Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆာလာ vs ဟာဇက်
အချက်အလက်တွေအရ နှိုင်းယှဉ်ဖို့ တ်ာတော်လေး တိုင်ပတ်သွားတာကိုတွေ့ ရပါလိမ့်မယ်။ဟုတ်ပါတယ်။ဘောလုံးဝါသနာရှင်ပရိတ်သတ်တွေကတော့ ၂၀၁၈၊၁၉ ရာသီအတွက် ဒေတာတွေအရ ဟာဇက်နဲ့ ဆာလာတို့ ကိုနှိုင်းယှဉ်ဖို Whoscored.com ကိုအသုံးပြုခဲ့ကြပါတယ်။
(Unicode)
၂၀၁၈/၁၉  ရာသီအချက်အလက်အရ ဟာဇက်နဲ့ဆာလာ ဘယ်သူပိုကောင်းသလဲ?
မိုဟာမက်ဆာလာ၊ အင်ဒီဟာဇက်တို့နဲ့ပတ်သတ်ပြီး ပရီးမီးယားလိပ်ရပ်ဝန်းမှာအငြင်းအခုံတွေဖြစ်နေကြတာအမှန်ပါပဲ။ချဲလ်ဆီးအသင်းနဲ့လီဗာပူးလ်ပရိတ်သတ်အုပ်စု၂စုကတော့ သူတို့အသင်းရဲ့စတားကစားသမားနဲ့ ပတ်သတ်ပြီးသူ့ဘက်ကိုယ့်ဘက် အခြေအတင်ချီးကျုးနေကြတာပဲဖြစ်ပါတယ်။ပရိတ်သတ်အများစုကတော့ ဟာဇက်ဟာ အင်္ဂလန်မှာကာလကြာရှည်စွာအောင်မြင်မှုကိုရယူထားပြီး ပရီးမီးယားလိပ်ချန်ပီယံဆုနဲ့အတူ ၂၀၁၅ ခုနှစ်ရဲ့PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါရယူထားတာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ လီဗာပူးလ်ပရိတ်သတ်များအတွက် ဆာလာဟာ ပရီးမီးယားလိပ်မှာ စံချိန်သစ်တွေတင်နေတဲ့ကစားသမားဖြစ်တယ်လို့ဆိုနေကြပါပြီ။”တစ်ရာသီအံသြသင့်စရာ” အဖြစ် တစ်ရာသီသာပရီးမီးယားလိပ်မှာကစားထားပြီး စံချိန်ကောင်းတွေရယူထားနေတဲ့ ဆာလာလို့ဝိုင်းဝန်းချီးကျူးနေကြတာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေသတိထားမိတဲ့အရာကတော့ ဂိုးသွင်းတဲ့နေရာမှာ ဆာလာက လက်တစ်ကမ်းသာလွန်နေပြီး သွင်းဂိုးတွေဖန်တီးတဲ့နေရာမှာတော့ ဟာဇက်ကသာလွန်နေတာကိုတွေ့မြင်ရပါမယ်။
ဆာလာ vs ဟာဇက်
အချက်အလက်တွေအရ နှိုင်းယှဉ်ဖို့တာ်တော်လေး တိုင်ပတ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပါတယ်။ဘောလုံးဝါသနာရှင်ပရိတ်သတ်တွေကတော့ ၂၀၁၈၊၁၉ ရာသီအတွက် ဒေတာတွေအရ ဟာဇက်နဲ့ဆာလာတို့ကိုနှိုင်းယှဉ်ဖို့Whoscored.com ကိုအသုံးပြုခဲ့ကြပါတယ်။
ခံစစ်ပိုင်းစွမ်းဆောင်ရည်၊တိုက်စစ်စွမ်းဆောင်ရည်၊ပေးပို့မှုစွမ်းဆောင်ရည်နဲ့အနှစ်ချုပ်နှိုင်းယှဉ်ချက်တို့ကို ကိန်းဂဏန်းများအရ စုဆောင်းတွက်ချက်ထားတာပဲဖြစ်ပါတယ်။ဒါဟာ ဟာဇက်နဲ့ဆာလာ ဘယ်သူပိုကောင်းသလဲဆိုတဲ့အငြင်းအခုံအတွက် ပိုမိုတိကျတဲ့ အဖြေကိုပေးပါလိမ့်မယ်။အောက်မှာတစ်ချက်ကြည့်လိုက်ပါဦး။
အနှစ်ချုပ်နှိုင်းယှဉ်ချက်
