Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ကစားသမားတွေနဲ့တစ်နာရီကြာအဝတ်လဲအခန်းတံခါးပိတ်ဆွေးနွေးခဲ့တဲ့နည်းပြဆာရီ
ချဲလ်ဆီးနည်းပြဆာရီတစ်ယောက် မနေ့ညကဘုန်းမောက်အသင်းနဲ့ကစားခဲ့တဲ့ အသင်းသားတွေရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ဖို့တစ်နာရီကြာ အဝတ်လဲခန်းထဲဋ္ဌ်တံခါးပိတ်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
နည်းပြဆာရီဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို အသင်းအဝတ်လဲခန်းထဲကနေ ထွက်ခွာစေပြီး တံခါးကိုသော့ပိတ်လိုက်ကာ ဘုန်းမောက်အသင်းကို ၄-၀ ဖြင့်ရှုံးနိမ့်တဲ့အထိ စွမ်းဆောင်ရည်မကောင်းခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေနဲ့တစ်နာရီကြာစကားပြောခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာယခုရှုံးပွဲကြောင့် အာဆင်နယ်အသင်းနဲ့ရမှတ်တူဂိုးကွာခြားချက်ကြောင့် အဆင့်၄နေရာကနေ အာဆင်နယ်အသင်းအတွက် ဖယ်ပေးလိုက်ရပြီး ရာသီကုန်အဆင့်၄အတွင်းဝင်ဖို့စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။လိပ်မှာ အာဆင်နယ်အသင်းနဲ့တော့တင်ဟမ်တို့ကိုရှုံးနိမ့်ခဲ့ပြီး မနေ့ည ဘုန်းမောက်ကို အရှက်တကွဲရှုံးပွဲကြောင့် နည်းပြဆာရီရဲ့နည်းစနစ်ပိုင်းကိုမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်
ဆာရီဟာ ပွဲအပြီးမီဒီယာတွေနဲ့စကားပြောဖို့မီဒီယာသမားတွေကို ၁နာရီကျော်ကြာစောင့်ဆိုင်းစေခဲ့တာဖြစ်ပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ကစားသမားတွေနဲ့သူဘာတွေဆွေးနွေးခဲ့သလဲ အသေးစိတ်ပြန်လည်ပြောကြားခဲ့ပါတယ်။
” အဲ့ဒီချိန်တုန်းက ကျွန်တော်သူတို့နဲ့ ဘယ်သူမှမရှိပဲ တစ်ယောက်ထဲပဲစကားပြောချင်ခဲ့တာပါ။ကျွန်တော်အရင်ကပြောခဲ့ဖူးသလိုပါပဲ။ကျွန်တော်နားလည်ဖို့လိုအပ်ပါတယ်။ပထမပိုင်းနဲ့ဒုတိယပိုင်းမှာ မတူတဲ့နည်းလမ်းနဲ့ကစားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဘယ်လိုဖြစ်သွားတာလဲ ကျွန်တော်နားမလည်တော့ပါဘူး။” လို့ဆာရီကပြောကြားခဲ့ပါတယ်။
” မနက်ဖန်မှာထပ်ကြိုးစာချင်ပါတယ်။ဘာလို့ဆိုတော့ ဒီပြဿနာကို ကျွန်တော်ဖြေရှင်းချင်လို့ပါ။ကျွန်တော့်အသင်းပရိတ်သတ်တွေကိုတောင်းပန်ပါတယ်လို့သာပြောရပါတော့မယ်။တကယ်တော့ကျွန်တော်တို့ပွဲတိုင်းရှုံးနိုင်ပါတယ်။ဒါပင်မယ့် ဒီပုံစံအတိုင်းတော့ မဟုတ်ပါဘူး။ကျွန်တော်တို့ဒီပြဿနာကိုဖြေရှင်းဖို့လိုအပ်ပါတယ်။ ပြဿနာကဘယ်နေရာကလည်း ကျွန်တော်တို့သိဖို့လိုပါတယ်။စွမ်းဆောင်ရည်ကို နားလည်ဖို့ကျွန်တော်တို့အတွက်အရမ်းခက်ခဲနေပါတယ်။ပထမပိုင်းတုန်းကကျွန်တော်တို့အရမ်းကောင်းအောင်ကစားခဲ့ပါတယ်။ဒုတိယပိုင်းလည်းရောက်ရော ၂မိနစ်အကြာမှာပဲ ဂိုးစပေးလိုက်ရပြီး ကစားနိုင်တာတွေလည်း ရပ်တန့်သွားပါတော့တယ်။တိုက်စစ်ပိုင်းမှာလည်း အသင်းတစ်သင်းလိုကျွန်တော်တို့မကစားနိုင်ခဲ့ပါဘူး။ကစားသမားတစ်ယောက်ချင်းစီကလည်း ခုခံနိုင်စွမ်းမရှိခဲ့ကြပါဘူး”
” ဘာလို့ဒီလိုဖြစ်ရတာလဲနားလည်ဖို့အတော်ခက်နေတာပါ။ပထမပိုင်းအခြေအနေအရ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှိခဲ့ပါတယ်။ နောက်ထပ်ကစားဖို့၄၃ မိနစ်လောက်ကျန်ပါသေးတယ်။ဒါ့ကြောင့် ပြဿနာကိုဖြေရှင်းနိုင်တာပေါ့။ဒါပင်မယ့် ဒီလိုတုံပြန်တဲ့ပုံစံမျိုးနဲ့မဟုတ်ပါဘူး။ဘာလို့အဲ့လိုဖြစ်သွားတာလဲ ကျွန်တော့်အတွက်နားလည်ရအလွန်ခက်နေပါတယ်။ပွဲပြီးတဲ့အချိန်မှာတော့ ကျွန်တော်နားလည်ဖို့ကြိုးစားခဲ့ပါတယ်။ပွဲပြီးသွားတဲ့အချိန်ကစားသမားတွေနဲ့ချက်ချင်းကျွန်တော်စကားပြောခဲ့တယ်။ဒါပင်မယ့် သူတို့အတွက်လည်း ဒီလောက်ထိရှုံးသွားတဲ့အကြောင်းအရင်းကိုပြောပြဖို့အရမ်းခက်ခဲပါတယ်။မနက်ဖန်မှာထပ်ပြီးကြိုးစားကြည့်ဦးမယ်။ဘာလို့လဲဆိုတော့ ဒီလောက်ထိဘာလို့ရှုံးသွားရတာလည်း ကျွန်တော်သိဖို့လိုပါတယ်။
ချဲလ်ဆီးပရိတ်သတ်တွေကတော့ နည်းပြဆာရီတစ်ယောက်  ပွဲကစားချိန် ၆၅မိနစ်မှာ ကစားသမားအသစ်ဟီဂွာအင်ကို ဂီရော့နဲ့လူစားလဲလိုက်တာနဲ့ပတ်သတ်ပြီး ” မင်းဘာတွေလုပ်နေလဲဆိုတာမင်းကိုယ်တိုင်တောင်မသိဘူး” လို့သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်.
ချဲလ်ဆီးအသင်းဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာအတော်လေးအားနည်းနေခဲ့ပါတယ်။ဒါပင်မယ့်သူတို့အသင်းရဲ့နောက်ဆုံး၁၃ပွဲမှာ သွင်းဂိုး၁၃ဂိုးသာသွင်းယူထားပြီး ကစားသမားအသစ်တိုက်စစ်မှူးဟီဂွာအင်ဟာလည်း သူ့ရဲ့ပထမပွဲ၂ပွဲမှာ အသင်းအတွက်ထိရောက်တဲ့အကူအညီမပေးနိုင်သေးပါဘူး။
” ကျွန်တော်တကယ်စိတ်ပျက်မိပါတယ်။ဒါပင်မယ့် ဖိအားတော့မရှိပါဘူး။ကျွန်တော့်အလုပ်ရဲ့ပုံစံကိုမတွေ့ခဲ့ရပါဘူး။အဲ့ဒါကြောင့် ကျွန်တော်စိတ်ပျက်ရတာပေါ့။” လို့ဆာရီက ဆက်လက်ပြောကြားခဲ့ပြီး ” ဒါဟာ ကျွန်တော့်ရဲ့အမှားကြောင့်ပါ။ကျွန်တော်သူတို့ကို စိတ်အားတက်ကြွအောင်မလုပ်နိုင်ခဲ့လို့ထင်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.