အုိလ္ေဇးကိုေခၚယူဖုိ ့အာဆင္နယ္အသင္းထံျမင့္မားတဲ့ေတာင္းဆိုမႈေတြျပဳလုပ္ခဲ့တဲ့အင္တာမီလန္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အင္တာမီလန္အသင္းဟာ အာဆင္နယ္အသင္းရဲ့ လုပ္ခလစာအမ်ားဆံုးကစားသမားျဖစ္တဲ့ မီဆြတ္အိုလ္ေဇးကို ေခၚယူဖို ့ျမင့္မားတဲ့ေတာင္းဆိုမႈေတြျပဳလုပ္လိုက္ၿပီး အဆိုပါအေျပာင္းအေရႊ ့ျဖစ္ေျမာက္ပါက အင္တာရဲ ့ထိပ္တန္းကစားသမားတစ္ေယာက္ကို အာဆင္နယ္အသင္းဆီအလြတ္ေျပာင္းေရႊ ့သြားဖို ့ရိွတယ္လို ့သိရပါတယ္။
Daily Star ရဲ့ ေဖာ္ျပခ်က္အရ အင္တာမီလန္အသင္းဟာ ဂ်ာမန္playmaker ကိုေခၚယူဖို ့အေတာ္ေလးစိတ္၀င္စားလ်က္ရိွေနေသာ္လည္း သူ ့ရဲ ့တစ္ပတ္လုပ္ခ ေပါင္ ၃သိန္းခြဲကိုေတာ့ ဆက္လက္ညိွနိႈင္းသြားဖို ့ရိွေနပါတယ္။
အင္တာမီလန္က အာဆင္နယ္အသင္းအား အိုလ္ေဇးရဲ ့တစ္ပတ္လုပ္ခကို တစ္ေယာက္တစ္၀က္ေပးေခ်ၾကဖို ့ေတာင္းဆိုထားတာပဲျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာ ရင္းနွီးျမွပ္နွံမႈေတြျပဳလုပ္ဖို ့လိုအပ္ေနတာျဖစ္ေသာ္လည္း အသင္းရဲ ့စတားကစားသမားျဖစ္တဲ့ အိုလ္ေဇးရဲ ့မနွစ္ရာသီစာခ်ဳပ္သစ္တစ္ပတ္လုပ္ခလစာေၾကာင့္ သူတို ့အတြက္အခက္ေတြ ့ေနတာပဲျဖစ္ပါတယ္။အိုလ္ေဇးရဲ ့ျမင့္မားတဲ့ တစ္ပတ္လုပ္ခလစာဟာ နည္းျပအူနိုင္းအမ္မရီအတြက္ အရည္အေသြးရိွတဲ့ကစားသမားေတြေခၚယူဖို ့အခက္ေတြ ့ေနတာပဲျဖစ္ပါတယ္။
အိုလ္ေဇးဟာ ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ၿပိဳင္ပြဲစံု ၁၃ပြဲသာပါ၀င္ကစားထားရတာပဲဲျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ ဂန္းနားပရိတ္သတ္မ်ားက အိုလ္ေဇးရဲ ့ပံုမွန္ပြဲထြက္ခြင့္မရတဲ့အေပၚေျခစြမ္းမျပနိုင္တာေၾကာင့္ အလြန္အမင္းစိတ္ပ်က္ေနၾကတာပဲျဖစ္ပါတယ္။
အာဆင္နယ္အသင္းနဲ ့အင္တာမီလန္အသင္းတို ့သာ အိုလ္ေဇးရဲ ့အေျပာင္းအေရႊ ့ကိုျဖစ္ေျမာက္ေအာင္လုပ္ေဆာင္နိုင္ခဲ့ၾကရင္ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ခရိုေအးရွားအသင္းရဲ ့သူရဲေကာင္းျဖစ္တဲ့ ပါရီဆစ္ကို ေခၚယူဖို ့ပိုမိုလြယ္ကူသြားမွာပဲျဖစ္ပါတယ္။အဆိုပါအင္တာေတာင္ပံကစားသမားဟာ ဂန္နားအသင္းနဲ့ခ်ိတ္ဆက္လက္ရိွေသာ္လည္း အငွားျဖင့္သာအရင္သြားကစားၿပီး ရာသီကုန္မွာ ေပါင္ ၃၅သန္းျဖင့္ အၿပီးသတ္ေခၚယူခြင့္ကိုထည့္ခ်ဳပ္သြားဖြယ္ရိွတယ္လို ့သိရပါတယ္။
ဒါပင္မယ့္လည္း စီးရီးေအကလပ္က ပါရီဆစ္ကို အၿပီးသတ္ေခၚယူေစလိုတာပဲျဖစ္ပါတယ္။အျခားေသာသတင္းမ်ားရဲ ့အဆိုအရ အာဆင္နယ္အသင္းဟာ ယခုနွစ္ေဆာင္းရာသီအေျပာင္းအေရႊ ့အတြက္ လံုေလာက္တဲ့ေငြေၾကးမရိွဘူးလို ့သိရပါတယ္။
အာဆင္နယ္ပရိတ္သတ္အခ်ိဳ ့ကေတာ့ ပါရီဆစ္နဲ ့အိုလ္ေဇးကို တိုက္ရိုက္အလဲအလည္လုပ္ဖုိ ့ေတာင္းဆိုေနၾကပါတယ္။
(Unicode)