ယေဘုယျအချက်အလက်များအရ  ဟာဇက်ဟာ ပိုမိုသာလွန်နေတာပဲဖြစ်ပါတယ်။ချဲလ်ဆီးကစားသမားဟာ သွင်းဂိုးတွေကို ပိုမိုပံ့ပိုးထားပြီး Man of Match ဆုအများဆုံးရတဲ့သူ၊ပေးပို့မှုအအောင်မြင်ဆုံးrating ရရှိသူအဖြစ်မှတ်တမ်းဝင်ထားကာ ပွဲတစ်ပွဲအတွင်း စွမ်းဆောင်ရည် rating  ကလည်းအများဆုံးအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ဆာလာဟာ သွင်းဂိုးအရေအတွက်အရ ၁၆ဂိုးအထိ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ချီးကျူးစရာဖြစ်ပြီး ဒီအချက်က သူ့ရဲ့ပြိုင်ဘက်ကို အပြတ်အသတ်သာလွန်နေတာပဲဖြစ်ပါတယ်။
ခံစစ်ပိုင်းစွမ်းဆောင်ရည်
ကစားသမား၂ယောက်စလုံးဟာခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး နာမည်ကြီးတဲ့သူတွေမဟုတ်ပါဘူး။၂ယောက်စလုံးဟာ ခံစစ်ပိုင်းနဲ့ပတ်သတ်ပြီး သူမသာကိုယ်မသာဖြစ်နေပါတယ်။ဆာလာဟာ ပွဲတစ်ပွဲအတွင်းပုံမှန်လေ ျှာထိုးဖြတ်ထုတ်မှုပြုလုပ်ထားနိုင်ပြီး ရံဖံရံခါအခြေအနေမှသာ အလိမ်အခေါက်ခံရတာပဲဖြစ်ပါတယ်။ဟာဇက်ကတော့ ကြားဖြတ်ဟန့်တားမှုကို ဆာလာထက်ပိုမိုလုပ်နိုင်ခဲ့ပြီး သာမန်ရှင်းလင်းဖြတ်ထုတ်မှုတွေကိုလည်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။
တိုက်စစ်စွမ်းဆောင်ရည်
ဒါဟာ သူတို့၂ယောက်အတွက် အဓိကနှိုင်းယှဉ်ရမယ့်အချက်ပဲဖြစ်ပါတယ်။ဆာလာဟာ ဒီအချက်မှာတော့ဟာဇက်ကိုမယှဉ်နိုင်ပါဘူး။အီဂျစ်ကစားသမားဟာ အချက်အလက်တစ်ခုစီတိုင်းမှာ အသာမရတာဖြစ်ပြီး ပွဲတစ်ပွဲအတွင်း ဂိုးကန်သွင်းချက်အများဆုံးကိုတော့ နှိုင်းယှဉ်ချက်အဖြစ်ထည့်မသုံးထားပါဘူး။
ဟုတ်ပါတယ်။ဟာဇက်ဟာ ဆာလာထက်ပိုမိုအရေးပါတဲ့ ပေးပို့မှုတွေ၊အောင်မြင်တဲ့ အလိမ်အခေါက်ဖြတ်ကျော်မှုတွေ၊ပြစ်ဒဏ်ဘောကျူးလွန်ခံရမှုအများဆုံးဖြစ်ခဲ့တာတွေ၊လူကျွံဘောသိပ်မရှိခဲ့တာတွေ၊ရံဖန်ရံခါအခြေအနေမှ ဘောလုံးဆုံးရှုံးတာတွေနဲ့ဘောလုံးအထိမ်းအသိမ်းမှားယွင်းမှုနည်းတာတွေက ပိုမိုသာလွန်နေတာပဲဖြစ်ပါတယ်။
ပေးပို့မှုစွမ်းဆောင်ရည်
လီဗာပူးလ်ပရိတ်သတ်တွေကို တော့အားနာမိပါတယ်။ဒါပင်မယ့်လည်း ဆာလာဟာ မေ ျှာ်စင်လိုဘောလုံး ပေးတဲ့အချက်မှာတော့ ဆရာတစ်ဆူပါပဲ။ဟာဇက်ဟာ အောင်မြင်စွာဘောလုံးပေးပို့မှုစွမ်းဆောင်ရည်မှာ အကောင်းဆုံးအဆင့်ရှိနေပြီး၊ သာမန်ဘောလုံးပေးပို့နိုင်မှုတွေ၊ဖြတ်တင်ဘောတွေနဲ့အဝေးဘောတွေမှာ ဆာလာထက်အတော်လေးသာလွန်နေပါတယ်။
ဆာလာအတွက်သေချာပေါက်သာလွန်တဲ့အချက်ကတော့ ဘောလုံးကိုဖြတ်ကျော်ပေးပို့နိုင်တဲ့အရေအတွက်ပဲဖြစ်ပါတယ်။
ဒီအချက်တွေကတော့ သင်တို့ရဲ့အငြင်းအခုံတွေအတွက်သိပ်ဘဝင်ကျမှာမဟုတ်ပါဘူး။၂ဖက်ပရိတ်သတ်တွေကတော့ ဆက်လက်ငြင်းခုံကြဦးမှာပါ။ဒါပင်မယ့် ကိန်းဂဏန်းများအရ နှိုင်းယှဉ်မယ်ဆိုရင်ဆော့ ဟာဇက်က အပြတ်အသတ်သာလွန်နေတာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.