ၾကာသပေတးေန ့အေျပာင္းအေရႊ ့ေနာက္ဆံုးရက္မတိုင္ခင္လူသစ္၂ေယာက္ေခၚမယ့္အမ္မရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္းဟာ မေန ့ညကကစားခဲ့တဲ့ ပရီးမီးယားလိပ္ပြဲစဥ္၂၄ အျဖစ္ကာဒစ္အသင္းနဲ ့ပြဲမွာ ၂-၁ ျဖင့္အနိုင္ရခဲ့ပါတယ္။အဆိုပါနိုင္ပြဲေၾကာင့္အာဆင္နယ္အသင္းဟာ အဆင့္ ၄က ခ်ဲလ္ဆီးအသင္းနဲ ့တစ္ပြဲအသာ ရမွတ္တူျဖင့္ အဆင့္ ၅ေနရာက ရပ္တည္ေနပါတယ္။
အာဆင္နယ္အသင္းဟာ မေန ့ညကကစားခဲ့တဲ့ ပရီးမီးယားလိပ္ပြဲစဥ္၂၄ အျဖစ္ကာဒစ္အသင္းနဲ ့ပြဲမွာ ၂-၁ ျဖင့္အနိုင္ရခဲ့ပါတယ္။အဆိုပါနိုင္ပြဲေၾကာင့္အာဆင္နယ္အသင္းဟာ အဆင့္ ၄က ခ်ဲလ္ဆီးအသင္းနဲ ့တစ္ပြဲအသာ ရမွတ္တူျဖင့္ အဆင့္ ၅ေနရာက ရပ္တည္ေနပါတယ္။
နည္းျပအူနိုင္းအမ္မရီကေတာ့ ရာသီကုန္အဆင့္၄အတြင္း၀င္ေရာက္နိုင္ေရး အသင္းလူစာရင္းအင္အားကိုေတာင့္တင္းလိုတာေၾကာင့္ ယခုၾကာသပေတးေန ့ေဆာင္းရာသီအေျပာင္းအေရႊ ့ေနာက္ဆံုးရက္မတိုင္ခင္ မ်က္နွာသစ္ကစားသမား၂ေယာက္ေလာက္ကို ေခၚယူသြားဖို ့ရိွၿပီး ေႏြရာသီေရာက္မွ ေငြအလံုးအရင္းေခ်ဖို ့ရိွတယ္လို ့ဆိုလိုက္ပါတယ္။
အာဆင္နယ္နည္းျပၾကီး က သူတို ့အသင္းဟာ ယခုဇန္န၀ါရီအေျပာင္းအေရႊ ့အတြင္း ကစားသမားအသစ္ေခၚယူရာမွာ အငွားကစားသမားေတြကိုသာေခၚယူနိုင္မွာျဖစ္တယ္လို ့အခိုင္အမာဆိုထားၿပီး အင္တာမီလန္ရဲ ့ပါရီဆစ္နဲ ့ဘာစီလိုနာအသင္းမွာ ဒန္းနစ္ဆြာရက္ဇ္တို ့ကိုေခၚယူဖို ့ခ်ိတ္ဆက္လ်က္ရိွေနပါတယ္။
ဒါပင္မယ့္လည္း အမ္မရီက အကယ္၍ အာဆင္နယ္အသင္းဟာ သူ ့လူစာရင္းကို ယခုေဆာင္းရာသီကာလမွာ အင္အားျဖည့္တင္းမႈမလုပ္ေပးနိုင္ရင္ေတာင္ ေက်နပ္အားရမႈရိွတယ္လို ့၀န္ခံေျပာၾကားထားပါေသးတယ္။
” ကၽြန္ေတာ္တို ့ေတြ ပံုစံမတူတဲ့ ကစားသမား၂ေယာက္ကို ေစာင့္ၾကည့္ေနၿပီး သူတို ့လာနိုင္ေခ်မ်ားပါတယ္။ကၽြန္ေတာ္တို ့လိုအပ္တဲ့ အကူအညီေတြရဖို ့သူတို ့၂ေယာက္လာေရာက္မပူးေပါင္နိုင္ရင္ေတာင္ သူတို ့မလာဖို ့ပဲကၽြန္ေတာ္ပိုေမ ွ်ာ္လင့္ထားပါတယ္။”
အမ္မရီတစ္ေယာက္ ရာသီ၀က္ကာလမွာ ကစားသမားအသစ္ေခၚယူမႈအတြက္ အသင္းအေနနဲ ့အခက္အခဲရိွနိုင္တယ္ဆိုတာ နားလည္ထားၿပီး အာဆင္နယ္အသင္းအေနနဲ့သူတို ့ရဲ့ပစ္မွတ္ကစားသမားေတြကို ေခၚယူတဲ့ေနရာမွာ သိပ္မေအာင္ျမင္နိုင္ဘူးဆိုတာလည္းသိထားၿပီးသားျဖစ္ပါတယ္။
