ဘာစီလိုနာကစားသမားကိုေအစီမီလန္နဲ႔အျပိဳင္လုု၀ယ္မယ့္ခ်ယ္ဆီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ယ္ဆီးနည္းျပ ဆာရီဟာ ကြင္းလယ္ပိုင္းကိုအဆင့္အတန္းကိုျမင့္တင္ရန္အတြက္ ဇန္နဝါရီအေျပာင္းအေရြ႕ကာလမွာ ဘာစီလိုနာကစားသမားကို ေခၚယူနိုင္ဖို႔ေမ်ွာ္လင့္ေနပါတယ္။
ခ်ယ္ဆီးနည္းျပဘဝကို အေကာင္းဆံုးစတင္နိုင္ခဲ့ေပမယ့္ ဒီနွစ္အတြက္ေတာ့ စတမ္းဖို႔ဒ္ဘရစ္မွာEPLဖလားခိုနားဖို႔ အခြင့္အလမ္းနည္းေနတယ္ဆိုတာ ဆာရီလည္းသိပါတယ္။ေျပာ႐ ရင္နည္းျပသစ္နဲ႔ဖလားေတြရတယ္။ျပီးေတာ့ ရလဒ္ဆိုးခ်ိန္ထုတ္ပယ္ခံရတယ္။ေနာက္တစ္ေယာက္ဝင္လာရင္ အေကာင္းဆံုးပံုစံျပန္ရတယ္ဆိုတဲ့ပံုစံဟာ ခ်ယ္ဆီးအတြက္ သီအိုရီတစ္ခုလိုေတာင္ျဖစ္ေနပါျပီ။
ဆာရီလက္ထက္မွာလည္း ၁၄ပြဲကစားျပီး ၂ပြဲသာရံႈးနိမ့္ကာ အမွတ္ေပးဇယား အဆင့္၄ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ ကြန္တီရဲ႕ေနာက္ဆံုးရာသီကထက္ ပိုမိုတိုးတက္ေကာင္းမြန္တဲ့ ေဘာလံုးကစားဟန္တစ္ခုကို ဆာရီကပံုေဖာ္ေပးထားခဲ့ပါတယ္။ဒါေပမယ့္ စပါးအသင္းနဲ ့၀ုုလ္ဗ္အသင္းကိုရံႈးနိမ့္ျပီးေနာက္မွာ ဆာရီအေနနဲ႔ သံသယမ်က္လံုးေအာက္စတင္ေရာက္လာခဲ့ပါျပီ။
မွတ္ေက်ာက္တင္စရာဖလားတစ္လံုးမွ မရဖူးသူက ခ်ယ္ဆီးကို ေအာင္ျမင္မႈလမ္းေျကာင္းဆီ ဘယ္လိုပို႔ေဆာင္ေပးမွာလဲဆိုတဲ့ ေမးခြန္းေတြ လြင့္ပ်ံလာခဲ့ပါတယ္။ ေႏြရာသီက သူ႔စိတ္ျကိုက္ ေဂ်ာ္ဂ်င္ဟို,ကီပါ,ကိုဗာဆစ္တို႔ အသင္းလူစားရင္းမွာထပ္ေပါင္းပါဝင္လာခဲ့ေပမယ့္ လံုေလာက္မႈမရွိေသးဘူးလို႔ယူဆေနျပီး ေနာက္ထပ္ကြင္းလည္လူတစ္ေယာက္အလိုရွိေနတာပါ။
သတင္းေတြအရေတာ့ ေဆာင္းေစ်းကြက္မွာပဲ ဘာကာ ကြင္းလယ္လူ ဒင္းနစ္ဆြာရက္ ကိုေအစီနဲ႔အျပိဳင္ေခၚယူလိုေနတာပါ။ခ်ယ္ဆီးအသင္းကို ဆြာရက္အတြက္ ေပါင္၄၅သန္းေလာက္သံုးဖို႔အသင့္ရွိေနေပမယ့္ ေအစီကေတာ့ ဒီကြင္းလယ္လူကို အငွားနဲ႔သာေခၚယူလိုေနပါတယ္။ဘာကာက အျပီးေရာင္းခ်လိုေနတာေျကာင့္ အငွားနဲ႔ေခၚမယ့္ေအစီထက္ ခ်ယ္ဆီးေရာက္ဖို႔အေလးသာေနပါတယ္။အသက္၂၄နွစ္အရြယ္ဆြာရက္ကေတာ့ဒီရာသီမွာ ဘာကာနဲ႔ လာလီဂါဖလား၂ျကိမ္ကိုင္ေျမာက္နိုင္ဖို႔ ပူးေပါင္းတိုက္ပြဲဝင္ရန္ထက္ နူးကမ့္ကထြက္ခြာဖို႔သာအလိုရွိေနတာပါ။ဒါ့အျပင္ စတမ္းဖို႔ဘရစ္မွာဆို သူ႔အတြက္ပြဲထြက္ခြင့္ပိုရနိုင္ပါတယ္။
