Header Ads


အလက္ဇန္းဒါးအာနိုးလ္ကို ဆူပူညႊန္ၾကားခဲ့တဲ့လီဗာပူးလ္ေနာက္ခံလူဗန္ဒိုက္စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဗန္ဒိုက္စ္တစ္ေယာက္ကို အထင္မလြဲက်ပါနဲ ့ဗ်။ဘာလို ့လဲဆိုတာခင္ဗ်ားဟာ သူ ့ရဲ့ အသင္းေဖာ္တစ္ေယာက္ျဖစ္ေနရင္ေတာင္မွ ခင္ဗ်ားကို ေအာ္ဟစ္ဆူပူမွာေသခ်ာေနလို ့ပါ။

ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြက မန္စီးတီးအသင္းနဲ ့ပြဲမွာေတာ့ ဗန္ဒိုက္စ္တစ္ေယာက္ဟာ အသင္းေဖာ္ ေလာဗရန္ရဲ ့ေနာက္တန္းမွာ ေၾကာင္တိေၾကာင္ေတာင္ျဖစ္ေနတဲ့ အေပၚစကားလံုးတစ္ခ်ိဳ ့နဲ ့အတူကြင္းထဲမွာဆူပူေနခဲ့ပါေသးတယ္။ဒါ့အျပင္ မေန ့ညက ဘရိုက္တန္အသင္းနဲ့ေတြ ့ဆံုတဲ့ပြဲမွာလည္းသူ ့ရဲ့အသင္းေဖာ္ေနာက္ခံလူ အလက္ဇန္းဒါးအာနိုးလ္အေပၚ ညႊန္ၾကားမႈတစ္ခ်ိဳ ့ျပဳလုပ္ခဲ့တာကိုေတြ ့ရပါတယ္။ဒါဟာ တကယ့္ကိုတန္ဖိုးရိွတယ္လို ့ဆိုနိုင္ပါတယ္။ေနာက္ဆံုးမိနစ္အေရာက္မွာ ဗန္ဒိုက္စ္က သူ ့ရဲ့ေနာက္တန္းခံစစ္လိုင္းကို ပိုမိုစုစုစည္းစည္းရိွေစဖို ့ညာေနာက္ခံလူငယ္ေလးကို ေအာ္ဟစ္ဆူပူခဲ့တာပဲျဖစ္ပါတယ္။ 



အဆင့္အတန္းေကာင္းတစ္ခုကိုျပသလိုက္သလိုပါပဲ။သူဟာ လီဗာပူးလ္အသင္းရဲ ့အနာဂတ္အသင္းေခါင္းေဆာင္ေကာင္းတစ္ေယာက္ေသခ်ာေပါက္ျဖစ္လာနိုင္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္တို ့ဟာ ဘရိုက္တန္အသင္းရဲ AMEX ကြင္းမွာဆာလာရဲ့ ပယ္နယ္တီသြင္းဂိုးနဲ့ အတူ ေသခ်ာေပါက္အနိုင္၃မွတ္ရယူခဲ့ၿပီး ပရီးမီးယားလိပ္ဇယားထိပ္မွာရပ္တည္ေနပါတယ္။ဆာလာရဲ ့သြင္းဂိုးတစ္ဂိုးနဲ့သာအနိုင္ရခဲ့ေသာ္လည္း အသင္းခံစစ္ကေတာ့ ပံုစံေကာင္းျပသနိုင္ခဲ့ၿပီး ေနာက္ထပ္ clean sheet တစ္ပြဲကိုလည္းရယူနိုင္ခဲ့ပါတယ္။ဗန္ဒိုက္စ္ဟာလည္း ဒီဇင္ဘာလမွာ အသင္းခံစစ္အတြက္အေကာင္းဆံုးေျခစြမ္းေတြထုတ္ျပနိုင္ခဲ့ၿပီး ဒီဇင္ဘာလရဲ ့ပရီးမီးယားလိပ္၁လတာအေကာင္းဆံုးဆုကို ရယူနိုင္ခဲ့ပါတယ္။

နယ္သာလန္လူ ့ဘီလူးၾကီးဟာ အသင္းေနာက္တန္းမွာေက်ာက္ေဆာင္တစ္ဖြယ္မာေက်ာတဲ့ ကစားပံုကိုျပသနိုင္ခဲ့ရံုမက သြင္းဂိုးေတြ၊ဖန္တီးမႈေတြပါလုပ္ေဆာင္နိုင္ခဲ့ပါတယ္။သူ ့ရဲ ့ပထမဆံုးလိပ္သြင္းဂိုးကို ၀ုလ္ဗ္အသင္းနဲ့ပြဲမွာရယူခဲ့တာပဲျဖစ္ပါတယ္။သူဟာ ဒီဇင္ဘာလတစ္လံုး ပရီးမီးယားလိပ္၇ပြဲစလံုးအနိုင္ရရိွေအာင္စြမ္းေဆာင္နိုင္ခဲ့ပါတယ္။

