၀၁၈ ေဘာ္လြန္ဒီေအာ္ဆုုေပးပြဲက်င္းပခဲ့ရာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူလူကာမိုုဒရစ္က အသင္းေဖာ္ေဟာင္း ရိုုနယ္ဒိုု နဲ ့ဂရစ္ဇမန္းတိုု ့ကိုုေက်ာ္ျဖတ္ကာဆုုရရိွခဲ့ေၾကာင္းသိရပါတယ္။မဲခြဲဆံုုးျဖတ္မႈအရ မိုုဒရစ္ကပထမ၊ ရိုုနယ္ဒိုု ကဒုုတိယနွင့္ ဂရစ္ဇမန္းတိုု ့ကတတိယေနရာမွာ ရိွေနခဲ့ၾကေၾကာင္းသိရပါတယ္။
PSG အသင္းနဲ ့ျပင္သစ္တိုုက္စစ္လူငယ္ကစားသမား အမ္ဘာေပးဟာ ျပင္သစ္ေဘာလံုုးက ခ်ီးျမွင့္တဲ့ အသက္၂၁နွစ္ေအာက္အေကာင္းဆံုုးလူငယ္ကစားသမားဆုျဖစ္တဲ့ ကိုုပါဆုုကို ခ်ီးျမွင့္ခဲ့ေၾကာင္းသိရပါတယ္။အမ္ဘာေပးဟာအဆိုုပါဆုုကိုု အာနိုုးလ္၊ပူလီဆစ္၊ကလာဗတ္ စတဲ ့လူငယ္ကစားသမားေတြကိုုေက်ာ္ျဖတ္ကာ ရရိွခဲ့တာပဲျဖစ္ပါတယ္။
အာဆင္နယ္ကြင္းလယ္ကစားသမား အိုုလ္ေဇးက လန္ဒန္ဒါဘီပြဲမွာ စပါးလ္အသင္းကိုု အနိုုင္ရယူၿပီးေနာက္ လန္ဒန္ၿမိဳ ့ဟာ အနီေရာင္ေတြပါပဲလိုု ့ေၾကြးေၾကာ္လိုုက္ေၾကာင္းသိရပါတယ္။ဒါပင္မယ့္လည္းအသင္းနည္းျပအူနိုုင္းအမ္မရီက အိုုေဇးလ္ကိုု ကိုုယ့္အနာဂတ္နဲ ့ပတ္သတ္ၿပီး အသင္းမွာတိုုက္ပြဲ၀င္သြားဖိုု ့တိုုက္တြန္းလိုုက္ေၾကာင္းသိရပါတယ္။
မန္စီးတီးနည္းျပပတ္ဂြာဒီယိုုလာက အသင္းရဲ ့တိုုက္စစ္ကစားသမားဆာေနးကိုု မန္စီးတီးမွာ နွစ္ေပါင္းမ်ားစြာကစားေပးဖိုု ့ေမ ွ်ာ္လင့္ေနေၾကာင္းဆိုုလိုုက္ပါတယ္။
ေဘာ္လြန္ဒီေအာ္ဆုုရွင္ မိုုဒရစ္က သူဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာပဲကစားသမားဘ၀ကိုု အဆံုုးသတ္သြားေတာ့မယ္လိုု ့ဖြင့္ဟ၀န္ခံေျပာၾကားလိုုက္ပါတယ္။
အက္တလက္တီကိုုအသင္းနဲ့ ျပင္သစ္တိုုက္စစ္ကစားသမား ဂရစ္ဇမန္း က ၂၁၀၈ ေဘာ္လြန္ဒီေအာ္ဆုု ကိုု ရီးရဲလ္အသင္းနဲ ့ခ်န္ပီယံလိပ္ဆုုဖလားဆြတ္ခူးခဲ့တဲ့ မိုုဒရစ္တစ္ေယာက္ရရိွခဲ့တဲ့အေပၚ ခ်န္ပီယံလိပ္ဟာ ကမာၻ ့ဖလားထက္ပိုုၿပီးအေရးၾကီးအရာေရာက္တဲ့ၿပိဳင္ပြဲလိုု ့မွတ္ခ်က္ေပးသြားခဲ့ပါတယ္။
အင္တာမီလန္အသင္းနဲ ့လက္စတာကစားသမားေဟာင္း ကမ္ဘီယာဆုိက ဂ်ဴဗင္တပ္စ္တိုုက္စစ္မွဴး ရိုုနယ္ဒိုဟာ လူတိုုင္းၾကိဳက္တဲ့ အမ်ိဳးသမီးတစ္ေယာက္လိုု ပဲလိုု ့ခ်ီးက်ဴးေျပာၾကားသြားခဲ့ပါတယ္။
ဗီဒီယိုုအေထာက္အကူျပဳဒိုုင္ျဖစ္တဲ့ VAR စနစ္ကိုု ယခုနွစ္ခ်န္ပီယံလိပ္ရံႈးထြက္အဆင့္ကေနစတင္ၿပီး စတင္အသံုုးျပဳေတာ့မွာျဖစ္တယ္လိုု ့တရား၀င္အတည္ျပဳလိုုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
အသက္ ၈၇ နွစ္အရြယ္ရိွၿပီျဖစ္တဲ့ ဘာစီလိုုနာဥကၠဌေဟာင္း လူး၀စ္နမ္နက္စ္ဟာ မေန ့ညမွာပင္ေသဆံုုးသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
(Unicode)