” ကလပ္ကကၽြန္ေတာ့္ကို ေျပာထားပါတယ္။ဒီအခ်ိန္မွာလူ၀ယ္လို ့မေကာင္းဘူးတဲ့။ဒါပင္မယ့္ ကလပ္က ေႏြရာသီမွာ ကြဲျပားျခားနားသြားလိမ့္မယ္လို ့ကၽြန္ေတာ့္ကိုေျပာထားပါတယ္။ၿပီးေတာ့ ကၽြန္ေတာ္တို ့ေတြကစားသမားေတြ၀ယ္ဖို ့ေငြသံုးေတာ့မွာပါ။” လို ့အမ္မရီက ေျပာၾကားခဲ့ပါတယ္။
အူနိုင္းအမ္မရီဟာ PSG နည္းျပအျဖစ္ရိွခဲ့စဥ္က အာဆင္နယ္အသင္းနဲ ့မတူ ေျပာင္းေရႊ ့ေၾကးအေျမာက္အျမားသံုးစြဲခဲ့ပါတယ္။ကစားသမား ၂ေယာက္အတြက္ ယူရိုသန္း ၃၅၀ ထက္မနည္းသံုးစြဲခဲ့ၿပီး အဆိုပါ စတား၂ေယာက္ကေတာ ့ေနမာ နဲ ့အမ္ဘာေပးတို ့ပဲျဖစ္ပါတယ္အူနိုင္းအမ္မရီကေတာ ့အာဆင္နယ္အသင္းရဲ ့ေငြကို စီစီစစ္စစ္သံုးစြဲတဲ့အျပဳအမူအေပၚ ေက်နပ္မိေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
” ၿပီးေတာ့ PSG မွာက ဒီကအေျခအေနေတြနဲ ့တျခားစီပါပဲ။ဘာလို ့လဲဆိုေတာ့ အသင္းက ကစားသမားေတြ၀ယ္ခ်င္တာပါ။ကၽြန္ေတာ္ အေျခအေန၂ရပ္စလံုးနဲ ့လုပ္နိုင္ပါတယ္။ကၽြန္ေတာ့္အတြက္ အလြယ္ဆံုးအလုပ္က ကစားသမားအသစ္ေတြထပ္ေတာင္းဆိုတာပါပဲ။ဒါပင္မယ့္ ကၽြန္ေတာ့္ကစားသမားေတြ အလုပ္လုပ္ရတာကို ပိုၾကိဳက္တယ္။ကၽြန္ေတာ္ရဲ့စိန္ေခၚမႈက ကစားသမားေတြကို စုေဆာင္းမယ္၊သူတို ့ကို ကာကြယ္ေပးမယ္။ သူတို ့တစ္ေယာက္ခ်င္းတိုးတက္လာေအာင္ လုပ္ေဆာင္ေပးခ်င္တာပါပဲ။” လို ့ေျပာၾကားခဲ့ပါတယ္။
နည္းျပအမ္မရီက ေတာ့ ဒဏ္ရာျပႆနာေတြရင္ဆိုင္ေနရတဲ့ ေနာက္တန္းကို အားျဖည့္ခ်င္ေနတာပဲျဖစ္ပါတယ္။ဆိုကရက္တီးစ္( ေျခက်င္း၀တ္) ၊ ကိုစီယယ္နီ(ေမးရိုး) တို ့ဟာ မန္ယူနိုက္တက္အသင္းနဲ ့FA ဖလားပြဲစဥ္မွာဒဏ္ရာရရိွခဲ့သလို ဒူးဒဏ္ရာမွသက္သာလာဖို ့ရွိတဲ့ ဟိုလ္ဒင္းနဲ ့ဟတ္တာဘယ္လာရင္တုိ ့ကို အသင္းရဲ့လူစားရင္းကေန အျပည့္အ၀အနားေပးထားဖို ့လိုလားေနပါတယ္။
ခါးသီးတဲ့ ၿပိဳင္ဘက္မန္ခ်က္စတာယူနိုက္တက္ကို ရံႈးနိမ့္ၿပီး FA ဖလားၿပိဳင္ပြဲကေနထြက္ခဲ့ရေသာ္လည္း အူနိုင္းအမ္မရီက ဒီရာသီအာဆင္နယ္အသင္းရဲ့ပစ္မွတ္ဟာ ခ်န္ပီယံလိပ္၀င္ခြင့္ရေရးနဲ ့ဒါမွမဟုတ္ ယူရိုပါလိပ္ဖလားရရိွေရးပဲျဖစ္ပါတယ္လို ့ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
