ကမာၻ ့ဖလားရရံုနဲ ့ေဘာ္လြန္ဒီေအာ္ဆုုေတြနဲ ့အျခားဆုုေတြရဖိုု ့တကယ္မေသခ်ာေတာ့တာပါ။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
“ ဒီနွစ္ေဘာ္လြန္ဒီေအာ္ဆုုကိုု ျပင္သစ္သားေတြတစ္ေယာက္မွမရရင္ေတာ့ ရွက္စရာေကာင္းသြားပါၿပီ။ဒါဆိုုရင္ေတာ့ ခ်န္ပီယံလိပ္ဖလားက ကမာၻ ့ဖလားထက္အေရးပါတာလား။ကၽြန္ေတာ္ေဘာ္လြန္ဒီေအာ္ဆုုရဖိုု ့ဘာေတြလုုပ္ေပးရမွာလဲ? ”
ဒါဟာမေန ့က ေဘာ္လြန္ဒီေအာ္ဆုုေပးပြဲအခမ္းအနားမွာေျပာၾကားဖြင့္ဟခဲ့တဲ့ ျပင္သစ္ကစားသမားအန္တိုုနီယိုုဂရစ္ဇမန္းရဲ ့ေျပာစကားေတြပါပဲ။တကယ္တမ္းက်သူေျပာတာလည္း မွန္သင့္သေလာက္ေတာ့ မွန္ေနပါတယ္။
ယခုနွစ္ ၂၀၁၈ FIFA ကမာၻ ့ဖလားကိုု ျပင္သစ္အသင္းကစားသမားေတြ ေျခစြမ္းျပၿပီးရယူခဲ့ၾကပါတယ္။ဒါပင္မယ့္လည္း FIFA က ခ်ီးျမွင့္တဲ့ The Best Man ဆုုမွာေတာင္ ျပင္သစ္ကစားသမားတစ္ေယာက္မွမပါခဲ့ျပန္ပါဘူး။ FIFA ကိုုယ္တိုုင္က ဦးစီးက်င္းပတဲ့ ကမာၻ ့ဖလားကိုု ျပင္သစ္သားေတြရယူနိုုင္ခဲ့တာေတာင္ FIFA က ရီးရဲလ္အသင္းနဲ့ခရိုေအးရွားကြင္းလယ္လူလူကာမိုုဒရစ္ကိုု ပဲေပးခဲ့တာကေတာ့ ျပင္သစ္ကစားသမားေတြအတြက္ ခံျပင္းစရာပါ။
မေန ့ညကလည္း ျပင္သစ္ေဘာလံုုးကေပးအပ္တဲ့ေဘာ္လြန္ဒီေအာ္ဆုေပးပြဲမွာလည္း ခရိုုေအးရွားအသင္းနဲ့ရီးရဲလ္ကြင္းလယ္လူ မိုုဒရစ္ မဲအမ်ားဆံုုးျဖင့္ ေရႊေဘာ္လံုုးဆုုကိုု ရရိွခဲ့ၿပီး မဲအမ်ားဆံုုးလူ ၃ေယာက္စာရင္းမွာ ျပင္သစ္ကစားသမားဆိုုလိုု ့ဂရစ္ဇမန္းတစ္ေယာက္သာတတိယေနရာမွာပဲခ်ိတ္နိုုင္ခဲ့ပါတယ္။
ျပင္သစ္ၿမိဳ ့မွာ ေတာ့ ေဘာ္လြန္ဒီေအာ္ဆုုကိုု ၁၀စုုနွစ္ ၾကာလႊမ္းမိုုးထားၾကတဲ့ မက္ဆီနဲ ့ရိုုနယ္ဒိုအတြက္ေတာ့ ဒီ၂၀၁၈ ဟာ သူတိုု ့၂ေယာက္စလံုုးအတြက္ ေဘာလံုုးေလာကရဲ ့ဆုုဖလားဇာတ္ခံုုေတြအေပၚလႊမ္းမိုုးလာမႈအဆံုုးသတ္ခဲ့တယ္လိုု ့ဆိုုရမွာပဲျဖစ္ပါတယ္။
ဒါပင္မယ့္ဒီဆုုဟာ ကမာၻ ့ဖလားဆုုရ ကစားသမားေတြအတြက္ မျဖစ္ခဲ့ပါဘူး။
