Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝတ်ဖို့ ဒ် ၁-၂ မန်စီးတီး ရပ်တန့် လို့ မရတဲ့ မန်စီးတီး၊ မန်စီးတီးအသင်းဟာ ဆာနေး နဲ့မာရက်ဇ်တို့ ရဲ့သွင်းဂိုးတွေနဲ့ အတူ နိုင်ပွဲရယူခဲ့ပြီး ပ၇ီးမီးယားလိပ်၇ပွဲဆက်နို်င်ပွဲရယူနိုင်ခဲ့သလိုလီဗာပူးလ်အသင်းကို ၁ပွဲပိုကစား ၅မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာရပ်တည်နေကြောင်းသိရပါတယ်။
(Unicode)
ဗုဒ္ဓဟူးနေ့နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
ဝတ်ဖို့ဒ် ၁-၂ မန်စီးတီး ရပ်တန့်လို့မရတဲ့ မန်စီးတီး၊ မန်စီးတီးအသင်းဟာ ဆာနေး နဲ့မာရက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲရယူခဲ့ပြီး ပရီးမီးယားလိပ်၇ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့သလိုလီဗာပူးလ်အသင်းကို ၁ပွဲပိုကစား ၅မှတ်အသာနဲ့အမှတ်ပေးဇယားထိပ်မှာရပ်တည်နေကြောင်းသိရပါတယ်။
စပါးနဲ့ပွဲမှာဂိုးသွင်းပြီးနောက် ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ဒရော့ဘာအတိုင်းအောင်ပွဲခံခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးအူဘားမီးယန်းရဲ့ပုံမှာ ဒရော့ဘာက “ မင်းရဲ့အငယ်ကောင်လေးက မင်းပုံစံအတိုင်းလိုက်လုပ်သောအခါ “ လို့caption ထိုးပြီး အင်စတာဂရမ်ပေါ်မှာ ပြန်တင်ခဲ့တယ်လို့သိရပါတယ်။
ဒကောက်ကြော ဒဏ်ရာရရှိနေတဲ့ အာဆင်နယ်နောက်ခံလူနာချို မွန်နရယ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာပြန်လည်ပါဝင်လာပြီး ယူနိုက်တက်အသင်းနဲ့ပွဲမှာပါဝင်လာဖွယ်ရှိနေတယ်လို့သိရပါတယ်။
အားကစားဝေဖန်ရေးနဲ့အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ကစားသမားဟောင်းကြီးအလန်ရှီးယားက ယူနိုက်တက်နဲ့အာဆင်နယ်နဲ့ပွဲမှာ အာဆင်နယ်ကစားသမားတွေဟာ နည်းပြအတွက်ပေးဆပ်ကစားဖို့ပျော်ရွှင်နေကြတဲ့သူတွေဖြစ်ပြီး ယူနိုက်တက်ကတော့ အဲ့လိုမဟုတ်ဘူးလို့ဝေဖန်ပြောကြားလိုက်ပါတယ်။
PSG စတား အမ်ဘာပေးဟာ သူဟာ မနှစ်က PSG ကိုမပြောင်းခင် အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးက သူ့ကို အာဆင်နယ်မှာ လာကစားဖို့လူကြီးလူကောင်းဆန်ဆန်လာကမ်းလှမ်းဖူးကြောင်းနဲ့သူဟာ အခြားလမ်းကိုသာရွေးချယ်ခဲ့တာဖြစ်တယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးနည်းပြဆာရီက အသင်းရဲ့ဒေါင်ဒေါင်မြည်ကစားသမားတွေဖြစ်တဲ့ ဒေးဗဒ်လုဇ်ဝစ်နဲ့ဖာဘရီဂတ်စ်တို့ကို အသင်းမှာဆက်ရှိနေလိုတယ်လို့သိရပါတယ်။
နည်းပြဆာရီက ချဲလ်ဆီးအသင်းဟာအပတ်တိုင်း အသင်းရဲ့ကစားသမားဟာဇက်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပါတယ်။
အူဘာမီးယန်းဟာ ဒီရာသီရွှေဖိနပ်ဆုကိုရနိုင်တယ်လို့အာဆင်နယ်နည်းပြအူနိုင်းအမ်မရီကချီးကျူးပြောကြားခဲ့ပါတယ်။
ဗာရိန်း နဲ့ဂရစ်ဇမန်း တစ်ယောက်ယောက်ထဲက ဘော်လွန်ဒီအော်ဆုကို ရသင့်တာဖြစ်တယ်လို့အက်တလက်တီကိုနည်းပြဆီမြွန်နီက ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက CR7 ဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူကစားရင်း ဘော်လွန်ဒီအော်ဆုကိုရယူချင်နေတာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။
Post a Comment