ကြန္ပနီရဲ့ ေလ ွ်ာထိုးျဖတ္ထုတ္မႈကိုနိႈင္းယွဥ္ၿပီးဘိုလီအနီကဒ္ျပစ္ဒဏ္ဟာမတရားေၾကာင္းေ၀ဖန္ေနၾကတဲ့ပရိတ္သတ္မ်ား
Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
ကွန်ပနီရဲ့ လေ ျှာထိုးဖြတ်ထုတ်မှုကိုနှိုင်းယှဉ်ပြီးဘိုလီအနီကဒ်ပြစ်ဒဏ်ဟာမတရားကြောင်းဝေဖန်နေကြတဲ့ပရိတ်သတ်များ
ဝုလ်ဗ်အသင်းရဲ့ဝီလီဘိုလီဟာ မနေ့ညက မန်စီးတီးအသင်းကိုရင်ဆိုင်ကစားတဲ့ပွဲမှာ မန်စီးတီးကွင်းလယ်လူဘာနန်ဒိုဆေးလ်ဗားကို လေ ျှာထိုးဖြတ်ထုတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်အပြခံခဲ့ရကာ ၁ယောက်လျော့ဖြင့်ပွဲကိုဆက်လက်ကစားခဲ့ရပါတယ်။
သို့သော်လည်း မန်စီးတီးကွင်းလယ်လူအပေါ် ဖြတ်ထုတ်ခဲ့တဲ အသက်၂၇နှစ်အရွယ်ပြင်သစ်နောက်ခံလူရဲ့အနီကဒ်ပြခဲ့ရတဲ့အပေါ် ဘောလုံးပရိတ်သတ်အများစုကမတရားဘူးလို့ခံယူထားကြပြီး အနီကဒ်အစား အဝါကဒ်သာ ပြခံသင့်တယ်လို့ဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့မန်စီးတီးအသင်းတို့ကစားခဲ့စဉ်က မန်စီးတီးနောက်ခံလူကွန်ပနီဟာ လီဗာပူးလ်တိုက်စစ်မှူးဆာလာအပေါ် ခြေစုံပစ်ဝင်ရောက်ဖြတ်ထုတ်ခဲ့သော်လည်း အဝါကဒ်သာပြသခဲ့ရပါတယ်။
တွစ်တာအသုံးပြုသူဘောလုံးဖန်တွေကတော့ အခုလိုမှတ်ချက်ပေးခဲ့ကြပါတယ်။
“ ကွန်ပနီတုန်းက ဒီလိုပဲခြေစုံပစ်ဝင်ခဲ့တာ။မန်ချက်စတာမှာမွေးတဲ့ဒိုင်ကအဝါကဒ်ပဲပြခဲ့တယ်။အခုဘိုလီရဲ့အဲ့အတိုင်းဖြတ်ထုတ်တာပဲ။အနီကဒ်တဲ့”
”ကွန်ပနီကိုကျတော့မနီဘူး။ဘိုလီကျတော့နီသွားတယ်။ဘယ်လိုကြီးလဲဟ”
”ဖြစ်ရပ်၂ခုလုံးကတူတူပဲ။ချီးထုပ်ကြတာပါကွာ” လို့ဝင်ရောက်ရေးသားခဲ့ကြတာပဲဖြစ်ပါတယ်။
မန်စီးတီးတို့ဒီရာသီပရီးမီးယားလိပ်ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ပါ့မလား?
(Zawgyi)
ကြန္ပနီရဲ့ ေလ ွ်ာထိုးျဖတ္ထုတ္မႈကိုနိႈင္းယွဥ္ၿပီးဘိုလီအနီကဒ္ျပစ္ဒဏ္ဟာမတရားေၾကာင္းေ၀ဖန္ေနၾကတဲ့ပရိတ္သတ္မ်ား
၀ုလ္ဗ္အသင္းရဲ ့၀ီလီဘိုလီဟာ မေန ့ညက မန္စီးတီးအသင္းကိုရင္ဆိုင္ကစားတဲ့ပြဲမွာ မန္စီးတီးကြင္းလယ္လူဘာနန္ဒိုေဆးလ္ဗားကို ေလ ွ်ာထိုးျဖတ္ထုတ္ခဲ့တာေၾကာင့္ တိုက္ရိုက္အနီကဒ္အျပခံခဲ့ရကာ ၁ေယာက္ေလ်ာ ့ျဖင့္ပြဲကိုဆက္လက္ကစားခဲ့ရပါတယ္။
သို ့ေသာ္လည္း မန္စီးတီးကြင္းလယ္လူအေပၚ ျဖတ္ထုတ္ခဲ့တဲ အသက္၂၇နွစ္အရြယ္ျပင္သစ္ေနာက္ခံလူရဲ ့အနီကဒ္ျပခဲ့ရတဲ့အေပၚ ေဘာလံုးပရိတ္သတ္အမ်ားစုကမတရားဘူးလို ့ခံယူထားၾကၿပီး အနီကဒ္အစား အ၀ါကဒ္သာ ျပခံသင့္တယ္လို ့ဆိုေနၾကပါတယ္။
ၿပီးခဲ့တဲ့ လီဗာပူးလ္အသင္းနဲ ့မန္စီးတီးအသင္းတို ့ကစားခဲ့စဥ္က မန္စီးတီးေနာက္ခံလူကြန္ပနီဟာ လီဗာပူးလ္တိုက္စစ္မွဴးဆာလာအေပၚ ေျခစံုပစ္၀င္ေရာက္ျဖတ္ထုတ္ခဲ့ေသာ္လည္း အ၀ါကဒ္သာျပသခဲ့ရပါတယ္။
တြစ္တာအသံုးျပဳသူေဘာလံုးဖန္ေတြကေတာ့ အခုလိုမွတ္ခ်က္ေပးခဲ့ၾကပါတယ္။
“ ကြန္ပနီတုန္းက ဒီလိုပဲေျခစံုပစ္၀င္ခဲ့တာ။မန္ခ်က္စတာမွာေမြးတဲ့ဒိုင္ကအ၀ါကဒ္ပဲျပခဲ့တယ္။အခုဘိုလီရဲ ့အဲ့အတိုင္းျဖတ္ထုတ္တာပဲ။အနီကဒ္တဲ့”
”ကြန္ပနီကိုက်ေတာ့မနီဘူး။ဘိုလီက်ေတာ့နီသြားတယ္။ဘယ္လိုၾကီးလဲဟ”
”ျဖစ္ရပ္၂ခုလံုးကတူတူပဲ။ခ်ီးထုပ္ၾကတာပါကြာ” လို ့၀င္ေရာက္ေရးသားခဲ့ၾကတာပဲျဖစ္ပါတယ္။
မန္စီးတီးတို ့ဒီရာသီပရီးမီးယားလိပ္ခ်န္ပီယံဘြဲ ့ကိုကာကြယ္နိုင္ပါ့မလား?
Post a Comment