အင်္ဂါနေ့နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
မနေ့ညက ၂၀၁၈ ဘော်လွန်ဒီအော်ဆုပေးပွဲကျင်းပခဲ့ရာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူလူကာမိုဒရစ်က အသင်းဖော်ဟောင်း ရိုနယ်ဒို နဲ့ဂရစ်ဇမန်းတို့ကိုကျော်ဖြတ်ကာဆုရရှိခဲ့ကြောင်းသိရပါတယ်။မဲခွဲဆုံးဖြတ်မှုအရ မိုဒရစ်ကပထမ၊ ရိုနယ်ဒို ကဒုတိယနှင့် ဂရစ်ဇမန်းတို့ကတတိယနေရာမှာ ရှိနေခဲ့ကြကြောင်းသိရပါတယ်။
PSG အသင်းနဲ့ပြင်သစ်တိုက်စစ်လူငယ်ကစားသမား အမ်ဘာပေးဟာ ပြင်သစ်ဘောလုံးက ချီးမြှင့်တဲ့ အသက်၂၁နှစ်အောက်အကောင်းဆုံးလူငယ်ကစားသမားဆုဖြစ်တဲ့ ကိုပါဆုကို ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။အမ်ဘာပေးဟာအဆိုပါဆုကို အာနိုးလ်၊ပူလီဆစ်၊ကလာဗတ် စတဲ့လူငယ်ကစားသမားတွေကိုကျော်ဖြတ်ကာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမား အိုလ်ဇေးက လန်ဒန်ဒါဘီပွဲမှာ စပါးလ်အသင်းကို အနိုင်ရယူပြီးနောက် လန်ဒန်မြို့ဟာ အနီရောင်တွေပါပဲလို့ကြွေးကြော်လိုက်ကြောင်းသိရပါတယ်။ဒါပင်မယ့်လည်းအသင်းနည်းပြအူနိုင်းအမ်မရီက အိုဇေးလ်ကို ကိုယ့်အနာဂတ်နဲ့ပတ်သတ်ပြီး အသင်းမှာတိုက်ပွဲဝင်သွားဖို့တိုက်တွန်းလိုက်ကြောင်းသိရပါတယ်။
မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက အသင်းရဲ့တိုက်စစ်ကစားသမားဆာနေးကို မန်စီးတီးမှာ နှစ်ပေါင်းများစွာကစားပေးဖို့မေ ျှာ်လင့်နေကြောင်းဆိုလိုက်ပါတယ်။
ဘော်လွန်ဒီအော်ဆုရှင် မိုဒရစ်က သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲကစားသမားဘဝကို အဆုံးသတ်သွားတော့မယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
အက်တလက်တီကိုအသင်းနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇမန်း က ၂၁၀၈ ဘော်လွန်ဒီအော်ဆု ကို ရီးရဲလ်အသင်းနဲ့ချန်ပီယံလိပ်ဆုဖလားဆွတ်ခူးခဲ့တဲ့ မိုဒရစ်တစ်ယောက်ရရှိခဲ့တဲ့အပေါ် ချန်ပီယံလိပ်ဟာ ကမ္ဘာ့ဖလားထက်ပိုပြီးအရေးကြီးအရာရောက်တဲ့ပြိုင်ပွဲလို့မှတ်ချက်ပေးသွားခဲ့ပါတယ်။
အင်တာမီလန်အသင်းနဲ့လက်စတာကစားသမားဟောင်း ကမ်ဘီယာဆိုက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရိုနယ်ဒိုဟာ လူတိုင်းကြိုက်တဲ့ အမျိုးသမီးတစ်ယောက်လို ပဲလို့ချီးကျူးပြောကြားသွားခဲ့ပါတယ်။
ဗီဒီယိုအထောက်အကူပြုဒိုင်ဖြစ်တဲ့ VAR စနစ်ကို ယခုနှစ်ချန်ပီယံလိပ်ရှုံးထွက်အဆင့်ကနေစတင်ပြီး စတင်အသုံးပြုတော့မှာဖြစ်တယ်လို့တရားဝင်အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာဥက္ကဌဟောင်း လူးဝစ်နမ်နက်စ်ဟာ မနေ့ညမှာပင်သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
Post a Comment