စာခ်ဳပ္သက္တမ္းတိုးဖို႔ ေအးဂ်င့္ကို ေျပာလိုက္တဲ့မာရွယ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေမာ္ရင္ဟိုလက္ေအာက္မွာ အနာဂတ္မတည္မျငိမ္ျဖစ္ျပီး ထြက္ခြာဖို႔အလားအလာမ်ားခဲ့တဲ့မာရွယ္ကေတာ့ လက္ရွိအခ်ိန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတ္ိုးဖို႔ ေအးဂ်င့္ကိုေစခိုင္းခဲ့ျပီျဖစ္ပါတယ္။ေဘာလံုးေလာကမွာတစ္ပတ္ဆိုတာျကာျမင့္တဲ့အခ်ိန္ျဖစ္ျပီး ငါးပတ္ေလာက္ဆိုတာ အတိုင္းအတာတစ္ခုထိေျပာင္းလဲသြားေစနိုင္ပါတယ္။အခုခ်ိန္မွာဆို ဆိုးရွားရဲ႕ဦးေဆာင္မႈနဲ႔အတူ ယူနိုက္တက္ဟာ နွစ္စကနဲ႔ျခားနားတဲ့ ပံုစံတစ္ခုနဲ႔အတူ လမ္းေျကာင္းမွန္ေပၚေရာက္ေနျပီလို႔ဆိုရမွာပါ။
အိုးထရက္ဖို႔ဒ္မွာ လြန္ခဲ့တဲ့ငါးပတ္ေလာက္ကစျပီး ကစားဟန္ပိုင္းေရာ ရလဒ္ပိုင္းပါ အေပါင္းလကၡဏာေဆာင္တဲ့ ေျပာင္းလဲမႈမ်ိဳးျဖစ္ခဲ့ပါတယ္။အားလံုးသိျပီးတဲ့အတိုင္းေမာ္ရင္ဟိုလက္ေအာက္မွာ ျကံရည္ဖန္ရည္ကင္းမဲ့ျပီး ျငီးေငြ႕စရာေကာင္းေလာက္ေအာင္ကစားေနသူေတြဟာ ဆိုးလ္ရွားလက္ထက္မွာေတာ့ နတ္ေရကန္ထဲ ကထြက္လာသူေတြလိုျဖစ္သြားပါတယ္။ဝင္ကစားရလိုက္အရန္ခံုေရာက္လိုက္ျဖစ္ေနတဲ့ ရပ္ဖို႔ဒ္ ေပါ့ဘာတို႔ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔အဆင့္ေျခစြမ္းေတြျပေနျပီး ျပိဳင္ဘက္တိုင္းကိုေျခာက္လွန္႔ေနပါျပီ။ဒီလိုပဲ ေမာ္ရင္ဟိုသာဆက္ရွိရင္ အသင္းကထြက္ခြာဖို႔ေသခ်ာသေလာက္ျဖစ္ေနတဲ့ မာရွယ္လည္း အသင္းမွာေပ်ာ္ရႊင္ေနျပီျဖစ္ပါတယ္။ ဒီျပင္သစ္သားဟာစပယ္ရွယ္ဝမ္းရွိစဥ္က အသင္းနဲ႔စာခ်ဳပ္သက္တမ္းမတိုးေတာ့ဘူးလို႔ ေျပာင္ေျပာင္တင္းတင္းထုတ္ေျပာထားသူပါ။
စာခ်ဳပ္သက္တမ္းကလည္း၁၈လသာက်န္ေတာ့တာေျကာင့္ ေနာက္နွစ္ေႏြေရာက္ရင္ အလြတ္ထြက္ခြာခြင့္ျပဳရမယ့္အေျခအေနပါ။ အခုေတာ့ မာရွယ္ဟာ သူ႔ေအးဂ်င့္ ဖိလစ္ပီ လမ္ဘိုလီကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႕သေဘာတူေျကာင္းေျပာခဲ့ပါျပီ။ျပီးခဲ့တဲ့ေႏြကဆိုရင္ ေတာင္ပံကစားသမားသစ္ဝယ္ဖို႔အတြက္ မာရွယ္ကိုေရာင္းျပီးေငြရွာဖို႔ ေမာ္ရင္ဟိုျကိဳးပမ္းခဲ့ပါတယ္။ဒါေပမယ့္ အသင္းအမႈေဆာင္ အက္ဝုဒ္ဝက္ က မာရွယ္အေနနဲ႔ အသင္းရဲ႕အနာဂတ္စီမံကိန္းေတြမွာ ဝါဝင္တာေျကာင့္ ေရာင္းခ်ဖို႔ျငင္းဆန္ခဲ့ပါတယ္။
