မိုုဒရစ္ရဲ ့ေဘာ္လြန္ဒီေအာ္ဆုုသိုု ့ခရီးစဥ္(သိုု ့)ဇာတ္နာခဲ့ရတဲ့ေရႊေဘာလံုုးဆုုရွင္ေနာက္ေၾကာင္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အသက္၆နွစ္အရြယ္မွာလူကာမိုဒရစ္ရဲ႕ဘဝလမ္းဟာ ခက္ခဲျကမ္းတမ္းမႈနဲ႔အျပည့္ပါပဲ။သူတို႔အိမ္နားမွာပဲအဖိုးက ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရျပီး ဒီျဖစ္ရပ္က အျမဲတမ္းသူ႔ကိုေျခာက္လွန္႔ေနခဲ့ပါတယ္။အဲ့ဒီေနာက္မွာေတာ့ သူဟာစစ္ပြဲေတြျကားျကီးျပင္းခဲ့ရျပီး ပတ္ဝန္းက်င္က က်ည္ဆံနဲ႕ဗံုးသံေတြသာ ျကီးစိုးေနခဲ့ပါတယ္။
ေနာက္ဆံုးသူတို႔အိမ္မီးေလာင္သြားခဲ့လို ခရိုေအးရွားကို ထြက္ေျပးခဲ့ရတယ္။ဒါေပမယ့္ ဘဝကေတာ့ ခက္ခဲျကပ္တည္းဆဲျဖစ္ျပီး ေဘာလံုးကသာမိုဒရစ္အတြက္ တစ္ခုထဲေသာထြက္ေပါက္ျဖစ္ခဲ့ရတယ္။
Zadarဆိုတဲ့ကမ္းရိုးတန္းျမိဳ႕ေလးရဲ႕ဟိုတယ္တစ္ခုမွာ အလုပ္လုပ္ခဲ့ျပီး ဒီေဒသကလည္းစစ္ပြဲေတြျဖစ္ပြားေနဆဲပါပဲ။Kolovareဆိုတဲ့ဟိုတယ္မွာ ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္ျဖစ္လာခဲ့ေပမယ့္္္ ေဘာလံုးသမားျဖစ္ခ်စ္တဲ့အိပ္မက္ကိုေတာ့ မစြန္႔လႊတ္ခဲ့ပါဘူး။တစ္ခါကမိုဒရစ္ေျပာခဲ့ဖူးပါတယ္။''ဗံုးစေျကာင့္မွန္ေတြ ကြဲရတာထက္ေတာင္ က်ေနာ့္ေျကာင့္ ဟိုတယ္တံခါးမွန္ေတြပို ကြဲခဲ့ရပါတယ္။ဒါလဲ အမွတ္မရွိ ခန္းမထဲမရပ္မနား ေဘာလံုးေလ့က်င့္ေနဆဲပါ''တဲ့။
အဲ့လိုလူတစ္ေယာက္ရဲ႕ ေဘာလံုးသမားဘဝကလည္း မေျဖာင့္ျဖဴးပါဘူး။လူငယ္နည္းျပကသူ႔ကို ''ရွက္တက္လြန္းျပီး အားေပ်ာ့လြန္းသူတစ္ေယာက္''လို႔မွတ္ခ်က္ျပဳခဲ့ပါတယ္။ဒါေပမယ့္ သူဟာ ကစားသမားဘဝမွာ ရင့္က်တ္မႈျပည့္ဝလြန္းခဲ့တာ က်ေနာ္တို႔အားလံုးအျမင္ပါပဲ။
ငယ္ဘဝခက္ခဲျကမ္းတမ္းမႈေတြက အက်ဥ္းထဲအက်ပ္ထဲမွာအလ်င္အျမန္ေျဖရွင္းနိုင္စြမ္းရွိေအာင္ ကူညီေပးခဲ့ပါတယ္။စပါးမွာ အတည္ျငိမ္ဆံုးေျခစြမ္းကိုျပသျပီးေနာက္ စပိန္ေတာ္ဝင္အသင္းရဲ႕ ေတာ္ေကာက္ျခင္းကိုုခံခဲ့ရပါတယ္။ အဲ့ဒီမွာ ေအာင္ျမင္မႈမ်ားစြာဆြတ္ခူးျပီး ကမာၻ ့အေကာင္းဆံုးကြင္းလည္လူေတြထဲကတစ္ေယာက္ျဖစ္ေအာင္ မိုဒရစ္လုပ္ေဆာင္နိုင္ခဲ့ပါတယ္။
