Header Ads


၁၆နွစ္တာကစားသမားဘ၀ရင္ဆိုင္ရအခက္အခဲဆံုးကစားသမားတစ္ေယာက္အေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ဗီဒစ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးေနာက္ခံလူတစ္ေယာက္အျဖစ္မွတ္ေက်ာက္တင္ခံထားရတဲ့ ယူႏိုက္တက္အသင္းဂႏၲဝင္ေနာက္ခံလူ နီမန္ဂ်ာ ဗီဒစ္က သူရဲ႕တံတိုင္းလိုမာေက်ာၿပီးလံုျခံဳမႈ႐ွိတယ္ဆိုတဲ့ဂုဏ္သတင္းကိုအလႈပ္႐ွားဆံုး ျဖစ္ေအာင္ တနည္းဆိုရေသာ္ ဒုကၡအေပးႏိုင္ဆံုးၿဂိဳလ္သားေတြထဲကတစ္ေယာက္ကေတာ့လီဗာပူးလ္အသင္းတိုက္စစ္မႈးေဟာင္းဖာနန္ဒိုေတာရက္စ္ပဲျဖစ္တယ္လို႔ဆိုၿပီး လီဗာပူးလ္အသင္းႏွင့္ေတြ႔ဆံုတိုင္းသူနဲ႔အတူအျမဲလိုက္ေျပးၿပီးထိန္းေနရတယ္လို႔ဆိုလိုက္ပါတယ္။မည္သိုဆိုေစကာ ဗီဒစ္အတြက္ ေတာရက္စ္ကအျမဲၿပိဳင္ဖက္ေကာင္းမဟုတ္ခဲ့ပါဘူး။ဘာလို႔လဲဆိုေတာ့ေတာ့ရက္စ္က လီဗာပူးလ္ကေနခ်ဲလ္ဆီးကိုေျပာင္းသြားၿပီးေနာက္မွာဂိုးဘယ္လိုသြင္းရမလဲဆိုေမ့သြားခဲ့လိုပဲျဖစ္ပါတယ္။

ဗီဒစ္က ေတာရက္စ္ႏွင့္ပတ္သက္ၿပီး အမွတ္တရသတိရစရာေတြအမ်ားႀကီးထဲကတစ္ခုက ၂၀၀၈- ၀၉ရာသီ အိုးထရက္ဖိုဒ္ကြင္းမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူႏိုက္တက္ ႏွင့္ လီဗာပူးလ္ပြဲစဥ္မွာ ေတာရက္စ္ရဲ႕ဂိုးႏွင့္အတူ လီဗာပူးလ္အသင္းက ၄ဂိုး၁ဂိုးႏွင့္အႏိုင္ရ႐ွိခဲ့ၿပီး အဆိုပါပြဲစဥ္မွာ ဗီဒစ္က ေတာ့ရက္စ္ကိုေျခေခ်ာ္ကာေျမျပင္နဲ႔တရြတ္တိုက္ဆြဲသလိုျဖစ္သြားေစၿပီးေတာ့ရင္စ္ရဲ့ကန္သြင္းမွုကိုခြင့္ျပဳေပးခဲ့ရပါတယ္။ဗီဒစ္ကေတာ့စပိန္သားနဲ႔ေတြဆံုတဲ့တစ္ေလ်ာက္အဆိုပါပြဲစဥ္တစ္ခုတည္းသာသူအတြက္ ကေသာင္းကနင္းျဖစ္ခဲ့တယ္လို႔ယံုၾကည္ၿပီး ပရိသတ္ေတြကမူ ယခုထိတိုင္သမိုင္းလွန္ေဘာက္ခ်ာအျဖစ္ေျပာေနျမဲပါပဲ။


Goal UK က ခ်ဲလ္ဆီးအသင္းတိုက္စစ္မႈးဒီဒီယာ ဒေရာ့ဘာနွင့္ေတြဆံုစဥ္ သူဘဝမွာေတြျကံခဲ႕ရတဲ႕အခက္ခဲဆံုးခံစစ္မႈးေတြအေၾကာင္းေမးျမန္းရာ ဒေရာ့ဘာက ဖာဒီနန္ ဗီဒစ္ ပူယိုးလ္တို႔က တကယ္ကိုအခက္ခဲဆံုး ေနာက္ခံလူေတြပါလို႔ဆိုပါတယ္။ယူႏိုက္တက္အသင္းခံစစ္မႈးႀကီး ဗီဒစ္က အသင္းႏွင့္အတူ ၈ႏွစ္ၾကာကစားခဲ့ၿပီး ပရီးမီးယားလိဂ္၅ႀကိမ္ ခ်န္ပီယံလိဂ္တစ္ႀကိမ္ လိဂ္ဖလား သံုးႀကိမ္ ရ႐ွိခဲ့ပါတယ္။ ဒေရာ့ဘာကေတာ့သူျကံုေတြခဲ့ရတဲ့ခက္ခဲ့တဲ့ခံစစ္မႈးေတြအေၾကာင္းေျပာၾကားခဲ့ၿပီး ဗီဒစ္ကလည္းသူၾကံဳေတြ႔ခဲ့ရတဲ့အေကာင္းဆံုးတိုက္စစ္မႈးေတြထဲမွာ အဂူ႐ိုတို႔ ဆြာရက္ဇ္တို႔လည္းပါဝင္တယ္လို႔ဆိုပါတယ္။ 