“ ေဘာ္လြန္ဒီေအာ္ဆုဟာ ျပင္သစ္ကစားသမားေတြအတြက္ပဲျဖစ္သင့္တယ္။” ဂရစ္ဇမန္းရဲ ့ပရိတ္သတ္ေတြက ေရာ ကစားသမားကိုုယ္တိုုင္က ပါ ေျမာက္ျမားလွတဲ ့အင္တာဗ်ဴးတိုင္းအၾကိမ္ၾကိမ္ေျဖၾကားခဲ့တဲ့စကားပါ။
ဒါ့အျပင္ မေန ့ညက ေဘာ္လြန္ဒီေအာ္ဇာတ္ခံုု မွာ ၿပီးခဲ့တဲ့ ကမာၻ ့ဖလားၿပိဳင္ပြဲက ျပင္သစ္ရဲ ့သူရဲေကာင္းေတြျဖစ္ၾကတဲ့ ေနာက္ခံလူဗာရိန္းနဲ ့ဘာေပးတိုု ့ေတာင္၃ေယာက္စကာတင္စာရင္းမွာ တတ္ေရာက္နိုုင္ခြင့္မရိွခဲ့ပါဘူး။အမ္ဘာေပးတစ္ေယာက္ကိုသာ လူငယ္ဆုုျဖစ္တဲ့ ကိုုပါဆု နဲ ့ေခၽြးသိပ္ေပးခဲ့တာကိုုေတြ ့ရပါတယ္။
ဒီလိုု ျဖစ္ရပ္မ်ိဳးဟာ ပထမဆံုုးအၾကိမ္ေတာ့ မဟုုတ္ပါဘူး။ တကယ္ဆိုု ကမာၻ ့ဖလားဆုုရကစားသမားေတြလြဲေခ်ာ္ခဲ့တာ ဒါနဲ ့ဆိုု ၃ၾကိမ္ေျမာက္ပဲျဖစ္ပါတယ္။ ၂၀၁၀ တုုန္းကဆိုုရင္မက္ဆီက ေဘာ္လြန္ဒီေအာ္ဆုုကိုုရရိွခဲ့ၿပီး စပိန္နဲ ့ကမာၻ ့ဖလားရေအာင္စြမ္းေဆာင္ခဲ့ၾကတဲ့ အင္နီေယစတာ နဲ ့ဇာဗီတိုု ့လြဲေခ်ာ္ခဲ့ပါတယ္။
၂၀၁၄ မွာဆိုုရင္လည္း ရိုုနယ္ဒိုု က ခ်န္ပီယံလိပ္ေအာင္ပြဲေၾကာင့္ေဘာ္လြန္ဒီေအာ္ဆုုကိုု ရယူနိုုင္ခဲ့ၿပီး ဘရာဇီးေျမက ဂ်ာမန္သားေတြရဲ ့ေအာင္ပြဲကိုု ေမ့ျပစ္ခဲ့ၾကပါတယ္။
ဒါဆိုရင္အရင္ကေရာ ကမာၻ ့ဖလားဆုရွင္ေတြ ေဘာ္လြန္ဒီေအာ္ဆုုကိုု မရခဲ့ၾကဘူးလား?
1998 ကမာၻ ့ဖလားဖိုုင္နယ္မွာ ဘရာဇီးဘက္ကိုု ၂ဂိုုးသြင္းခဲ့တဲ့ ဇီဒန္းတစ္ေယာက္ရခဲ့ၿပီး ၂၀၀၂ ကမာၻ ့ဖလားဖိုုင္နယ္မွာ ဂ်ာမနီဘက္ကိုု ၂ဂိုုးသြင္းခဲ့တဲ့ ဘရာဇီးတိုုက္စစ္မွဴး ရိုုနယ္ဒိုုကရရိွခဲ့သလိုု ၂၀၀၆ ကမာၻ ့ဖလားၿပိဳင္ပြဲမွာအီတလီအသင္းနဲ ့အတူေျခစြမ္းျပကစားခဲ့တဲ့ ေနာက္ခံလူ ကမ္နာဗာရိုုတစ္ေယာက္ရခဲ့ပါေသးတယ္။
အခုုခ်ိန္မွာေတာ့ ေဘာလံုုးေလာကသမိုုင္းေၾကာင္းေတြဟာ ေျပာင္းလဲလာေနၿပီဆိုုတာ မိုုဒရစ္တစ္ေယာက္က သက္ေသျပလုုိက္တာပဲျဖစ္ပါတယ္။
ခ်န္ပီယံလိပ္ဖလား နဲ့ ခရိုုေအးရွားအသင္းကိုု ကမာၻ ့ဖိုုင္နယ္အထိေရာက္ေအာင္စြမ္းေဆာင္ေပးနိုုင္ခဲ့တာနဲ ့တင္ ဒီနွစ္ ၂၀၁၈ ရဲ ့တစ္ကိုုယ္ရည္ထူးခၽြန္ဆုုမ်ားစြာကိုု မိုုဒရစ္တစ္ေယာက္ထဲရဖိုု ့ထိုုက္တန္မႈရိွရဲ ့လား?