တကယ္ေတာ့ မာရွယ္ရဲ႕စာခ်ဳပ္ဟာ ဒီေႏြေစ်းကြက္မွာကုန္ဆံုးမွာျဖစ္ျပီး အလိုေလ်ာက္တစ္နွစ္သက္တမ္းတိုးခြင့္ရွိေနလို႔ ၁၈လက်န္ေနတာပါ။လက္ရွိစာခ်ဳပ္သစ္အရ မာရွယ္အေနနဲ႔ တစ္ပတ္ေပါင္တစ္သိန္းခြဲနီးပါးရရွိေတာ့ မွာျဖစ္ျပီး သူ႔ရဲ႕အေျပာင္းေရြ႕ပံုျပင္ေတြလည္းအဆံုးသတ္ခဲ့ပါျပီ။လက္ရွိဆိုးရွားလ္လက္ေအာင္မွာေပ်ာ္ရႊင္ေနေျကာင္းေျပာခဲ့ျပီးမာရွယ္က''က်ေနာ္အရင္ကထက္ပိုပီး ပြဲထြက္ခြင့္ရလာတဲ့အတြက္ေပ်ာ္ရႊင္မိပါတယ္။ပံုမွန္ပြဲထြက္ခြင့္ရဖို႔လည္းေမ်ွာ္လင့္ျပီး ဂိုးေတြထပ္သြင္းခ်င္ပါတယ္။ က်ေနာ္အေကာင္းဆံုးကစားျပီး အသင္းကိုကူညီခ်င္ပါတယ္။အခုက်ေနာ္ေပ်ာ္ေနပါတယ္''လို႕ဆိုသြားပါတယ္။
မာရွယ္ကေတာ့ လြန္ခဲ့တဲ့ငါးပတ္အတြင္း ခံစားခ်က္ေကာင္းေတြရခဲ့တာေျကာင့္ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ဆုံးျဖတ္လိုက္ျပီျဖစ္ပါေျကာင္း....
(Unicode)
စာချုပ်သက်တမ်းတိုးဖို့ အေးဂျင့်ကို ပြောလိုက်တဲ့မာရှယ်
မော်ရင်ဟိုလက်အောက်မှာ အနာဂတ်မတည်မငြိမ်ဖြစ်ပြီး ထွက်ခွာဖို့အလားအလာများခဲ့တဲ့မာရှယ်ကတော့ လက်ရှိအချိန်မှာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ အေးဂျင့်ကိုစေခိုင်းခဲ့ပြီဖြစ်ပါတယ်။ဘောလုံးလောကမှာတစ်ပတ်ဆိုတာကြာမြင့်တဲ့အချိန်ဖြစ်ပြီး ငါးပတ်လောက်ဆိုတာ အတိုင်းအတာတစ်ခုထိပြောင်းလဲသွားစေနိုင်ပါတယ်။အခုချိန်မှာဆို ဆိုးရှားရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ နှစ်စကနဲ့ခြားနားတဲ့ ပုံစံတစ်ခုနဲ့အတူ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ဆိုရမှာပါ။
အိုးထရက်ဖို့ဒ်မှာ လွန်ခဲ့တဲ့ငါးပတ်လောက်ကစပြီး ကစားဟန်ပိုင်းရော ရလဒ်ပိုင်းပါ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုမျိုးဖြစ်ခဲ့ပါတယ်။အားလုံးသိပြီးတဲ့အတိုင်းမော်ရင်ဟိုလက်အောက်မှာ ကြံရည်ဖန်ရည်ကင်းမဲ့ပြီး ငြီးငွေ့စရာကောင်းလောက်အောင်ကစားနေသူတွေဟာ ဆိုးလ်ရှားလက်ထက်မှာတော့ နတ်ရေကန်ထဲ ကထွက်လာသူတွေလိုဖြစ်သွားပါတယ်။ဝင်ကစားရလိုက်အရန်ခုံရောက်လိုက်ဖြစ်နေတဲ့ ရပ်ဖို့ဒ် ပေါ့ဘာတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေပြနေပြီး ပြိုင်ဘက်တိုင်းကိုခြောက်လှန့်နေပါပြီ။ဒီလိုပဲ မော်ရင်ဟိုသာဆက်ရှိရင် အသင်းကထွက်ခွာဖို့သေချာသလောက်ဖြစ်နေတဲ့ မာရှယ်လည်း အသင်းမှာပျော်ရွှင်နေပြီဖြစ်ပါတယ်။ ဒီပြင်သစ်သားဟာစပယ်ရှယ်ဝမ်းရှိစဉ်က အသင်းနဲ့စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ပြောင်ပြောင်တင်းတင်းထုတ်ပြောထားသူပါ။
စာချုပ်သက်တမ်းကလည်း၁၈လသာကျန်တော့တာကြောင့် နောက်နှစ်နွေရောက်ရင် အလွတ်ထွက်ခွာခွင့်ပြုရမယ့်အခြေအနေပါ။ အခုတော့ မာရှယ်ဟာ သူ့အေးဂျင့် ဖိလစ်ပီ လမ်ဘိုလီကို စာချုပ်သစ်ချုပ်ဖို့သဘောတူကြောင်းပြောခဲ့ပါပြီ။ပြီးခဲ့တဲ့နွေကဆိုရင် တောင်ပံကစားသမားသစ်ဝယ်ဖို့အတွက် မာရှယ်ကိုရောင်းပြီးငွေရှာဖို့ မော်ရင်ဟိုကြိုးပမ်းခဲ့ပါတယ်။ဒါပေမယ့် အသင်းအမှုဆောင် အက်ဝုဒ်ဝက် က မာရှယ်အနေနဲ့ အသင်းရဲ့အနာဂတ်စီမံကိန်းတွေမှာ ဝါဝင်တာကြောင့် ရောင်းချဖို့ငြင်းဆန်ခဲ့ပါတယ်။
တကယ်တော့ မာရှယ်ရဲ့စာချုပ်ဟာ ဒီနွေဈေးကွက်မှာကုန်ဆုံးမှာဖြစ်ပြီး အလိုလျောက်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေလို့ ၁၈လကျန်နေတာပါ။လက်ရှိစာချုပ်သစ်အရ မာရှယ်အနေနဲ့ တစ်ပတ်ပေါင်တစ်သိန်းခွဲနီးပါးရရှိတော့ မှာဖြစ်ပြီး သူ့ရဲ့အပြောင်းရွေ့ပုံပြင်တွေလည်းအဆုံးသတ်ခဲ့ပါပြီ။လက်ရှိဆိုးရှားလ်လက်အောင်မှာပျော်ရွှင်နေကြောင်းပြောခဲ့ပြီးမာရှယ်က''ကျနော်အရင်ကထက်ပိုပီး ပွဲထွက်ခွင့်ရလာတဲ့အတွက်ပျော်ရွှင်မိပါတယ်။ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်းမျှော်လင့်ပြီး ဂိုးတွေထပ်သွင်းချင်ပါတယ်။ ကျနော်အကောင်းဆုံးကစားပြီး အသင်းကိုကူညီချင်ပါတယ်။အခုကျနော်ပျော်နေပါတယ်''လို့ဆိုသွားပါတယ်။
မာရှယ်ကတော့ လွန်ခဲ့တဲ့ငါးပတ်အတွင်း ခံစားချက်ကောင်းတွေရခဲ့တာကြောင့် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါကြောင်း....
Post a Comment