Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စောင့်ကြည့်ချင်စရာခြေစွမ်းပိုင်ရှင်ဖြစ်လာတဲ့လူးကပ်တော်ရဲရားကိုချီးကျူးရအောင်ဗျာ..
တော်ရဲရားဟာအာဆင်နယ်အသင်းရဲ့၁နှစ်တာအကောင်းဆုံးခေါ်ယူမှုအဖြစ်  အာဆင်နယ်ဖန်တွေရဲ့သတ်မှတ်ခြင်းခံနေရပါပြီ။မြောက်လန်ဒန်ဒါဘီမှာကျွဲရိုင်းတစ်ကောင်လိုမာကျောမှုအပြည့်နဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းကို အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပါတယ်။
အာဆင်နယ်အတွက် ရွေ့လျားမှုအားကောင်းတဲ့ ကွင်လယ်ကစားသမားမျိုးလိုအပ်နေရာမှာ နွေရာသီကတော်ရဲရားကိုခေါ်ယူခဲ့ပါတယ်။အခုချိန်မှာတော့ သူက အကောင်းဆုံးဖြည့်စည်းပေးနိုင်ခဲ့ပါပြီ။ဒီလိုကျောက်ရိုင်းတစ်ပွင့်ကို ဆမ်ဒိုးရီးယားကနေ ပေါင်26သန်းအသုံးပြုပြီးခေါ်ယူနိုင်ခဲ့တာပါ။အသက်၂၂အရွယ်လူငယ်လေးဟာ နောက်ဆုံးလေးပွဲမှာMan of the match သုံးကြိမ်ထိရခဲ့ပြီး စပါးနဲ့ပွဲမှာတော့ အာဆင်နယ်ကစားသမားဘဝပထမဆုံးဂိုးကိုပါရှိခဲ့ပါတယ်။ဒါ့အပြင် ခါးသီးပြိုင်ဘက်ကို ဂိုးသွင်းပြီးချိန် အောင်ပွဲခံပုံကြောင့်လည်း ဂန်းနားတို့ရဲ့ အချစ်ကိုရခဲ့ပါသေးတယ်။
4-2ဖြစ်စေမယ့်ဂိုးကိုသွင်းပြီးချိန်မှာ ထောင့်ကန်ဘောတိုင်နားကိုအကျီ ၤချွတ် နဲ့ပြေးသွားပြီး မြက်ခင်းကိုလက်သီးနဲ့ထိုးကာ အားရပါးရအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ဒီလုပ်ရပ်က တော်ရဲရားကို အာဆင်နယ်ဖန်တွေရဲ့အချစ်တော်ဖြစ်  စေခဲ့ပါတယ်။ဒါဘီပွဲအကြောင်းပြန်ကောက်ရရင် တော်ရဲရားဟာ ဘောလုံးပေးပို့မှု 48ကြိမ်မှာ 43ကြိမ်လိုရာရောက်ခဲ့ပြီးပြိုင်ဘက်ခြေထဲက ၁၂ကြိမ်ထိ လုယူနိုင်ခဲ့ပါတယ်။
ဒီလိုကွင်းလယ်ကျောက်ဆောင်မျိုး အာဆင်နယ်မှာမမြင်ရတာဘယ်လောက်ကြာနေပြီလဲ။လာကာဇက်က3-2ဖြစ်စေမယ့်အနိုင်ဂိုးသွင်းပြီး သုံးမိနစ်မပြည့်ခင်မှာပဲ တော်ရဲရားက ဂိုးတစ်ဂိုးထပ်သွင်းပြီး ဂိုးရလဒ်ပြတ်သားစေခဲ့ပါတယ်။ဒီဂိုးကြောင့် ပွဲချိန်နောက်ပိုင်းမှာ ဂန်းနားတို့စိတ်အေးလက်အေး ကစားသွားစေနိုင်တာပါ။နွေရာသီမှရောက်လာတဲ့ ဥရုဂွေးသားဟာ  အသင်းနဲ့အလျှင်အမြန်အထိုင်ကျပြီး အမ်မရီရဲ့ ယုံကြည်မှုကို အပြည့်အဝရယူနိုင်ခဲ့ပါပြီ။''တော်ရဲရားဟာ ကွင်းထဲမှာအလွန်တောက်ပတဲ့ အရည်အသွေးထုတ်ပြနိုင်တဲ့ လူငယ်မျိုးပါ။အရည်အချင်းအပြည့်အဝရှိသူတစ်ယောက်ပြီး ဆမ်ဒိုးရီးယားမှာထဲက သူရဲ့လုပ်ဆောင်မှုတွေကိုကြည့်ရတာ စိတ်ကျေနပ်မှုရနေခဲ့တာ။ပြီးတော့  ကမ္ဘာ့ဖလားမှာလည်း ဥရုဂွေးအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာ ကျနော်တို့အားလုံးအမြင်ပါပဲ။သူက ငယ်ငယ်ရွယ်ရွယ်နဲ့တိုက်ရည်ခိုက်ရည်ပြည့်ဝနေပါပြီ။ဒီထက်မကလည်း ပိုတိုးတက်လာအုံးမှာဖြစ်လို့ အာဆင်နယ်အတွက်တော့ လာခြင်းကောင်းသူတစ်ယောက်ပါပဲ''လို့အမ်မရီက  တော်ရဲရားကို ချီးကျူးသွားခဲ့ပါတယ်။သူဟာပရီးမီးယားလိဂ်အကောင်းဆုံးကွင်းလည်လူတွေထဲကတစ်ယောက်ဖြစ်လာမလား ကျနော်တို့စောင့်ကြည့်ထိုက်သူပါပဲ။
No comments
Powered by Blogger.