Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်ကိုလက်လွှတ်ရချိန်မှာဘာကာတိုက်စစ်မှူးကိုခေါ်ဖို့ရှိလာတဲ့စပါး
စပိန်မီဒီယာတွေကတော့ ဘာစီလိုနာလူငယ်ကစားသမားမယ်ကွန်ကို ခေါ်ယူဖို့အတွက် စပါးအသင်း ငွေကြေးသုံးဖွယ်ရှိနေတယ်လို့ဆိုလာပါတယ်။နွေရာသီက ပြင်သစ်လီဂူးကလပ်ဘော်ဒိုးအသင်းကနေပေါင်၃၆သန်းနဲ့ ပြောင်းရွေ့လာပြီးနောက် ဘရာဇီးသားမယ်ကွန်ဟာ ဘာစီလိုနာအသင်းမှာ အရောင်မှိန်နေခဲ့ပါတယ်
။အသက်၂၁နှစ်သာရှိသေးတဲ့ မယ်ကွန်ဟာ၂၀၁၇-၁၈ရာသီက ဘော်ဒိုးအသင်းမှာအကောင်းဆုံးခြေစွမ်းပြပြီးနောက် သူ့အိမ်မက်တွေရှိရာ နူးကမ့်ကွင်းကြီးဆီကိုရွက်လွှင့်လာခဲ့တာပါ။ဘော်ဒိုးမှာရှိစဉ်က ၃၅ပွဲကစား ၁၂ဂိုးသွင်း,၇ဂိုးဖန်တီးပြီး ကြယ့်ပွင့်တစ်ဦးအဖြစ်လင်းထင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ဘာကာမှာတော့ ဂျောင်ထိုးခံခဲ့ရပြီး အရန်ခုံမှာသာအချိန်ကုန်နေခဲ့ရတာပါ။
သူဟာခုချိန်ထိ လာလီဂါမှာ ငါးကြိမ်သာလူစားဝင်ခွင့်ရခဲ့ကာ မိနစ်၁၀၀ပြည့်အောင်တောင်မကစားရသေးပါဘူး။လက်ရှိအချိန်မှာမယ်ကွန်အတွက်စပါးအသင်းကချည်းကပ်မှုတွေပြုလုပ်နေသလို တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရင်းကလည်း ခေါ်ယူလိုနေပါတယ်။မယ်ကွန်ဟာ ဘရာဇီးအတွက်လည်း အနာဂတ်မှာထွန်းတောက်လာနိုင်သူအဖြစ်သတ်မှတ်ခံထားရပါတယ်။
စပါးအသင်းကတော့ ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေကြောင့် ဂိုးပေါက်ပျောက်ဆုံးမှာကိုစိုးရိမ်ပူပန်နေပုံပါပဲ။ဒါ့အပြင် အာရှဖလားကြောင့် ဆွန်ဟောင်မင်ကို ပါတောင်ကိုရီးယားအသင်းထံစေလွှတ်ပေးခဲ့ရချိန်မှာတောင် တိုက်စစ်ပိုင်းကရုန်းကန်ရဖို့ရှိလာပါပြီ။ ဆွန်ကိုလည်းအနည်းဆုံး ဖေဖေါ်ဝါရီလအစောပိုင်းထိဆုံးရှုံးရမှာပါ။လက်ရှိအချိန်မှာတော့ စပါးအသင်းဟာ အမှတ်ပေးဇယားတတိယနေရာကို လွတ်လွတ်ကျွတ်ကျွတ်သိမ်းပိုက်ထားပါတယ်။
မန်စီးတီးနောက်လေးမှတ်အကွာနဲ့ ချန်ပီယံပြေးလမ်းထဲမှာတောင်ရှိနေသေးတာပါ။ဒါပေမယ့် အမှတ်ပေးဖလားကိုစိန်ခေါ်ချင်တယ်ဆိုရင်တော့ အခုလိုအခြေအနေမှာ တိုက်စစ်ပိုင်းအားဖြည့်ဖို့သေချာပေါက်လိုအပ်နေပါတယ်။ ဒီလိုမဟုတ်ရင်တော့ အဆင့်၃နေရာအတွက်ပါ စိုးရိမ်ရဖွယ်အခြေအနေပါ။
မယ်ကွန် ဘာကာကိုပြောင်းခဲ့တုန်းကလည်းရှုပ်ထွေးတဲ့အခြေအနေတွေရှိခဲ့ပါတယ်။စီးရီးအေးကလပ်ရိုးမားကိုပြောင်းဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီပြီးဖြစ်ပေမယ့် ဘာစီလိုနာကကြားဖြတ်ကမ်းလှမ်းလာချိန်မှာသူ့ရဲ့ ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့တာပါ။သူဆုံးဖြတ်ချက်မှန်ခဲ့သလားဆိုတာ သံသယဖြစ်စရာဖြစ်ပြီး ဘာစီလိုနာမှာသူထင်သလို အဆင်ပြေချော့မွေ့မနေခဲ့ပါဘူး။သူသာ ရိုးမားကိုပြောင်းခဲ့ရင် ဒီထက်ပွဲထွက်ခွင့်ပိုရမှာအမှန်ပါပဲ။
အာဆင်နယ်ကလည်း မယ်ကွန်ကိုစိတ်ဝင်စားကြောင်းထုတ်ပြောဖူးပေမယ့်ဇန်နဝါရီမှာ အူနိုင်းအမ်မရီကို ငွေကြေးသုံးစွဲခွင့်မပြုထားတာကြောင့် ရောက်လာဖွယ်မရှိပါဘူး။စပါးကပဲ လက်ဦးမှုယူပြီး မယ်ကွန်ကိုခေါ်ယူသွားနိုင်မလားစိတ်ဝင်စားစရာပါပဲ။
(Zawgyi)
Post a Comment