Rainbow စေကးျပခဲ့ေသာ္လည္းမေအာင္ျမင္လိုုက္ရွာတဲ့ရီးရဲလ္ရဲ ့ဗယ္နီးဆီးရက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဗယ္နီးဆီးရက္စ္ဂ်ဴနီယာ ဟာ တကယ့္ကိုု ပါရမီရွင္ေကာင္ေလးတစ္ေယာက္ပါ။ဒါပင္မယ့္လည္း သူ ့ရဲ ့Rainbow Flick (ေဘာလံုုးကိုု ေျခဖေနာင့္၂စံုုနဲ ့ၿပိဳင္ဘက္ကစားသမားေခါင္းေပၚကေန မထုုတ္တဲ့စေကး) ကေတာ့ အလုုပ္ျဖစ္ဖိုု ့လိုုေနပါေသးတယ္။
မေန ့ညက ကိုုပါဒီေရးဖလားပြဲစဥ္မွာေတာ့ ဒီဘရာဇီးေကာင္ေလးဟာ မယ္လီလာ အသင္းဘက္ကိုု ၁ဂိုုးသြင္းယူခဲ့ၿပီး သက္ေသာင့္သက္သာ အနိုုင္ယူခဲ့ၾကပါတယ္။သိုု ့ေသာ္လည္း အဆိုုပါ ရီးရဲလ္ရဲ ့6-1 နိုုင္ပြဲမွာ သူ ့ရဲ ့သြင္းဂိုုးနဲ ့ပတ္သတ္ၿပီးဘယ္သူမွမေျပာၾကပါဘူး။အဲ့ဒီအစား သူ ့စေကးျပခဲ့တဲ့ေနရာမွာမေအာင္ျမင္ခဲ့တဲ့ အေၾကာင္းကိုု ေထာက္ျပခဲ့ၾကပါတယ္။
ဒုုတိယပိုုင္းကစားခ်ိန္ သူ ့ရဲ ့အသင္းဟာ ၄-၀ ျဖင့္ပြဲကိုု ဦးေဆာင္ထားခ်ိန္မွာေတာ့ အသက္၁၈နွစ္အရြယ္ ခ်ာတိတ္ေလးဗယ္နီးဆီးရက္စ္ဟာ ေနမာရဲ ့အေကာင္းဆံုုးအမွတ္အသားတစ္ခုုျဖစ္တဲ့ Rainbow စေကးကိုု ျပဖိုု ့အားထုုတ္ခဲ့ပါတယ္။
သို ့ေသာ္လည္း သူ ့ရဲ ့ဒီ Rainbow စေကးက ေတာ္ေတာ္ေလးဆိုုးဆိုုးရြားရြားလြဲေခ်ာ္ခဲ့ပါတယ္။ေဘာလံုုးက အေရွ ့ေရာက္ရမယ့္ေနရာမွာ အေနာက္ကိုု ျပန္ေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။ဒီအခိုုက္အတန္ ့ကိုု သူ ့ေမ့ေဖ်ာက္လိုုက္ခ်င္မွာအမွန္ပါပဲ။ဘာလိုု ့လဲဆိုုေတာ့ဒါက ရယ္စရာျဖစ္ေနလိုု့ပါ။
သိပ္မၾကာတဲ့အခ်ိန္ ဗယ္နီးဆီးရက္စ္ရဲ ့ဘရာဇီးအသင္းေဖာ္ေနမာေတာင္မွ လီဗာပူးလ္အသင္းနဲ ့ခ်န္ပီယံလိပ္ပြဲမွာ Rainbow စေကးကိုု ျပသခဲ့ၿပီး လီဗာပူးလ္ကြင္းလယ္လူ ရွာကြီရီတစ္ေယာက္ သူ ့အေပၚေက်ာ္ျဖတ္သြားတဲ့ေဘာလံုုးအတြက္တိုုင္ပတ္ခဲ့တဲ့အေျခအေနျဖစ္ခဲ့ပါေသးတယ္။
ဗယ္နီးဆီးရက္စ္အေနနဲ ့ေနမာရဲ ့Rainbow စေကးေတြကိုု မ်ားမ်ားၾကည့္ထားဖိုု ့လိုုေနတာပဲျဖစ္ပါတယ္။