ဒါ့အျပင္ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ ၁၀နွစ္ျကာလႊမ္းမိုးထားတဲ့ Ballon d'Orဆုကိုလည္း ခ်ိဳးျဖတ္ရယူနိုင္ခဲ့ပါျပီ။နည္းျပဇီဒန္းရဲ႕ဦးေဆာင္မႈေအာက္မွာ ခ်န္ပီယံလိဂ္သံုးျကိမ္ဆက္ရယူခဲ့ျပီးေနာက္ ခရိုးေအးရွားကိုလည္း ေခါင္းေဆာင္တစ္ေယာက္အျဖစ္နဲ႔ အသင္းသမိုင္းတစ္ေလ်ွာက္ပထမဆံုးအျကိမ္ ကမာၻ ့ဖလားဗိုလ္လုပြဲဆီေရာက္ေအာင္ စြမ္းေဆာင္နိုင္ခဲ့ပါတယ္။
သူ႔ရဲ႕ကြင္းလယ္ပိုင္း ထိန္းေက်ာင္းနိုင္မႈေတြေျကာင့္ ဒီျပိဳင္ပြဲရဲ႕ေရႊေဘာလံုးဆုကိုလည္း ရ႐ွိခဲ့ပါတယ္။FIFAကမာၻ ့အေကာင္းဆံုး ဆုရရွိခဲ့တဲ့အျပင္ ballon d'Orကိုပါသိမ္းပိုက္ခဲ့တာေျကာင့္ မိုဒရစ္အတြက္ အခ်ိဳေပၚသကာေလာင္းတဲ့ ေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုင္ခဲ့ပါတယ္။
မိုဒရစ္ဟာ5နွစ္သားအရြယ္တုန္းက ႏြားေက်ာင္းခဲ့ရတဲ့ နိမ့္က်တဲ့ဘဝကေန႔ အခုေတာ့ေဘာလံုးကမာၻရဲ႕အေကာင္းဆံုးဆုေတြ သိမ္းျကံုးယူသြားခဲ့ပါျပီ။ပံုျပင္ဆန္ဆန္တကယ့္ဇာတ္လမ္းတစ္ပုဒ္ပါပဲ။
(Unicode)
မိုဒရစ်ရဲ့ဘော်လွန်ဒီအော်ဆုသို့ခရီးစဉ်(သို့)ဇာတ်နာခဲ့ရတဲ့ရွှေဘောလုံးဆုရှင်နောက်ကြောင်း
အသက်၆နှစ်အရွယ်မှာလူကာမိုဒရစ်ရဲ့ဘဝလမ်းဟာ ခက်ခဲကြမ်းတမ်းမှုနဲ့အပြည့်ပါပဲ။သူတို့အိမ်နားမှာပဲအဖိုးက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ဒီဖြစ်ရပ်က အမြဲတမ်းသူ့ကိုခြောက်လှန့်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူဟာစစ်ပွဲတွေကြားကြီးပြင်းခဲ့ရပြီး ပတ်ဝန်းကျင်က ကျည်ဆံနဲ့ဗုံးသံတွေသာ ကြီးစိုးနေခဲ့ပါတယ်။
နောက်ဆုံးသူတို့အိမ်မီးလောင်သွားခဲ့လို ခရိုအေးရှားကို ထွက်ပြေးခဲ့ရတယ်။ဒါပေမယ့် ဘဝကတော့ ခက်ခဲကြပ်တည်းဆဲဖြစ်ပြီး ဘောလုံးကသာမိုဒရစ်အတွက် တစ်ခုထဲသောထွက်ပေါက်ဖြစ်ခဲ့ရတယ်။
Zadarဆိုတဲ့ကမ်းရိုးတန်းမြို့လေးရဲ့ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ဒီဒေသကလည်းစစ်ပွဲတွေဖြစ်ပွားနေဆဲပါပဲ။Kolovareဆိုတဲ့ဟိုတယ်မှာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လာခဲ့ပေမယ့် ဘောလုံးသမားဖြစ်ချစ်တဲ့အိပ်မက်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။တစ်ခါကမိုဒရစ်ပြောခဲ့ဖူးပါတယ်။''ဗုံးစကြောင့်မှန်တွေ ကွဲရတာထက်တောင် ကျနော့်ကြောင့် ဟိုတယ်တံခါးမှန်တွေပို ကွဲခဲ့ရပါတယ်။ဒါလဲ အမှတ်မရှိ ခန်းမထဲမရပ်မနား ဘောလုံးလေ့ကျင့်နေဆဲပါ''တဲ့။
