Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက ဒီရာသီယူနိုက်တက်အနေနဲ့ ပရီးမီးယားလိပ်မှာအဆင့်၎အတွင်းဝင်ဖို့ ဆိုတာအတော်လေးခက်ခဲသွားပြီလို့ ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။
(Unicode)
အင်္ဂါနေ့ညနေခင်းနောက်ဆုံးရဘောလုံးသတင်းများစုစည်းမှု
ချဲလ်ဆီးနောက်ခံလူ ဆီဆာအက်စပတ်ကျူတာဟာ အသင်းနဲ့၄နှစ်စာချုပ်သက်တမ်းသစ်ကိုတရားဝင်တိုးမြှင့်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။၂၀၂၂ ခုနှစ်အထိချဲလ်ဆီးအသင်းမှာဆက်ရှိနေမှာဖြစ်ပြီးတော့ တစ်ပတ်လုပ်ခအနေဖြင့် ပေါင် ၁သိန်းခွဲထိတိုးမြှင့်ရရှိပြီဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာက ဆောက်တမ်တန်အသင်းကို သရေကျခဲ့တဲ့ပွဲအပြီးနောက် နည်းပြမော်ရင်ဟို ကို နည်းစနစ်ပိုင်းနဲ့ပတ်သတ်ပြီး ဆိုးဆိုးရွားရွားစောဒကတက်ခဲ့တယ်လို့သိရပြီး မော်ရင်ဟိုကလည်းပေါ့ဘာကို ဗိုင်းရက်စ်တစ်ကောင်လို့ဝေဖန်ပြောကြားခဲ့ပါတယ်။
သာမန်လူတစ်ယောက်လို့သာကိုယ့်ကိုယ်ကို မြင်ပြီး သာမန်လူတစ်ယောက်လည်း ဘော်လွန်ဒီအော်ဆုကိုရယူနိုင်ပါတယ်လို့ခရိုအေးရှားအသင်းနဲ့ရီးရဲလ်ကွင်းလယ်လူမိုဒရစ်က ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်နောက်ခံလူချီလီနီက ရိုနယ်ဒိုဟာ လည်းအသင်းရဲ့ကွင်းလယ်ဟောင်းကြီးပီယာလို လို အသင်းကိုအကျိုးပြုမယ့်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ချီးကျူးပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက လိပ်ရဲ့အဆင့်၂ကလီဗာပူးလ်အသင်းနဲ့သူတို့အသင်းကြားကွာဟမှုကြီးကြီးမားမားမရှိကြောင်းနဲ့လာမယ့်ယူနိုက်တက်အသင်းနဲ့တွေ့ဆုံမယ့်စိန်ခေါ်မှုအသစ်အတွက်သေချာပြင်ဆင်ထားတယ်လို့ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက ဒီရာသီယူနိုက်တက်အနေနဲ့ပရီးမီးယားလိပ်မှာအဆင့်၄အတွင်းဝင်ဖို့ဆိုတာအတော်လေးခက်ခဲသွားပြီလို့ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။
Post a Comment