Header Ads


ေပါင္၃သန္းျဖင့္ရီးရဲလ္မက္ဒရစ္ရဲ့စတားတစ္ေယာက္ကိုေခၚယူဖို ့အခြင့္အေရးရထားတဲ့အမ္မရီ







Zawgyi သမားမ်ားေအာက္ဆြဲဖတ္ေပးပါ
ပေါင်၃သန်းဖြင့်ရီးရဲလ်မက်ဒရစ်ရဲ့စတားတစ်ယောက်ကိုခေါ်ယူဖို့အခွင့်အရေးရထားတဲ့အမ်မရီ

မီဆွတ်အိုလ်ဇေးလ်ဟာ အခုချိန်ထိတော့အသင်းကနေထွက်ခွာဖို့မရှိသေးပါဘူူး။ဒါပင်မယ့်လည်းဂန်းနားတို့ဟာ သူ့ရဲ့နေရာအစားထိုးမယ့်လူကိုရှာဖွေတွေ့ရှိခဲ့ပြီး အိုလ်ဇေးလ်ကိုလည်း ဇန်နဝါရီမှာရောင်းထုတ်ဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။

အသက်၃၀အရွယ်ကွင်းလယ်လူရဲ့ အနာဂတ်ဟာ အာဆင်နယ်အသင်းမှာ မရှိသလောက်ကိုဖြစ်နေပါပြီ။ဒါ့ကြောင့်လည်း ဂျူဗင်တပ်စ်အသင်းနဲ့အင်တာမီလန်အသင်းတို့ကသူ့ကိုခေါ်ဖို့စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။Daily Mail ရဲ့ အဆိုရဆော့ ဂန်းနားတို့ရဲ့ဘော့စ်အူနိုင်းအမ်မရီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။

အသက်၂၇နှစ်အရွယ်ကိုလံဘီယာကွင်းလယ်လူဟာ ရီးရဲလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီအငှားချထားတာဖြစ်ပြီး လန်ဒန်အခြေစိုက်ကလပ် ပေါင်၃သန်းဖြင့် ကြားဖြတ်ခေါ်ယူဖို့လုပ်ဆောင်နေကြောင်းသိရပါတယ်။ဘွန်ဒက်စ်လီဂါကလပ်ဟာ ရိုဒရီဂွက်ဇ်ကို ၂နှစ်အငှားနဲ့ခေါ်ယူခဲ့စဉ်က စာချုပ်မှာ ပေါင်၃၉ .၅သန်းပါပေးချေရမယ်ဆိုတဲ့ အချက်ကိုထည့်ချုပ်ထားတာကိုတွေ့ရပါတယ်။ဒါ့ကြောင့် အငှားသက်တမ်းအရ ၆လသာကျန်တော့သာကြောင့် တွက်ချက်ကြည့်မယ်ဆိုရင် ဂန်းနားတို့ဟာ မက်ဒရစ်ကိုလက်ကျန်ငွေ ပေါင် ၃သန်းပေးရုံနဲ့ရိုဒရီဂွက်ဇ်ကို ပိုင်ဆိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘာစီလိုနာကွင်းလယ် ဒန်နီရယ်ဆွာရက်ဇ်ကို ခေါ်ယူဖို့အပြင်းအထန်ချိတ်ဆက်လျက်ရှိနေသော်လည်း နည်းပြအမ်မရီက ကလပ်အနေနဲ့ဇန်နဝါရီကာလမှာ အငှားခေါ်ယူူဖို့သာတတ်နိုင်တယ်လို့ဆိုသွားပါတယ်။

” ဆွာရက်ဇ်ရဲ့အခြေအနေကို ကျွန်တော်မသိပါဘူး။ဒါပင်မယ့်ကျွန်တော်တို့ဟာ အငှားခေါ်တာကိုပဲတတ်နိုင်ပါတယ်။စာချုပ်ချုပ်ပြီးမခေါ်နိုင်သေးပါဘူး။အငှားကစားသမားတွေပဲခေါ်လို့ရပါမယ်။” လို့ဆိုခဲ့တာပဲဖြစ်ပါတယ်။

(Zawgyi)