ေအာက္က ကြန္းမန္ ့မွာ၀င္ေရာက္ေရးသားေဆြးေႏြးသြားနိုုင္ပါတယ္။
(Unicode)
ကမ္ဘာ့ဖလားရရုံနဲ့ဘော်လွန်ဒီအော်ဆုတွေနဲ့အခြားဆုတွေရဖို့တကယ်မသေချာတော့တာပါ။
“ ဒီနှစ်ဘော်လွန်ဒီအော်ဆုကို ပြင်သစ်သားတွေတစ်ယောက်မှမရရင်တော့ ရှက်စရာကောင်းသွားပါပြီ။ဒါဆိုရင်တော့ ချန်ပီယံလိပ်ဖလားက ကမ္ဘာ့ဖလားထက်အရေးပါတာလား။ကျွန်တော်ဘော်လွန်ဒီအော်ဆုရဖို့ဘာတွေလုပ်ပေးရမှာလဲ? ”
ဒါဟာမနေ့က ဘော်လွန်ဒီအော်ဆုပေးပွဲအခမ်းအနားမှာပြောကြားဖွင့်ဟခဲ့တဲ့ ပြင်သစ်ကစားသမားအန်တိုနီယိုဂရစ်ဇမန်းရဲ့ပြောစကားတွေပါပဲ။တကယ်တမ်းကျသူပြောတာလည်း မှန်သင့်သလောက်တော့ မှန်နေပါတယ်။
ယခုနှစ် ၂၀၁၈ FIFA ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းကစားသမားတွေ ခြေစွမ်းပြပြီးရယူခဲ့ကြပါတယ်။ဒါပင်မယ့်လည်း FIFA က ချီးမြှင့်တဲ့ The Best Man ဆုမှာတောင် ပြင်သစ်ကစားသမားတစ်ယောက်မှမပါခဲ့ပြန်ပါဘူး။ FIFA ကိုယ်တိုင်က ဦးစီးကျင်းပတဲ့ ကမ္ဘာ့ဖလားကို ပြင်သစ်သားတွေရယူနိုင်ခဲ့တာတောင် FIFA က ရီးရဲလ်အသင်းနဲ့ခရိုအေးရှားကွင်းလယ်လူလူကာမိုဒရစ်ကို ပဲပေးခဲ့တာကတော့ ပြင်သစ်ကစားသမားတွေအတွက် ခံပြင်းစရာပါ။
မနေ့ညကလည်း ပြင်သစ်ဘောလုံးကပေးအပ်တဲ့ဘော်လွန်ဒီအော်ဆုပေးပွဲမှာလည်း ခရိုအေးရှားအသင်းနဲ့ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် မဲအများဆုံးဖြင့် ရွှေဘော်လုံးဆုကို ရရှိခဲ့ပြီး မဲအများဆုံးလူ ၃ယောက်စာရင်းမှာ ပြင်သစ်ကစားသမားဆိုလို့ဂရစ်ဇမန်းတစ်ယောက်သာတတိယနေရာမှာပဲချိတ်နိုင်ခဲ့ပါတယ်။
ပြင်သစ်မြို့မှာ တော့ ဘော်လွန်ဒီအော်ဆုကို ၁၀စုနှစ် ကြာလွှမ်းမိုးထားကြတဲ့ မက်ဆီနဲ့ရိုနယ်ဒိုအတွက်တော့ ဒီ၂၀၁၈ ဟာ သူတို့၂ယောက်စလုံးအတွက် ဘောလုံးလောကရဲ့ဆုဖလားဇာတ်ခုံတွေအပေါ်လွှမ်းမိုးလာမှုအဆုံးသတ်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

ဒါပင်မယ့်ဒီဆုဟာ ကမ္ဘာ့ဖလားဆုရ ကစားသမားတွေအတွက် မဖြစ်ခဲ့ပါဘူး။
“ ဘော်လွန်ဒီအော်ဆုဟာ ပြင်သစ်ကစားသမားတွေအတွက်ပဲဖြစ်သင့်တယ်။” ဂရစ်ဇမန်းရဲ့ပရိတ်သတ်တွေက ရော ကစားသမားကိုယ်တိုင်က ပါ မြောက်မြားလှတဲ့အင်တာဗျူးတိုင်းအကြိမ်ကြိမ်ဖြေကြားခဲ့တဲ့စကားပါ။
