Header Ads
Zawgyi သမားများအောက်ဆွဲဖတ်ပေးပါ
ဂတ်တူဆိုလို စိတ်ဆက်တဲ့လူကိုခြေစုံပစ်ဝင်ပြီးဖြတ်ထုတ်ရဲခဲ့တဲ့ဟီဂူအင်
အေစီမီလနိအသင်း တိုက်စစ်မှုး ဟီဂူအင်က လေကျင့်ရေးကွင်းမှာ နည်းပြဂတ်တူဆိုနှင့်အတူလေ့ကျင်ရင်း ခြေစုံဖျက်ထုတ်ကာ ကစားပုံကြမ်းတမ်းခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့် ဟီရူအင်ကိုဘယ်သူမှ ပိပိရိရိ ထိန်းသိမ်းခြင်းမရှိခဲ့ပါဘူး။သူကလည်းဆန်စီရိုကနေအဝေးကိုထွက်ခွာချင်နေသူလည်းဖြစ်ပါတယ်။ကမ္ဘာ့ဘောလုံးသမိုင်းမှာခေါင်းသိပ်မာတဲ့နည်းပြတစ်ဦးဖြစ်တဲ့ဂတ်တူဆိုကို ခြေစုံပစ်သမခဲ့နိုင်တဲ့သူက ဟီဂူအင်တစ်ယောက်ပဲရှိပါသေးတယ်။
ဒါပေမယ့်အသင်းဖော်တော်တော်များများကရယ်မောနေကြပြီး ဟီဂူအင်က ဂတ်တူဆိုရဲ့လက်ကိုဆွဲ၍ထူကာ VARကြည့်ပြီးဆုံးဖြတ်ဖို့အော်ဟစ်နောက်ပြောင်ခဲ့ကြပါတယ်။ လာမည့်ညမှာအီတာလျံ စူပါဖလားပွဲစဉ်အဖြစ်ဂျူဗင်တပ်စ်အသင်းနှင့်ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။နည်းပြဂတ်တူဆိုကလည်းမီလန်အသင်းသားတွေရှေ့မှာပဲ မမျှော်လင့်ဘဲပြန်ပြီးခြေစုံပစ်ပြခဲ့ပါတယ်။
ဟီဂူအင်ကအခုရက်ပိုင်းအတွင်းအေစီမီလန်းအသင်းမှထွက်ခွာဖို့ရှိနေပြီးတခြားကလပ်တွေကလာေရောက်ချိတ်ဆက်နေတယ်လို့သတင်းကြီးနေပါတယ်။အကယ်၍အပြောင်းအရွေဖြစ်ခဲ့မည်ဆိုရင်နည်းပြဂတ်တူဆိုရည်ရွယ်ထားသလိုဟီဂူအင်ဆန်စီရိုက အဝေးကိုရောက်သွားဖို့ရှိနေပါတယ်။ဟီဂူအင်က ယခုဇန်နဝါရီအပြောင်းအရွေ့မှာအသင်းကနေထွက်ခွာဖို့သေချာသလောက်ရှိနေပါတယ်။ဒီအချက်တွေက ဟီဂူအင်ကို ဂတ်တူဆိုကသူရဲ့အိမ် ခန်းထဲမှာ တစ်နေ့ကို၂နာရီ ၃နာရီလောက်ပိတ်ထားချင်စိတ်ပေါက်စေခဲ့ပါတယ်။
"အကယ်၍သာ ကျွန်တော်လုပ်ချင်တာလုပ်လို့ရမယ်ဆိုရင် ဟီဂူအင်ကို အခန်းထဲမှာသော့ခတ်ထားမယ် စားအတူသွားအတူလုပ်ပြီးအမြဲထိန်းထားချင်တယ်ဗျာ"
 ဂတ်တူဆိုက ယခုအပတ်အတွင်းမှာပဲဟီဂူအင်နှင့်ပတ်သက်ပြီးအကြောင်းအရာအချို့ကိုဝန်ခံအတည်ပြုထားပါတယ်။သူကိုဂျူဗင်တပ်စ်အသင်းမှ အငှါးခေါ်ယူထားပြီးဇူလိုင်လအထိသက်တမ်းရှိနေသော်လည်းအသင်းကနေထွက်ခွာချင်နေတယ်လို့အတည်ပြုပြောကြားထားပါတယ်။
အဆိုပါအာဂျင်တီးနားတိုက်စစ်မှုးဟာ အေစီမီလန်အသင်းနှငိ့အတူပြိုင်ပွဲအရပ်ရပ်မှာ ၈ဂိုးသွင်းယူပေးထားပြီး သူဟာပရီးမီးယားလိဂ်ထိပ်သီးကလပ်ချဲလ်ဆီးအသင်းကိုပြောင်းရွေ့လိုနေပြီးနည်းပြဆာရီအောက်မှာကစားချင်နေပါတယ်။
"အကယ်၍ ကစားသမားကအဲဒီလိုစိတ်ရှိနေပြီဆိုရင်သူကိုထိန်းသိမ်းဖို့နည်းလမ်းမျိုးစုံသုံးရင်တောင်ခက်ခဲလှပါတယ်"လို့ ဂတ်တူဆိုက ဟီဂူအင်နှငိ့ပတ်သက်ပြီးပြောကြားလိုက်ပါတယ်။
"ကျွန်တော်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။တကယ်ကိုရိုးရိုးရှင်းရှင်းပါ။ကျွန်တော်ဘာအကြောင်းဖြစ်ဖြစ်မျက်နှာချင်းဆိုင်ပြောဖြစ်ကြတယ်။"
"အခုအခြေအနေမှာ သူကို ကျွန်တော်တို့ကစားသမားတွေကလက်မလွှတ်ရလေအောင် တင်းတင်းကြပ်ကြပ်ကိုင်ထားနေကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကျွန်တော်မသိသေးဘူးဗျာ"
"ကျွန်တော်သူနဲ့စကားတွေအများကြီးပြောဖြစ်တယ်သဘောတူညီမှုတွေဘာတွေလည်းရထားတယ်။ဒါပေမယ့် အဲဒါအကြံပေးရခက်လွနိးတယ်ဗျ ဘာလို့လဲဆိုတော့ ကစားသမားဘဝကို ၁၃နှစ် ၁၄နှစ်ဖြတ်သန်းထားတယ်လေ"
"အဲဒါကသူအတွေးပါ။ ကျွန်တော်မဟုတ်ပါဘူး။အရမ်းအရေးကြီးတာတွေကိုသူနဲ့ပြောဖြစ်တယ်။အမှန်တရားပြောဖို့အတွက်တစ်ယောက်မျက်လုံးတစ်ယောက်မှာအဖြေပေါ်နေတယ်။"
"ကျွန်တော်အခုထိနားမလည်သေးတာကဟီဂူအင်ဘာလို့မပျော်ရတာလဲဆိုတာပါ။ဘာလို့လဲဆိုတော် ကျွန်တော်မြင်တယ်လေသူအသင်းမှာပျော်နေပြီး အဝတ်စားလဲခန်းမှာဆိုထိပ်ဆုံးကသောင်းကျန်းသူပါ"
(Zawgyi)
No comments
Powered by Blogger.