Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဂွမ်ဒိုဇီရဲ့လုပ်ရပ်အပေါ်ပြစ်ပြစ်နှစ်နှစ်ဆဲဆိုလိုက်တဲ့အပြာဘုရင်မလေးမီယာကလီဖာ
မနေ့ညကကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာတော့၁၃နှစ်ကြာနိုင်ပွဲမရသေးတဲ့အာဆင်နယ်အသင်းကိုဝက်စ်ဟမ်းအသင်းကအိမ်ကွင်းပရိတ်သတ်တွေရှေ့အနိုင်ယူပြခဲ့ပြီး အထူးစပယ်ရှယ်ဧည့်သည်မလေးရဲ့ပထမဆုံးဘောလုံးပွဲကိုအနိုင်ရလဒ်တွေဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။အပြာရုပ်ရှင်လောကရဲ့ဘုရင်မတစ်ဆူဖြစ်တဲ့ မီယာကလီဖာတစ်ယောက်ဟာ ဝက်စ်ဟမ်းအသင်းကို အားပေးတဲ့ ဖန်တစ်ယောက်ဖြစ်ပြီးမနေ့ညကကစားခဲ့တဲ့ပွဲမှတော့ ကွင်းထဲကနေလာရောက်အားပေးခဲ့ပါတယ်။
အဆိုပါပွဲမှာဝက်စ်ဟမ်းအသင်းဟာ အသက်၁၉ နှစ်အရွယ်ဒက်လန်ရိုက်စ်ရဲ့တစ်လုံးသောသွင်းဂိုးနဲ့အနိုင်ယူခဲ့ပြီးရိုက်စ်အတွက် အသက်၂၀ အတွက်မွေးနေ့အကြိုလက်ဆောင်ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းကိုနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းဖန်တွေအတွက်တော့ အကောင်းဆုံးနေ့ဖြစ်ခဲ့ပြီး ကလီဖာတစ်ယောက်က တော့အသင်းကိုချီးကျူးတာထက် အာဆင်နယ်ကွင်းလယ်ဂွမ်ဒိုဇီကို တွစ်တာစာမျက်နှာပေါ်မှာ ပွဲကစားနေတဲ့အချိန်အတွင်းဝေဖန်အပုတ်ချခဲ့တာပဲဖြစ်ပါတယ်။
ကလီဖာက ဂွမ်ဒိုဇီရဲ့ကွင်းထဲက အမူအကျင့်ရယ် ဟန်ဆောင်ဒိုင်ဗင်ထိုးတာနဲ့ပတ်သတ်ပြီးတော်တော်လေးမကျေမနပ်ဖြစ်ခဲ့တဲ့ပုံပေါ်ပါတယ်။
အဲ့ဒါကြောင့်လည်းတွစ်တာစာမျက်နှာပေါ်မှာ ဝေဖန်လိုက်တာပဲဖြစ်ပါတယ်။ ” Fucking Pussy (မိန်းမအင်္ဂါဖြင့် ဂွမ်ဒိုဇီကို ကျိမ်ရွယ်ပြီးဆဲသည်) ငါ ၂၀၁၄တုန်းက အိပ်ယာပေါ်မှာခဏခဏလဲတာထက် နင်က ကွင်းထဲမှာပိုတောင်လဲကျနေပါလား”
ဂွမ်ဒိုဇီဟာ ကလီဖာကို တွစ်တာပေါ်မှာ ဘယ်အချိန်ပြန်လည်တုံ့ပြန်ပြောကြားမလဲမသိသေးပါဘူး။
မီယာကလီဖာကတော့ ဝက်ဟမ်းပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။Porn starတစ်ယောက်ဖြစ်တဲ့ ကလီဖာဟာ လန်ဒန်မှာ ဘောလုံးနဲ့ဆက်နွယ်နေတဲ့ ရုပ်ရှင်တစ်ခုရိုက်နေကြောင်း အင်စတာဂရမ်ကတဆင့် ထုတ်ပြောခဲ့တာပါ။''လန်ဒန်မှာ ပထမရက်ရိုက်ကူးရေးကတော့ အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်။ဒီမှာ ကျမဘာတွေလုပ်နေလဲဆိုတာ အသိပေးဖို့ မစောင့်နိုင်တော့ပါဘူး။
#PREMIER LEAGUE #FUCKYOUREF''ဆိုပြီး ကလီဖာက မျက်စိတစ်ဖက်မှတ်နေတဲ့ အီမိုဂျီလေးနဲ့တင်ခဲ့တာပါ။ဒါအပြင် ဝက်ဟမ်းအသင်အကျီ ၤဝတ်ပြီးတော့ လည်း တင်ခဲ့ပါသေးတယ်။Green streetကြောင့်ဝက်ဟမ်းဖန်ဖြစ်ခဲ့တယ်လို့ ကလီဖာကဝန်ခံခဲ့ပါတယ်။'' ကျမငယ်ငယ်ထဲ က Green Streetကိုစောင့်ကြည့်ခဲ့ဖူးတယ်။ ဒါကြောင့်ပဲဝက်ဟမ်းပရိတ်သတ်ဖြစ်လာတာပါ။ဒါပေမယ့် ကွင်းထဲဝင်ပြီးတော့ တစ်ခါမှမကြည့်ခဲ့ဖူးဘူး။အခုအင်္ဂလန်ကို ပထမဆုံးအကြိမ်ရောချိန်မှာပဲ ကွင်းထဲထိသွားကြည့်ဖို့ ဖြစ်လာပါပြီ။ဒီပွဲကို ကွင်းကြီးရဲ့အမြင့်ဆုံးခုံတန်းတွေဆီကနေ ကြည့်ချင် ပါတယ်။ ဒါကကစားသမားတွေနဲ့တော့နည်းနည်းဝေးသွားမှာပေါ့။ကျမ လည်း ဒီလိုကွင်းထဲထိဝင်ရောက်ကြည့်ရှုရတာကို နှစ်သက်ပါတယ်။ဒါပြီးရင်တော့ မြို့ပတ်ပြီး အစားပတ်စားဖို့ စီစဉ်ထားပါတယ်။အခုတော့ ဒီပွဲကို အရမ်းသွားကြည့်ချင်နေပါပြီ''လို့ မီယာကလီဖာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Post a Comment