အဲ့လိုလူတစ်ယောက်ရဲ့ ဘောလုံးသမားဘဝကလည်း မဖြောင့်ဖြူးပါဘူး။လူငယ်နည်းပြကသူ့ကို ''ရှက်တက်လွန်းပြီး အားပျော့လွန်းသူတစ်ယောက်''လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒါပေမယ့် သူဟာ ကစားသမားဘဝမှာ ရင့်ကျတ်မှုပြည့်ဝလွန်းခဲ့တာ ကျနော်တို့အားလုံးအမြင်ပါပဲ။
ငယ်ဘဝခက်ခဲကြမ်းတမ်းမှုတွေက အကျဉ်းထဲအကျပ်ထဲမှာအလျင်အမြန်ဖြေရှင်းနိုင်စွမ်းရှိအောင် ကူညီပေးခဲ့ပါတယ်။စပါးမှာ အတည်ငြိမ်ဆုံးခြေစွမ်းကိုပြသပြီးနောက် စပိန်တော်ဝင်အသင်းရဲ့ တော်ကောက်ခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီမှာ အောင်မြင်မှုများစွာဆွတ်ခူးပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလည်လူတွေထဲကတစ်ယောက်ဖြစ်အောင် မိုဒရစ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုနဲ့ မက်ဆီတို့ ၁၀နှစ်ကြာလွှမ်းမိုးထားတဲ့ Ballon d'Orဆုကိုလည်း ချိုးဖြတ်ရယူနိုင်ခဲ့ပါပြီ။နည်းပြဇီဒန်းရဲ့ဦးဆောင်မှုအောက်မှာ ချန်ပီယံလိဂ်သုံးကြိမ်ဆက်ရယူခဲ့ပြီးနောက် ခရိုးအေးရှားကိုလည်း ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ကွင်းလယ်ပိုင်း ထိန်းကျောင်းနိုင်မှုတွေကြောင့် ဒီပြိုင်ပွဲရဲ့ရွှေဘောလုံးဆုကိုလည်း ရရှိခဲ့ပါတယ်။FIFAကမ္ဘာ့အကောင်းဆုံး ဆုရရှိခဲ့တဲ့အပြင် ballon d'Orကိုပါသိမ်းပိုက်ခဲ့တာကြောင့် မိုဒရစ်အတွက် အချိုပေါ်သကာလောင်းတဲ့ ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။
မိုဒရစ်ဟာ5နှစ်သားအရွယ်တုန်းက နွားကျောင်းခဲ့ရတဲ့ နိမ့်ကျတဲ့ဘဝကနေ့ အခုတော့ဘောလုံးကမ္ဘာရဲ့အကောင်းဆုံးဆုတွေ သိမ်းကြုံးယူသွားခဲ့ပါပြီ။ပုံပြင်ဆန်ဆန်တကယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
Post a Comment