ဆြာရက္ဟာ အရင္ကမန္စီးတီးမွာကစားခဲ့ဖူးျပီး ပံုမွန္ပြဲထြက္ခြင့္ ေဝးကြာခဲ့တာေျကာင့္ စပိန္ေျမျပန္ခဲ့ရပါတယ္။ကြင္းလယ္အဖ်က္မွာ စပယ္ရွယ္လစ္တစ္ေယာက္ျဖစ္တဲ့ အန္ဂိုလိုကန္တီကို final third zoneထဲတိုးဝင္ကစားေစတာေျကာင့္ ေဝဖန္မႈေတြခံေနရတဲ့ ဆာရီအတြက္ ဆြာရက္ေရာက္လာခဲ့ရင္ ေရြးခ်ယ္ခြင့္တစ္ခုတိုးေစမွာအမွန္ပါပဲ။ကန္တီအေနနဲ႔လည္း ဖူဟမ္နဲ႔ပြဲမွာ အဖြင့္ဂိုးဖန္တီးေပးျပီး ေနရာသစ္နဲ႔ တျဖည္းျဖည္းအသားက်လာဖို႔ရွိေနပါတယ္။ဘာပဲျဖစ္ျဖစ္ မျကာခင္ ခ်ယ္ဆီးကြင္းလယ္ပိုင္းမွာ ေနရာလုတိုက္ပြဲေတြ ျပင္းထန္လာဖို႔ရွိေနပါျပီ။
(Unicode)
ဘာစီလိုနာကစားသမားကို အေစီမီလန်နဲ့အပြိုင်လုဝယ်မယ့် ချယ်ဆီး
ချယ်ဆီးနည်းပြ ဆာရီဟာ ကွင်းလယ်ပိုင်းကိုအဆင့်အတန်းကိုမြင့်တင်ရန်အတွက် ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ ဘာစီလိုနာကစားသမားကို ခေါ်ယူနိုင်ဖို့မျှော်လင့်နေပါတယ်။
ချယ်ဆီးနည်းပြဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် ဒီနှစ်အတွက်တော့ စတမ်းဖို့ဒ်ဘရစ်မှာEPLဖလားခိုနားဖို့ အခွင့်အလမ်းနည်းနေတယ်ဆိုတာ ဆာရီလည်းသိပါတယ်။ပြောရ ရင်နည်းပြသစ်နဲ့ဖလားတွေရတယ်။ပြီးတော့ ရလဒ်ဆိုးချိန်ထုတ်ပယ်ခံရတယ်။နောက်တစ်ယောက်ဝင်လာရင် အကောင်းဆုံးပုံစံပြန်ရတယ်ဆိုတဲ့ပုံစံဟာ ချယ်ဆီးအတွက် သီအိုရီတစ်ခုလိုတောင်ဖြစ်နေပါပြီ။
ဆာရီလက်ထက်မှာလည်း ၁၄ပွဲကစားပြီး ၂ပွဲသာရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့်၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ကွန်တီရဲ့နောက်ဆုံးရာသီကထက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘောလုံးကစားဟန်တစ်ခုကို ဆာရီကပုံဖော်ပေးထားခဲ့ပါတယ်။ဒါပေမယ့် စပါးအသင်းနဲ့ဝုလ်ဗ်အသင်းကိုရှုံးနိမ့်ပြီးနောက်မှာ ဆာရီအနေနဲ့ သံသယမျက်လုံးအောက်စတင်ရောက်လာခဲ့ပါပြီ။
