Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဆိုလ်ရှားရဲ့ချန်ပီယံလိပ်နောက်ကျအနိုင်သွင်းဂိုးအပေါ်အောင်ပွဲခံအော်ဟစ်ခဲ့ဖူးတဲ့ပိုချက်တီနို
ပိုချက်တီနိုက နူးကမ်မှာဆိုးရှားလ်ရဲ့အသည်းခွဲဂိုးနှင့်ယူနိုက်တက်အသင်းချန်ပီယံဖြစ်ခဲ့တဲ့အတွက်သူအနေနှင့်အောင်ပွဲခံတဲ့အထိဖြစ်ခဲ့မိကြောင်းထုတ်ဖော်ဝန်ခံပြောကြားလိုက်ပါတယ်။
အာဂျင်တီးနားသားဖြစ်တဲ့ပိုချက်တီနိုဟာ ၁၉၉၉ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပခဲ့တဲ့နူးကမ့်ကွင်းမှာသွားရောက်ကြည့်ရှုခဲ့တာကိုမေ့မရနိုင် ဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်း နှင့် ဘိုင်ယန်မြူးနစ် အသင်း နှစ်သင်းစလုံးကိုအားပေးခြင်းမရှိခဲ့ပေမယ့်လည်း အားမလိုအားမရဖြစ်ခဲ့ပြီး ဆိုးရှားလ်အနိုင်ဂိုးသွင်းလိုက်တဲ့အချိန်မှာခုန်မပေါက်ရုံတမယ် ခုံမှထကာအောင်ပွဲခံဂုဏ်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်းကလည်းအဆိုပါနှစ်မှာ ဖလား၃လုံးတပြိုက်နက်တည်းဆွတ်ခူးနိုင်ခဲ့ပြီးပရိသတ်တွေကိုမထင်ထားလောက်အောင်ရင်ခုန်စိတ်လှုပ်ရှားစရာတွေပေးနိုင်ခဲ့ပါတယ်။တစ်ချိန်ကအောင်မြင်မှုသရဖူသိမ်းပိုက်နိုင်ခဲ့တဲ့ဆိုးရှားလ်နှင့်ယူနိုက်တက်အသင်းတို့က ဝင်ဘလေကွင်းကို လာရောက်ယှဉ်ပြိုင်မယ်ဆိုတာကြောင့် ပိုချက်တီနိုက သူရဲ ပြိုင်ဖက်ကြီးဖြစ်လာတဲ့ ဆိုးရှားနှင့်ပတ်သက်တဲ့အမှတ်တရတွေကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"ကျွန်တော်အမှတ်တရကောင်းတွေရှိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော် မှတ်မိနေသေးတယ်။သူနူးကမ်မှာမိနစ်၉၀ပြီးမှဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။အဲဒီတုန်းက ကျွန်တော် နဲ့အတူ ကျွန်တော် ဂိုးနည်းပြဖြစ်တဲ့ တိုနီဂျင်မိနက်ဇ်လည်းရှိခဲ့ပါတယ်"လို့ ပိုချက်တီနိူကသူအတိတ်အကြောင်းကိုပြောပြခဲ့ပါတယ်။
"၁၉၉၉ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နူးကမ့်မှာ ကျင်းပတုန်းက ကျွန်တော်တို့သွားကြည့်မိတယ်။ကျွန်တော်သူ့ကိုမှတ်မိသေးတယ် သူနာကျင်အချိနိပိုမှာဂိုးသွင်းယူလိုက်တော့ ကျွန်တော်လေ ယူနိုက်တက် အသင်းအတွက် အော်ဟစ်အားပေးမိခဲ့တယ်။ဒါကလုံးဝကို မဖြစ်နိုင်တဲ့အနေအထားတွေကြီးပါပဲ"
"ကျွန်တော်တို့လိုကြားနေပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားစရာပွဲကိုကြည့်ခွင့်ရနေတာဗျ။ ကျွန်တော် ဆိုးရှာလ်နှင့်ပတ်သက်ပြီးအမှတ်တရကောင်းတွေအများကြီးရှိခဲ့တယ်ဗျ။ ဒါကအဖြစ်အပျက်တစ်ခုလိုမျိုးပါပဲ။လာမည့်တနင်္ဂနွေနေ့မှာသူနဲ့ကျွန်တော်ဝင်ဘလေကွင်းမှာတွေ့ဆုံရတော့မှာဗျ။ကျွန်တော်သူဂိုးသွင်းခဲ့တော့ ယူနိုကိတက်အသင်းအတွက်အော်ဟစ်အားပေးခဲ့တာ အခုတော့ ကျွန်တော်တို့ဝင်ဘလေကွင်းမှာကစားရတော့မယ်လေ"
Post a Comment