ဒါ့အပြင် မနေ့ညက ဘော်လွန်ဒီအော်ဇာတ်ခုံ မှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြင်သစ်ရဲ့သူရဲကောင်းတွေဖြစ်ကြတဲ့ နောက်ခံလူဗာရိန်းနဲ့ဘာပေးတို့တောင်၃ယောက်စကာတင်စာရင်းမှာ တတ်ရောက်နိုင်ခွင့်မရှိခဲ့ပါဘူး။အမ်ဘာပေးတစ်ယောက်ကိုသာ လူငယ်ဆုဖြစ်တဲ့ ကိုပါဆု နဲ့ချွေးသိပ်ပေးခဲ့တာကိုတွေ့ရပါတယ်။
ဒီလို ဖြစ်ရပ်မျိုးဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တကယ်ဆို ကမ္ဘာ့ဖလားဆုရကစားသမားတွေလွဲချော်ခဲ့တာ ဒါနဲ့ဆို ၃ကြိမ်မြောက်ပဲဖြစ်ပါတယ်။ ၂၀၁၀ တုန်းကဆိုရင်မက်ဆီက ဘော်လွန်ဒီအော်ဆုကိုရရှိခဲ့ပြီး စပိန်နဲ့ကမ္ဘာ့ဖလားရအောင်စွမ်းဆောင်ခဲ့ကြတဲ့ အင်နီယေစတာ နဲ့ဇာဗီတို့လွဲချော်ခဲ့ပါတယ်။
၂၀၁၄ မှာဆိုရင်လည်း ရိုနယ်ဒို က ချန်ပီယံလိပ်အောင်ပွဲကြောင့်ဘော်လွန်ဒီအော်ဆုကို ရယူနိုင်ခဲ့ပြီး ဘရာဇီးမြေက ဂျာမန်သားတွေရဲ့အောင်ပွဲကို မေ့ပြစ်ခဲ့ကြပါတယ်။
ဒါဆိုရင်အရင်ကရော ကမ္ဘာ့ဖလားဆုရှင်တွေ ဘော်လွန်ဒီအော်ဆုကို မရခဲ့ကြဘူးလား?
1998 ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘရာဇီးဘက်ကို ၂ဂိုးသွင်းခဲ့တဲ့ ဇီဒန်းတစ်ယောက်ရခဲ့ပြီး ၂၀၀၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂျာမနီဘက်ကို ၂ဂိုးသွင်းခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရိုနယ်ဒိုကရရှိခဲ့သလို ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာအီတလီအသင်းနဲ့အတူခြေစွမ်းပြကစားခဲ့တဲ့ နောက်ခံလူ ကမ်နာဗာရိုတစ်ယောက်ရခဲ့ပါသေးတယ်။
အခုချိန်မှာတော့ ဘောလုံးလောကသမိုင်းကြောင်းတွေဟာ ပြောင်းလဲလာနေပြီဆိုတာ မိုဒရစ်တစ်ယောက်က သက်သေပြလိုက်တာပဲဖြစ်ပါတယ်။
ချန်ပီယံလိပ်ဖလား နဲ့ ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖိုင်နယ်အထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာနဲ့တင် ဒီနှစ် ၂၀၁၈ ရဲ့တစ်ကိုယ်ရည်ထူးချွန်ဆုများစွာကို မိုဒရစ်တစ်ယောက်ထဲရဖို့ထိုက်တန်မှုရှိရဲ့လား?
အောက်က ကွန်းမန့်မှာဝင်ရောက်ရေးသားဆွေးနွေးသွားနိုင်ပါတယ်။

Post a Comment