ကြာသပတေးနေ့အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်လူသစ်၂ယောက်ခေါ်မယ့်အမ်မရီ
အာဆင်နယ်အသင်းဟာ မနေ့ညကကစားခဲ့တဲ့ ပရီးမီးယားလိပ်ပွဲစဉ်၂၄ အဖြစ်ကာဒစ်အသင်းနဲ့ပွဲမှာ ၂-၁ ဖြင့်အနိုင်ရခဲ့ပါတယ်။အဆိုပါနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာ အဆင့် ၄က ချဲလ်ဆီးအသင်းနဲ့တစ်ပွဲအသာ ရမှတ်တူဖြင့် အဆင့် ၅နေရာက ရပ်တည်နေပါတယ်။
နည်းပြအူနိုင်းအမ်မရီကတော့ ရာသီကုန်အဆင့်၄အတွင်းဝင်ရောက်နိုင်ရေး အသင်းလူစာရင်းအင်အားကိုတောင့်တင်းလိုတာကြောင့် ယခုကြာသပတေးနေ့ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင် မျက်နှာသစ်ကစားသမား၂ယောက်လောက်ကို ခေါ်ယူသွားဖို့ရှိပြီး နွေရာသီရောက်မှ ငွေအလုံးအရင်းချေဖို့ရှိတယ်လို့ဆိုလိုက်ပါတယ်။
အာဆင်နယ်နည်းပြကြီး က သူတို့အသင်းဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့အတွင်း ကစားသမားအသစ်ခေါ်ယူရာမှာ အငှားကစားသမားတွေကိုသာခေါ်ယူနိုင်မှာဖြစ်တယ်လို့အခိုင်အမာဆိုထားပြီး အင်တာမီလန်ရဲ့ပါရီဆစ်နဲ့ဘာစီလိုနာအသင်းမှာ ဒန်းနစ်ဆွာရက်ဇ်တို့ကိုခေါ်ယူဖို့ချိတ်ဆက်လျက်ရှိနေပါတယ်။
ဒါပင်မယ့်လည်း အမ်မရီက အကယ်၍ အာဆင်နယ်အသင်းဟာ သူ့လူစာရင်းကို ယခုဆောင်းရာသီကာလမှာ အင်အားဖြည့်တင်းမှုမလုပ်ပေးနိုင်ရင်တောင် ကျေနပ်အားရမှုရှိတယ်လို့ဝန်ခံပြောကြားထားပါသေးတယ်။
” ကျွန်တော်တို့တွေ ပုံစံမတူတဲ့ ကစားသမား၂ယောက်ကို စောင့်ကြည့်နေပြီး သူတို့လာနိုင်ချေများပါတယ်။ကျွန်တော်တို့လိုအပ်တဲ့ အကူအညီတွေရဖို့သူတို့၂ယောက်လာရောက်မပူးပေါင်နိုင်ရင်တောင် သူတို့မလာဖို့ပဲကျွန်တော်ပိုမေ ျှာ်လင့်ထားပါတယ်။”
အမ်မရီတစ်ယောက် ရာသီဝက်ကာလမှာ ကစားသမားအသစ်ခေါ်ယူမှုအတွက် အသင်းအနေနဲ့အခက်အခဲရှိနိုင်တယ်ဆိုတာ နားလည်ထားပြီး အာဆင်နယ်အသင်းအနေနဲ့သူတို့ရဲ့ပစ်မှတ်ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ သိပ်မအောင်မြင်နိုင်ဘူးဆိုတာလည်းသိထားပြီးသားဖြစ်ပါတယ်။