မှတ်ကျောက်တင်စရာဖလားတစ်လုံးမှ မရဖူးသူက ချယ်ဆီးကို အောင်မြင်မှုလမ်းကြောင်းဆီ ဘယ်လိုပို့ဆောင်ပေးမှာလဲဆိုတဲ့ မေးခွန်းတွေ လွင့်ပျံလာခဲ့ပါတယ်။ နွေရာသီက သူ့စိတ်ကြိုက် ဂျော်ဂျင်ဟို,ကီပါ,ကိုဗာဆစ်တို့ အသင်းလူစားရင်းမှာထပ်ပေါင်းပါဝင်လာခဲ့ပေမယ့် လုံလောက်မှုမရှိသေးဘူးလို့ယူဆနေပြီး နောက်ထပ်ကွင်းလည်လူတစ်ယောက်အလိုရှိနေတာပါ။
သတင်းတွေအရတော့ ဆောင်းဈေးကွက်မှာပဲ ဘာကာ ကွင်းလယ်လူ ဒင်းနစ်ဆွာရက် ကိုအေစီနဲ့အပြိုင်ခေါ်ယူလိုနေတာပါ။ချယ်ဆီးအသင်းကို ဆွာရက်အတွက် ပေါင်၄၅သန်းလောက်သုံးဖို့အသင့်ရှိနေပေမယ့် အေစီကတော့ ဒီကွင်းလယ်လူကို အငှားနဲ့သာခေါ်ယူလိုနေပါတယ်။ဘာကာက အပြီးရောင်းချလိုနေတာကြောင့် အငှားနဲ့ခေါ်မယ့်အေစီထက် ချယ်ဆီးရောက်ဖို့အလေးသာနေပါတယ်။အသက်၂၄နှစ်အရွယ်ဆွာရက်ကတော့ဒီရာသီမှာ ဘာကာနဲ့ လာလီဂါဖလား၂ကြိမ်ကိုင်မြောက်နိုင်ဖို့ ပူးပေါင်းတိုက်ပွဲဝင်ရန်ထက် နူးကမ့်ကထွက်ခွာဖို့သာအလိုရှိနေတာပါ။ဒါ့အပြင် စတမ်းဖို့ဘရစ်မှာဆို သူ့အတွက်ပွဲထွက်ခွင့်ပိုရနိုင်ပါတယ်။
ဆွာရက်ဟာ အရင်ကမန်စီးတီးမှာကစားခဲ့ဖူးပြီး ပုံမှန်ပွဲထွက်ခွင့် ဝေးကွာခဲ့တာကြောင့် စပိန်မြေပြန်ခဲ့ရပါတယ်။ကွင်းလယ်အဖျက်မှာ စပယ်ရှယ်လစ်တစ်ယောက်ဖြစ်တဲ့ အန်ဂိုလိုကန်တီကို final third zoneထဲတိုးဝင်ကစားစေတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ဆာရီအတွက် ဆွာရက်ရောက်လာခဲ့ရင် ရွေးချယ်ခွင့်တစ်ခုတိုးစေမှာအမှန်ပါပဲ။ကန်တီအနေနဲ့လည်း ဖူဟမ်နဲ့ပွဲမှာ အဖွင့်ဂိုးဖန်တီးပေးပြီး နေရာသစ်နဲ့ တဖြည်းဖြည်းအသားကျလာဖို့ရှိနေပါတယ်။ဘာပဲဖြစ်ဖြစ် မကြာခင် ချယ်ဆီးကွင်းလယ်ပိုင်းမှာ နေရာလုတိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိနေပါပြီ။
Post a Comment