ဗန္ဒိုက္စ္နဲသူ ့ရဲ့ အသင္းေဖာ္ေတြဟာ ေနာက္အပတ္မွာေတာ့ အန္ဖီးလ္ကြင္းမွာ ခရစ္စတယ္ပဲေလ့စ္အသင္းနဲ ့ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။

(Unicode)

အလက်ဇန်းဒါးအာနိုးလ်ကို ဆူပူညွှန်ကြားခဲ့တဲ့လီဗာပူးလ်နောက်ခံလူဗန်ဒိုက်စ်

ဗန်ဒိုက်စ်တစ်ယောက်ကို အထင်မလွဲကျပါနဲ့ဗျ။ဘာလို့လဲဆိုတာခင်ဗျားဟာ သူ့ရဲ့ အသင်းဖော်တစ်ယောက်ဖြစ်နေရင်တောင်မှ ခင်ဗျားကို အော်ဟစ်ဆူပူမှာသေချာနေလို့ပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက မန်စီးတီးအသင်းနဲ့ပွဲမှာတော့ ဗန်ဒိုက်စ်တစ်ယောက်ဟာ အသင်းဖော် လောဗရန်ရဲ့နောက်တန်းမှာ ကြောင်တိကြောင်တောင်ဖြစ်နေတဲ့ အပေါ်စကားလုံးတစ်ချို့နဲ့အတူကွင်းထဲမှာဆူပူနေခဲ့ပါသေးတယ်။ဒါ့အပြင် မနေ့ညက ဘရိုက်တန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲမှာလည်းသူ့ရဲ့အသင်းဖော်နောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်အပေါ် ညွှန်ကြားမှုတစ်ချို့ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ဒါဟာ တကယ့်ကိုတန်ဖိုးရှိတယ်လို့ဆိုနိုင်ပါတယ်။နောက်ဆုံးမိနစ်အရောက်မှာ ဗန်ဒိုက်စ်က သူ့ရဲ့နောက်တန်းခံစစ်လိုင်းကို ပိုမိုစုစုစည်းစည်းရှိစေဖို့ညာနောက်ခံလူငယ်လေးကို အော်ဟစ်ဆူပူခဲ့တာပဲဖြစ်ပါတယ်။ 

အဆင့်အတန်းကောင်းတစ်ခုကိုပြသလိုက်သလိုပါပဲ။သူဟာ လီဗာပူးလ်အသင်းရဲ့အနာဂတ်အသင်းခေါင်းဆောင်ကောင်းတစ်ယောက်သေချာပေါက်ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်တို့ဟာ ဘရိုက်တန်အသင်းရဲ့AMEX ကွင်းမှာဆာလာရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ အတူ သေချာပေါက်အနိုင်၃မှတ်ရယူခဲ့ပြီး ပရီးမီးယားလိပ်ဇယားထိပ်မှာရပ်တည်နေပါတယ်။ဆာလာရဲ့သွင်းဂိုးတစ်ဂိုးနဲ့သာအနိုင်ရခဲ့သော်လည်း အသင်းခံစစ်ကတော့ ပုံစံကောင်းပြသနိုင်ခဲ့ပြီး နောက်ထပ် clean sheet တစ်ပွဲကိုလည်းရယူနိုင်ခဲ့ပါတယ်။ဗန်ဒိုက်စ်ဟာလည်း ဒီဇင်ဘာလမှာ အသင်းခံစစ်အတွက်အကောင်းဆုံးခြေစွမ်းတွေထုတ်ပြနိုင်ခဲ့ပြီး ဒီဇင်ဘာလရဲ့ပရီးမီးယားလိပ်၁လတာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။

နယ်သာလန်လူ့ဘီလူးကြီးဟာ အသင်းနောက်တန်းမှာကျောက်ဆောင်တစ်ဖွယ်မာကျောတဲ့ ကစားပုံကိုပြသနိုင်ခဲ့ရုံမက သွင်းဂိုးတွေ၊ဖန်တီးမှုတွေပါလုပ်ဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးလိပ်သွင်းဂိုးကို ဝုလ်ဗ်အသင်းနဲ့ပွဲမှာရယူခဲ့တာပဲဖြစ်ပါတယ်။သူဟာ ဒီဇင်ဘာလတစ်လုံး ပရီးမီးယားလိပ်၇ပွဲစလုံးအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဗန်ဒိုက်စ်နဲသူ့ရဲ့ အသင်းဖော်တွေဟာ နောက်အပတ်မှာတော့ အန်ဖီးလ်ကွင်းမှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။



No comments

Powered by Blogger.