” ကလပ်ကကျွန်တော့်ကို ပြောထားပါတယ်။ဒီအချိန်မှာလူဝယ်လို့မကောင်းဘူးတဲ့။ဒါပင်မယ့် ကလပ်က နွေရာသီမှာ ကွဲပြားခြားနားသွားလိမ့်မယ်လို့ကျွန်တော့်ကိုပြောထားပါတယ်။ပြီးတော့ ကျွန်တော်တို့တွေကစားသမားတွေဝယ်ဖို့ငွေသုံးတော့မှာပါ။” လို့အမ်မရီက ပြောကြားခဲ့ပါတယ်။
အူနိုင်းအမ်မရီဟာ PSG နည်းပြအဖြစ်ရှိခဲ့စဉ်က အာဆင်နယ်အသင်းနဲ့မတူ ပြောင်းရွှေ့ကြေးအမြောက်အမြားသုံးစွဲခဲ့ပါတယ်။ကစားသမား ၂ယောက်အတွက် ယူရိုသန်း ၃၅၀ ထက်မနည်းသုံးစွဲခဲ့ပြီး အဆိုပါ စတား၂ယောက်ကတော့နေမာ နဲ့အမ်ဘာပေးတို့ပဲဖြစ်ပါတယ်အူနိုင်းအမ်မရီကတော့အာဆင်နယ်အသင်းရဲ့ငွေကို စီစီစစ်စစ်သုံးစွဲတဲ့အပြုအမူအပေါ် ကျေနပ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
” ပြီးတော့ PSG မှာက ဒီကအခြေအနေတွေနဲ့တခြားစီပါပဲ။ဘာလို့လဲဆိုတော့ အသင်းက ကစားသမားတွေဝယ်ချင်တာပါ။ကျွန်တော် အခြေအနေ၂ရပ်စလုံးနဲ့လုပ်နိုင်ပါတယ်။ကျွန်တော့်အတွက် အလွယ်ဆုံးအလုပ်က ကစားသမားအသစ်တွေထပ်တောင်းဆိုတာပါပဲ။ဒါပင်မယ့် ကျွန်တော့်ကစားသမားတွေ အလုပ်လုပ်ရတာကို ပိုကြိုက်တယ်။ကျွန်တော်ရဲ့စိန်ခေါ်မှုက ကစားသမားတွေကို စုဆောင်းမယ်၊သူတို့ကို ကာကွယ်ပေးမယ်။ သူတို့တစ်ယောက်ချင်းတိုးတက်လာအောင် လုပ်ဆောင်ပေးချင်တာပါပဲ။” လို့ပြောကြားခဲ့ပါတယ်။
နည်းပြအမ်မရီက တော့ ဒဏ်ရာပြဿနာတွေရင်ဆိုင်နေရတဲ့ နောက်တန်းကို အားဖြည့်ချင်နေတာပဲဖြစ်ပါတယ်။ဆိုကရက်တီးစ်( ခြေကျင်းဝတ်) ၊ ကိုစီယယ်နီ(မေးရိုး) တို့ဟာ မန်ယူနိုက်တက်အသင်းနဲ့FA ဖလားပွဲစဉ်မှာဒဏ်ရာရရှိခဲ့သလို ဒူးဒဏ်ရာမှသက်သာလာဖို့ရှိတဲ့ ဟိုလ်ဒင်းနဲ့ဟတ်တာဘယ်လာရင်တို့ကို အသင်းရဲ့လူစားရင်းကနေ အပြည့်အဝအနားပေးထားဖို့လိုလားနေပါတယ်။
ခါးသီးတဲ့ ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး FA ဖလားပြိုင်ပွဲကနေထွက်ခဲ့ရသော်လည်း အူနိုင်းအမ်မရီက ဒီရာသီအာဆင်နယ်အသင်းရဲ့ပစ်မှတ်ဟာ ချန်ပီယံလိပ်ဝင်ခွင့်ရရေးနဲ့ဒါမှမဟုတ် ယူရိုပါလိပ်ဖလားရရှိရေးပဲဖြစ်ပါတယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
Post a Comment