(Unicode)
Rainbow စကေးပြခဲ့သော်လည်းမအောင်မြင်လိုက်ရှာတဲ့ရီးရဲလ်ရဲ့ဗယ်နီးဆီးရက်စ်
ဗယ်နီးဆီးရက်စ်ဂျူနီယာ ဟာ တကယ့်ကို ပါရမီရှင်ကောင်လေးတစ်ယောက်ပါ။ဒါပင်မယ့်လည်း သူ့ရဲ့Rainbow Flick (ဘောလုံးကို ခြေဖနောင့်၂စုံနဲ့ပြိုင်ဘက်ကစားသမားခေါင်းပေါ်ကနေ မထုတ်တဲ့စကေး) ကတော့ အလုပ်ဖြစ်ဖို့လိုနေပါသေးတယ်။
မနေ့ညက ကိုပါဒီရေးဖလားပွဲစဉ်မှာတော့ ဒီဘရာဇီးကောင်လေးဟာ မယ်လီလာ အသင်းဘက်ကို ၁ဂိုးသွင်းယူခဲ့ပြီး သက်သောင့်သက်သာ အနိုင်ယူခဲ့ကြပါတယ်။သို့သော်လည်း အဆိုပါ ရီးရဲလ်ရဲ့6-1 နိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးနဲ့ပတ်သတ်ပြီးဘယ်သူမှမပြောကြပါဘူး။အဲ့ဒီအစား သူ့စကေးပြခဲ့တဲ့နေရာမှာမအောင်မြင်ခဲ့တဲ့ အကြောင်းကို ထောက်ပြခဲ့ကြပါတယ်။
ဒုတိယပိုင်းကစားချိန် သူ့ရဲ့အသင်းဟာ ၄-၀ ဖြင့်ပွဲကို ဦးဆောင်ထားချိန်မှာတော့ အသက်၁၈နှစ်အရွယ် ချာတိတ်လေးဗယ်နီးဆီးရက်စ်ဟာ နေမာရဲ့အကောင်းဆုံးအမှတ်အသားတစ်ခုဖြစ်တဲ့ Rainbow စကေးကို ပြဖို့အားထုတ်ခဲ့ပါတယ်။
သို့သော်လည်း သူ့ရဲ့ဒီ Rainbow စကေးက တော်တော်လေးဆိုးဆိုးရွားရွားလွဲချော်ခဲ့ပါတယ်။ဘောလုံးက အရှေ့ရောက်ရမယ့်နေရာမှာ အနောက်ကို ပြန်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ဒီအခိုက်အတန့်ကို သူ့မေ့ဖျောက်လိုက်ချင်မှာအမှန်ပါပဲ။ဘာလို့လဲဆိုတော့ဒါက ရယ်စရာဖြစ်နေလို့ပါ။
သိပ်မကြာတဲ့အချိန် ဗယ်နီးဆီးရက်စ်ရဲ့ဘရာဇီးအသင်းဖော်နေမာတောင်မှ လီဗာပူးလ်အသင်းနဲ့ချန်ပီယံလိပ်ပွဲမှာ Rainbow စကေးကို ပြသခဲ့ပြီး လီဗာပူးလ်ကွင်းလယ်လူ ရှာကွီရီတစ်ယောက် သူ့အပေါ်ကျော်ဖြတ်သွားတဲ့ဘောလုံးအတွက်တိုင်ပတ်ခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။
ဗယ်နီးဆီးရက်စ်အနေနဲ့နေမာရဲ့Rainbow စကေးတွေကို များများကြည့်ထားဖို့လိုနေတာပဲဖြစ်ပါတယ်။
Post a Comment