ဒီအင္တာဗ်ဴးက FourFourTwo သတင္းစာမွာ ေဆြးေႏြးစရာအျဖစ္ထည့္ခဲ့တဲ့အင္တာဗ်ဴးလည္းျဖစ္ပါတယ္။ဗီဒစ္က ဒီကိစၥကိုအခုလို႐ွင္းျပခဲ့ပါတယ္။

"လူေတြေျပာၾကတယ္ဗ် ေတာရက္စ္နဲ႔မင္း ေတြ႔တိုင္းခက္ခဲတဲ့ပြဲျဖစ္တယ္ဆိုၿပီး ဒါေပမယ့္ အဲဒါကတစ္ပြဲတည္းပါဗ်ာ ။ကြၽန္ေတာ္ေဘာလံုးဦးတည္ၿပီးကစားခဲ့တယ္ဒါေပမယ့္ အသိေျပာင္းလိုက္ၿပီး ဗန္ဒါဆားကိုေပးဖို႔လုပ္လိုက္တာ မွားသြားတယ္ပဲေျပာရမယ္ ကြၽန္ေတာ္ေဘာလံုးေပးဖို႔အကြာအေဝးမခ်ိန္ဆႏိုင္ခဲ့ဘူးၿပီးေတာ့ ေတာရက္စ္ဂိုးသြင္းပလိုက္တယ္"

"ဒေရာ့ဘာလည္း ထိန္းရခက္တဲ့ကစားသမားပါ။ေတာရက္စ္ကဂိုးသြင္းရဖိုအျမဲတန္းဖန္တီးေနတတ္တာပါ။ဒါေပမယ့္ဒေရာဘာကေတာ့တစ္ပြဲလံုးထိန္းေနရမည့္ကစားသမားပါ။"

"ဒေရာ့ဘာနဲ႔တိုက္တိုက္တြန္းတြန္းကစားရတာသိပ္ခက္တယ္။ဆြာရက္ဇ္တို႔ အဂူ႐ို တို႔လည္းေကာင္းပါတယ္။"


ေနာက္ေမ့လို႔မရတာက ဗီဒစ္ကိုႏိုင္တဲ့တိုက္စစ္မႈးဆိုလိုဒေရာ့ဘာတစ္ေယာက္ပဲ႐ွိတာ။ဒေရာ့ဘာက၂၀၀၈ခုႏွစ္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဗီဒစ္မ်က္ႏွာကိုလက္နဲ႔႐ိုက္ခဲ့တဲ့ကစားသမားတစ္ဦးပဲျဖစ္ပါတယ္။

(Unicode)

၁၆နှစ်တာကစားသမားဘသရင်ဆိုင်ရအခက်အခဲဆုံးကစားသမားတစ်ယောက်အကြောင်းထုတ်ဖော်ပြောကြားခဲ့တဲ့ဗီဒစ်

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ်မှတ်ကျောက်တင်ခံထားရတဲ့ ယူနိုက်တက်အသင်းဂန္တဝင်နောက်ခံလူ နီမန်ဂျာ ဗီဒစ်က သူရဲ့တံတိုင်းလိုမာကျောပြီးလုံခြုံမှုရှိတယ်ဆိုတဲ့ဂုဏ်သတင်းကိုအလှုပ်ရှားဆုံး ဖြစ်အောင် တနည်းဆိုရသော် ဒုက္ခအပေးနိုင်ဆုံးဂြိုလ်သားတွေထဲကတစ်ယောက်ကတော့လီဗာပူးလ်အသင်းတိုက်စစ်မှုးဟောင်းဖာနန်ဒိုတောရက်စ်ပဲဖြစ်တယ်လို့ဆိုပြီး လီဗာပူးလ်အသင်းနှင့်တွေ့ဆုံတိုင်းသူနဲ့အတူအမြဲလိုက်ပြေးပြီးထိန်းနေရတယ်လို့ဆိုလိုက်ပါတယ်။မည်သိုဆိုစေကာ ဗီဒစ်အတွက် တောရက်စ်ကအမြဲပြိုင်ဖက်ကောင်းမဟုတ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့တော့ရက်စ်က လီဗာပူးလ်ကနေချဲလ်ဆီးကိုပြောင်းသွားပြီးနောက်မှာဂိုးဘယ်လိုသွင်းရမလဲဆိုမေ့သွားခဲ့လိုပဲဖြစ်ပါတယ်။

