ေသာၾကာေန ့ညေနပိုုင္းေနာက္ဆံုုးရေဘာလံုုးသတင္းမ်ားစုုစည္းမႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဴဗင္တပ္စ္အသင္းရဲ ့နိုု၀င္ဘာလအတြက္အေကာင္းဆံုုးကစားသမားဆုုကိုု တိုုက္စစ္မွဴးရိုုနယ္ဒိုုကရရိွသြားခဲ့တာပဲျဖစ္ပါတယ္။
ယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုက ယူနိုုက္တက္အသင္းမတိုုးတက္မျခင္း ေပါင္၅၂သန္းတန္ဖရဒ္ကိုု အရဲစြန္ ့ၿပီးအသံုုးျပဳမွာမဟုုတ္ေၾကာင္း၀န္ခံေျပာၾကားလိုုက္ပါတယ္။
မန္စီးတီး PSG နဲ ့ဘာကာတိုု ့ရဲ ့ပစ္မွတ္ ေအးဂ်က္စ္ေနာက္ခံလူဒီေဂ်ာင္က သူဟာေနာက္ရာသီမွာ ေအးဂ်က္စ္မွာပဲဆက္ရိွေနမွာျဖစ္တယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
အာဆင္နယ္နည္းျပအမ္မရီက လာမယ့္စေနေန ့မွာကစားမယ့္ ဟလ္ဒါဖီးအသင္းနဲ ့ပြဲမွာသူတိုု ့အသင္းအေနနဲ ့နိုုင္ပြဲရယူဖိုု ့လိုုအပ္တယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
ဂြမ္ဒိုုဇီရဲ ့ဆံပင္ကိုုဆြဲၿပီးလွဲခဲ့တဲ့ ယူနိုုက္တက္ကြင္းလယ္လူ ဖယ္လာနီကိုု FA ကတစ္စံုုတစ္ရာအေရးယူဖိုု ့မရိွေၾကာင္းသိရပါတယ္။
ယူနိုုက္တက္နဲ ့ပြဲမွာအမွားလုုပ္ခဲ့လိုု ့လင္ဂတ္ရဲ ့ေျခပဂိုုးကိုု ခြင့္ျပဳေပးခဲ့ရတဲ့ အာဆင္နယ္ေနာက္ခံလူကိုုလာဆီနစ္က သူ ့ကိုုဒီအမွားနဲ ့ပတ္သတ္ၿပီး အသင္းေဖာ္ေတြက အ၀တ္လဲခန္းထဲမွာ ေဖးမကူညီခဲ့ၾကတယ္လိုု ့၀န္ခံေျပာၾကားလိုုက္ပါတယ္။
(Unicode)
သောကြာနေ့ညနေပိုင်းနောက်ဆုံးရဘောလုံးသတင်းများစုစည်းမှု
ဂျူဗင်တပ်စ်အသင်းရဲ့နိုဝင်ဘာလအတွက်အကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူးရိုနယ်ဒိုကရရှိသွားခဲ့တာပဲဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက ယူနိုက်တက်အသင်းမတိုးတက်မခြင်း ပေါင်၅၂သန်းတန်ဖရဒ်ကို အရဲစွန့်ပြီးအသုံးပြုမှာမဟုတ်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီး PSG နဲ့ဘာကာတို့ရဲ့ပစ်မှတ် အေးဂျက်စ်နောက်ခံလူဒီဂျောင်က သူဟာနောက်ရာသီမှာ အေးဂျက်စ်မှာပဲဆက်ရှိနေမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နည်းပြအမ်မရီက လာမယ့်စနေနေ့မှာကစားမယ့် ဟလ်ဒါဖီးအသင်းနဲ့ပွဲမှာသူတို့အသင်းအနေနဲ့နိုင်ပွဲရယူဖို့လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်။
ဂွမ်ဒိုဇီရဲ့ဆံပင်ကိုဆွဲပြီးလှဲခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖယ်လာနီကို FA ကတစ်စုံတစ်ရာအရေးယူဖို့မရှိကြောင်းသိရပါတယ်။
ယူနိုက်တက်နဲ့ပွဲမှာအမှားလုပ်ခဲ့လို့လင်ဂတ်ရဲ့ခြေပဂိုးကို ခွင့်ပြုပေးခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူကိုလာဆီနစ်က သူ့ကိုဒီအမှားနဲ့ပတ်သတ်ပြီး အသင်းဖော်တွေက အဝတ်လဲခန်းထဲမှာ ဖေးမကူညီခဲ့ကြတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
Post a Comment