ေပါင္၃သန္းျဖင့္ရီးရဲလ္မက္ဒရစ္ရဲ့စတားတစ္ေယာက္ကိုေခၚယူဖို ့အခြင့္အေရးရထားတဲ့အမ္မရီ

မီဆြတ္အိုလ္ေဇးလ္ဟာ အခုခ်ိန္ထိေတာ့အသင္းကေနထြက္ခြာဖို ့မရိွေသးပါဘူူး။ဒါပင္မယ့္လည္းဂန္းနားတို ့ဟာ သူ ့ရဲ့ေနရာအစားထိုးမယ့္လူကိုရွာေဖြေတြ ့ရိွခဲ့ၿပီး အိုလ္ေဇးလ္ကိုလည္း ဇန္န၀ါရီမွာေရာင္းထုတ္ဖို ့ျပင္ဆင္ေနၿပီပဲျဖစ္ပါတယ္။

အသက္၃၀အရြယ္ကြင္းလယ္လူရဲ့ အနာဂတ္ဟာ အာဆင္နယ္အသင္းမွာ မရိွသေလာက္ကိုျဖစ္ေနပါၿပီ။ဒါ့ေၾကာင့္လည္း ဂ်ဴဗင္တပ္စ္အသင္းနဲ့အင္တာမီလန္အသင္းတို ့ကသူ ့ကိုေခၚဖို ့စိတ္၀င္စားေနၾကတာပဲျဖစ္ပါတယ္။Daily Mail ရဲ့ အဆိုရေဆာ့ ဂန္းနားတို ့ရဲ ့ေဘာ့စ္အူနိုင္းအမ္မရီဟာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကိုေခၚယူဖို ့ျပင္ဆင္ေနေၾကာင္းသိရပါတယ္။

အသက္၂၇နွစ္အရြယ္ကိုလံဘီယာကြင္းလယ္လူဟာ ရီးရဲလ္အသင္းကေန ဘိုင္ယန္ျမဴးနစ္အသင္းဆီအငွားခ်ထားတာျဖစ္ၿပီး လန္ဒန္အေျခစိုက္ကလပ္ ေပါင္၃သန္းျဖင့္ ၾကားျဖတ္ေခၚယူဖို ့လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။ဘြန္ဒက္စ္လီဂါကလပ္ဟာ ရိုဒရီဂြက္ဇ္ကို ၂နွစ္အငွားနဲ ့ေခၚယူခဲ့စဥ္က စာခ်ဳပ္မွာ ေပါင္၃၉ .၅သန္းပါေပးေခ်ရမယ္ဆိုတဲ့ အခ်က္ကိုထည့္ခ်ဳပ္ထားတာကိုေတြ ့ရပါတယ္။ဒါ့ေၾကာင့္ အငွားသက္တမ္းအရ ၆လသာက်န္ေတာ့သာေၾကာင့္ တြက္ခ်က္ၾကည့္မယ္ဆိုရင္ ဂန္းနားတို ့ဟာ မက္ဒရစ္ကိုလက္က်န္ေငြ ေပါင္ ၃သန္းေပးရံုနဲ ့ရိုဒရီဂြက္ဇ္ကို ပိုင္ဆိုင္ခြင့္ရမွာပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဘာစီလိုနာကြင္းလယ္ ဒန္နီရယ္ဆြာရက္ဇ္ကို ေခၚယူဖို ့အျပင္းအထန္ခ်ိတ္ဆက္လ်က္ရိွေနေသာ္လည္း နည္းျပအမ္မရီက ကလပ္အေနနဲ ့ဇန္န၀ါရီကာလမွာ အငွားေခၚယူူဖို ့သာတတ္နိုင္တယ္လို ့ဆိုသြားပါတယ္။

” ဆြာရက္ဇ္ရဲ ့အေျခအေနကို ကၽြန္ေတာ္မသိပါဘူး။ဒါပင္မယ့္ကၽြန္ေတာ္တို ့ဟာ အငွားေခၚတာကိုပဲတတ္နိုင္ပါတယ္။စာခ်ဳပ္ခ်ဳပ္ၿပီးမေခၚနိုင္ေသးပါဘူး။အငွားကစားသမားေတြပဲေခၚလို ့ရပါမယ္။” လို ့ဆိုခဲ့တာပဲျဖစ္ပါတယ္။


No comments

Powered by Blogger.