အိုလ်ဇေးကိုခေါ်ယူဖို့အာဆင်နယ်အသင်းထံမြင့်မားတဲ့တောင်းဆိုမှုတွေပြုလုပ်ခဲ့တဲ့အင်တာမီလန်
အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအများဆုံးကစားသမားဖြစ်တဲ့ မီဆွတ်အိုလ်ဇေးကို ခေါ်ယူဖို့မြင့်မားတဲ့တောင်းဆိုမှုတွေပြုလုပ်လိုက်ပြီး အဆိုပါအပြောင်းအရွှေ့ဖြစ်မြောက်ပါက အင်တာရဲ့ထိပ်တန်းကစားသမားတစ်ယောက်ကို အာဆင်နယ်အသင်းဆီအလွတ်ပြောင်းရွှေ့သွားဖို့ရှိတယ်လို့သိရပါတယ်။
Daily Star ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဂျာမန်playmaker ကိုခေါ်ယူဖို့အတော်လေးစိတ်ဝင်စားလျက်ရှိနေသော်လည်း သူ့ရဲ့တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲကိုတော့ ဆက်လက်ညှိနှိုင်းသွားဖို့ရှိနေပါတယ်။
အင်တာမီလန်က အာဆင်နယ်အသင်းအား အိုလ်ဇေးရဲ့တစ်ပတ်လုပ်ခကို တစ်ယောက်တစ်ဝက်ပေးချေကြဖို့တောင်းဆိုထားတာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ဖို့လိုအပ်နေတာဖြစ်သော်လည်း အသင်းရဲ့စတားကစားသမားဖြစ်တဲ့ အိုလ်ဇေးရဲ့မနှစ်ရာသီစာချုပ်သစ်တစ်ပတ်လုပ်ခလစာကြောင့် သူတို့အတွက်အခက်တွေ့နေတာပဲဖြစ်ပါတယ်။အိုလ်ဇေးရဲ့မြင့်မားတဲ့ တစ်ပတ်လုပ်ခလစာဟာ နည်းပြအူနိုင်းအမ်မရီအတွက် အရည်အသွေးရှိတဲ့ကစားသမားတွေခေါ်ယူဖို့အခက်တွေ့နေတာပဲဖြစ်ပါတယ်။
အိုလ်ဇေးဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက်ပြိုင်ပွဲစုံ ၁၃ပွဲသာပါဝင်ကစားထားရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ ဂန်းနားပရိတ်သတ်များက အိုလ်ဇေးရဲ့ပုံမှန်ပွဲထွက်ခွင့်မရတဲ့အပေါ်ခြေစွမ်းမပြနိုင်တာကြောင့် အလွန်အမင်းစိတ်ပျက်နေကြတာပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့အင်တာမီလန်အသင်းတို့သာ အိုလ်ဇေးရဲ့အပြောင်းအရွှေ့ကိုဖြစ်မြောက်အောင်လုပ်ဆောင်နိုင်ခဲ့ကြရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့သူရဲကောင်းဖြစ်တဲ့ ပါရီဆစ်ကို ခေါ်ယူဖို့ပိုမိုလွယ်ကူသွားမှာပဲဖြစ်ပါတယ်။အဆိုပါအင်တာတောင်ပံကစားသမားဟာ ဂန်နားအသင်းနဲ့ချိတ်ဆက်လက်ရှိသော်လည်း အငှားဖြင့်သာအရင်သွားကစားပြီး ရာသီကုန်မှာ ပေါင် ၃၅သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ကိုထည့်ချုပ်သွားဖွယ်ရှိတယ်လို့သိရပါတယ်။
ဒါပင်မယ့်လည်း စီးရီးအေကလပ်က ပါရီဆစ်ကို အပြီးသတ်ခေါ်ယူစေလိုတာပဲဖြစ်ပါတယ်။အခြားသောသတင်းများရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ ယခုနှစ်ဆောင်းရာသီအပြောင်းအရွှေ့အတွက် လုံလောက်တဲ့ငွေကြေးမရှိဘူးလို့သိရပါတယ်။
အာဆင်နယ်ပရိတ်သတ်အချို့ကတော့ ပါရီဆစ်နဲ့အိုလ်ဇေးကို တိုက်ရိုက်အလဲအလည်လုပ်ဖို့တောင်းဆိုနေကြပါတယ်။
Post a Comment