Header Ads



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


၆လ ကျော် ဒဏ်ရာကြောင့်အနားယူရမယ့် အာဆင်နယ်နောက်ခံလူဟိုလ်ဒင်းက အဆိုပါဒဏ်ရာပြဿနာမှာ သူ့ ကို ထိခိုက်မိအောင်ဖြစ်စေခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖို့ ဒ်ကို အပြစ်မမြင်ပါဘူးလို့ ပြောကြားလိုက်ပါတယ်။





မော်ရင်ဟိုတစ်ယောက် ယူနိုက်တက်အသင်းကနေထွက်ခွာမယ်ဆိုတာ လုံးဝမဟုတ်ဘူးလို မော်ရင်ဟိုရဲ့ အေးဂျင့် ကပြောကြားလိုက်ပါတယ်။


(Unicode)

စနေနေ့မနက်နောက်ဆုံးရဘောလုံးသတင်းများစုစည်းမှု

မန်ချက်စတာယူနိုက်တက်အသင်းဟာပြိုင်ဘက်အသင်းတွေလို တူညီတဲံ့ရင်းနှီးမြှပ်နှံမှုတွေမလုပ်ပါက ပရီးမီးယားလိပ်ချန်ပီယံအတွက်ပြိုင်ဘက်တွေကိုစိန်ခေါ်နိုင်ဖို့အခွင့်အရေးရှိမှာမဟုတ်ကြောင်းနည်းပြမော်ရင်ဟိုက ဆိုလိုက်ပါတယ်။

၆လ ၇ လ ကျော် ဒဏ်ရာကြောင့်အနားယူရမယ့် အာဆင်နယ်နောက်ခံလူဟိုလ်ဒင်းက အဆိုပါဒဏ်ရာပြဿနာမှာ သူ့ကို ထိခိုက်မိအောင်ဖြစ်စေခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖို့ဒ်ကို အပြစ်မမြင်ပါဘူးလို့ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရသော်လည်း စပါးနည်းပြပိုချက်တီနိုကသူ့ဟာ စပါးအသင်းမှာ ပျော်ရွှင်နေကြောင်း အသင်းမှာပဲဆက်ရှိသွားမယ်လို့ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဆာရီက မန်စီးတီးအသင်းဟာ ဂွာဒီယိုလာကို အချိန်ပေးသလိုမျိုး သူ့ကိုလည်းချဲလ်ဆီးအသင်းမှာ အောင်မြင်မှုတွေရအောင်အချိန်ပေးစေချင်တယ်လို့ပြောကြားလိုက်ပါတယ်။

ငွေကြေးအရှုပ်တော်ပုံကြောင့် ချန်ပီယံလိပ်ပြိုင်ပွဲကနေအထုတ်ခံရဖို့မန်စီးတီးအသင်းသတင်းထွက်နေသော်လည်း နည်းပြဂွာဒီယိုလာက တော့ မန်စီးတီးအသင်းဟာ အထုတ်ခံရဖို့မရှိကြောင်းပြောကြားလိုက်ပါတယ်။

ဒူးဒဏ်ရာကြောင့်အနားယူနေရတဲ့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်ဟာ အက်စပန်ညိုနဲ့ပွဲစဉ်အတွက်ဘာကာအသင်းရဲ့ လူစာရင်းမှာပါဝင်လာပြီဖြစ်တယ်လို့သိရပါတယ်။

မော်ရင်ဟိုတစ်ယောက် ယူနိုက်တက်အသင်းကနေထွက်ခွာမယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ မော်ရင်ဟိုရဲ့အေးဂျင့် ကပြောကြားလိုက်ပါတယ်။

No comments

Powered by Blogger.