ဗီဒစ်က တောရက်စ်နှင့်ပတ်သက်ပြီး အမှတ်တရသတိရစရာတွေအများကြီးထဲကတစ်ခုက ၂၀၀၈- ၀၉ရာသီ အိုးထရက်ဖိုဒ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက် နှင့် လီဗာပူးလ်ပွဲစဉ်မှာ တောရက်စ်ရဲ့ဂိုးနှင့်အတူ လီဗာပူးလ်အသင်းက ၄ဂိုး၁ဂိုးနှင့်အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဗီဒစ်က တော့ရက်စ်ကိုခြေချော်ကာမြေပြင်နဲ့တရွတ်တိုက်ဆွဲသလိုဖြစ်သွားစေပြီးတော့ရင်စ်ရဲ့ကန်သွင်းမှုကိုခွင့်ပြုပေးခဲ့ရပါတယ်။ဗီဒစ်ကတော့စပိန်သားနဲ့တွေဆုံတဲ့တစ်လျောက်အဆိုပါပွဲစဉ်တစ်ခုတည်းသာသူအတွက် ကသောင်းကနင်းဖြစ်ခဲ့တယ်လို့ယုံကြည်ပြီး ပရိသတ်တွေကမူ ယခုထိတိုင်သမိုင်းလှန်ဘောက်ချာအဖြစ်ပြောနေမြဲပါပဲ။


Goal UK က ချဲလ်ဆီးအသင်းတိုက်စစ်မှုးဒီဒီယာ ဒရော့ဘာနှင့်တွေဆုံစဉ် သူဘဝမှာတွေကြံခဲ့ရတဲ့အခက်ခဲဆုံးခံစစ်မှုးတွေအကြောင်းမေးမြန်းရာ ဒရော့ဘာက ဖာဒီနန် ဗီဒစ် ပူယိုးလ်တို့က တကယ်ကိုအခက်ခဲဆုံး နောက်ခံလူတွေပါလို့ဆိုပါတယ်။ယူနိုက်တက်အသင်းခံစစ်မှုးကြီး ဗီဒစ်က အသင်းနှင့်အတူ ၈နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်၅ကြိမ် ချန်ပီယံလိဂ်တစ်ကြိမ် လိဂ်ဖလား သုံးကြိမ် ရရှိခဲ့ပါတယ်။ ဒရော့ဘာကတော့သူကြုံတွေခဲ့ရတဲ့ခက်ခဲ့တဲ့ခံစစ်မှုးတွေအကြောင်းပြောကြားခဲ့ပြီး ဗီဒစ်ကလည်းသူကြုံတွေ့ခဲ့ရတဲ့အကောင်းဆုံးတိုက်စစ်မှုးတွေထဲမှာ အဂူရိုတို့ ဆွာရက်ဇ်တို့လည်းပါဝင်တယ်လို့ဆိုပါတယ်။ 


ဒီအင်တာဗျူးက FourFourTwo သတင်းစာမှာ ဆွေးနွေးစရာအဖြစ်ထည့်ခဲ့တဲ့အင်တာဗျူးလည်းဖြစ်ပါတယ်။ဗီဒစ်က ဒီကိစ္စကိုအခုလိုရှင်းပြခဲ့ပါတယ်။

"လူတွေပြောကြတယ်ဗျ တောရက်စ်နဲ့မင်း တွေ့တိုင်းခက်ခဲတဲ့ပွဲဖြစ်တယ်ဆိုပြီး ဒါပေမယ့် အဲဒါကတစ်ပွဲတည်းပါဗျာ ။ကျွန်တော်ဘောလုံးဦးတည်ပြီးကစားခဲ့တယ်ဒါပေမယ့် အသိပြောင်းလိုက်ပြီး ဗန်ဒါဆားကိုပေးဖို့လုပ်လိုက်တာ မှားသွားတယ်ပဲပြောရမယ် ကျွန်တော်ဘောလုံးပေးဖို့အကွာအဝေးမချိန်ဆနိုင်ခဲ့ဘူးပြီးတော့ တောရက်စ်ဂိုးသွင်းပလိုက်တယ်"

"ဒရော့ဘာလည်း ထိန်းရခက်တဲ့ကစားသမားပါ။တောရက်စ်ကဂိုးသွင်းရဖိုအမြဲတန်းဖန်တီးနေတတ်တာပါ။ဒါပေမယ့်ဒရောဘာကတော့တစ်ပွဲလုံးထိန်းနေရမည့်ကစားသမားပါ။"

"ဒရော့ဘာနဲ့တိုက်တိုက်တွန်းတွန်းကစားရတာသိပ်ခက်တယ်။ဆွာရက်ဇ်တို့ အဂူရို တို့လည်းကောင်းပါတယ်။"

နောက်မေ့လို့မရတာက ဗီဒစ်ကိုနိုင်တဲ့တိုက်စစ်မှုးဆိုလိုဒရော့ဘာတစ်ယောက်ပဲရှိတာ။ဒရော့ဘာက၂၀၀၈ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဗီဒစ်မျက်နှာကိုလက်နဲ့ရိုက်ခဲ့တဲ့ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

No comments

Powered by Blogger.