Header Ads


Super Subတစ္ေယာက္ရဲ႕အိမ္ျပန္လမ္း မွာတဟုန္ထိုးတိုးတက္လာတဲ့သရဲနီမ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆိုးလ္ရွားကေတာ့ ရွမ္းရွမ္းေတာက္ဆိုတဲ့ နည္းျပျကီးေတြေတာင္လုပ္ျပဖို႔ခက္တဲ့ စစကိုင္တြယ္ခ်င္း ပရီးမီးယားလိပ္ ၆ပြဲဆက္အနိုင္ရလဒ္ကိုယူျပခဲ့တယ္။သူ႔ေရွ႕မွာ ဒီလိုလုပ္နိုင္ခဲ့တာဆိုလို႔ အန္ဆယ္ေလာ့တီနဲ႔ ဂြါဒီယိုလာပဲရွိတာပါ။ဒါေပမယ့္သူက  ဘာမွန္းမသိတဲ့ျပသနာေတြနဲ႔တိုင္ပတ္ေနတဲ့အသင္းကိုယူကိုင္ျပီးလုပ္ျပခဲ့တာပဲျဖစ္ပါတယ္။

ကစားသမားဘဝမွာ ယူနိုက္တက္မွာ ၁၉၉၉ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအပါအဝင္super subတစ္ေယာက္အျဖစ္ ခမ္းနားတဲ့သမိုင္းေတြေရးထိုးခဲ့သလို အခုလည္း ယာယီနည္းျပအျဖစ္လူစားဝင္ျပီးဘာေတြဆက္လုပ္ျပမလဲလူတိုင္းေစာင့္ျကည့္ေနရျပီ။

ယူနိုက္တက္ကစားသမားေဟာင္းေပါ့အင့္ အပါအဝင္ ဆိုးရွားလ္လုပ္ခဲ့တာလြယ္လြယ္ေလးလို႔ထင္တဲ့သူေတြလည္းရွိနိုင္ပါတယ္။တကယ္ေတာ့ လြန္ခဲ့တဲ့ ငါးနွစ္ေလာက္ထဲက ပံုမလာပန္းမလာျဖစ္ေနတဲ့အသင္းကို ေျမလွန္ေျပာင္းလဲပစ္ရတာ လြယ္တာမွတ္လို႔ ။လက္ရွိယူနိုက္တက္အေျခအေနကိုျပန္သံုးသပ္ ျကည့္လိုက္ရင္ေတာ့....

ေနာက္တန္းကေတာ့ clean sheetေတြနဲ႔ဓာတ္မတည့္တဲ့ေရာဂါလားမေျပာတတ္။ကာဒစ္,ဟတ္ဒါဖီးလ္တို႔နဲ႔ ပြဲေတြမွာ အမွားျကီးျကီးမားမားမလုပ္ပဲ ဂိုးေတြခြင့္ျပဳခဲ့ရသည္။အခုလည္းဒီတိုင္းပင္။စပါးနဲ႔ ပြဲကလည္း ဒီဂီယာေကာင္းမႈအေျကာင္းျပဳျပီး ေပးဂိုးမဲ႔နိုင္ပြဲရခဲ့ျခင္းပါ။တည္ျငိမ္မႈအားနည္းေနေသးေပမယ့္ ျပႆနာျကီးတစ္ခုရွိေနတာမဟုတ္ပဲဂိုးေတြေပးေနရတာကကိုျပႆနာျဖစ္ေနသည္။အစြန္ေနာက္ခံလူေတြရဲ႕ပါဝင္အားျဖည့္မႈနည္းတာေျကာင့္လည္းျဖစ္နိုင္သည္။ဘာပဲျဖစ္ျဖစ္တကယ္တိုးတက္လာတဲ့ အပိုင္းေတြကိုေတြ႕ေနရသည္။

ဆိုးလ္ရွားက လင္ဒီေလာဖ္ ကို ball playing defenderအျဖစ္ပံုသြင္းခ်င္ေနပံုရသည္။လင္ဒီေလာ့ဖ္ဆီကလည္း long passအခ်ိဳ႕ျမင္ေတြ႕ေနရသည္။ ကြင္းလယ္ပိုင္းမွာေတာ့ ဟာရဲရားကတာဝန္ေၾကေနပါတယ္။သူကphysicalပိုင္းအားနည္းေပမယ့္ ေဘာလံုးလမ္းေျကာင္းတြက္ဆပံုနဲ႕ ေဘာလံုးျဖတ္ေတာက္တဲ့အပိုင္းမွာေတာ့ အေတာ္ေကာင္းျပီး အသင္းအတြက္မခိုမကပ္ကစားေပးေနသည္။ဒါေျကာင့္လည္းဆိုးလ္ရွားစိတ္ျကိုက္ကစားသမားျဖစ္ေနတာပါ။

ေပါ့ဘာကေတာ့ new rebornတစ္ေယာက္လိုပင္။ဂိုးသြင္းေတြေရာ ဖန္တီးမႈေတြနဲ႕ပါ ပြဲတိုင္းအေရးပါတဲ့ ပံ့ပိုးမႈေတြျပဳ  လုပ္ေနသည္။လက္ရွိယူနိုက္တက္က အင္ဂ်င္အားေကာင္းေကာင္းနဲ႕ ေမာင္းနွင္ေနတဲ႔ကားတစ္စင္းဆိုရင္ ေပါ့ဘာကစီယာတိုင္အျဖစ္ ထိန္းခ်ဳပ္ေပးေနတယ္လို႔ေျပာရင္လြန္မည္မထင္။လင္ဂတ္ကေတာ့ မိမိသိပ္ျကိဳက္သည့္ကစားသမားမဟုတ္။ဒါေပမယ့္ သူကoff the ball movementေတြ အလြန္ေကာင္းသည့္ကစားသမားတစ္ေယာက္။ ခံစစ္တိုက္စစ္အကူးအေျပာင္းေတြမွာ vertically runေတြနဲ႔ျပိဳင္ဘက္ေနာက္ခံလူေတြကို စိတ္အေနွာက္အယွက္ေပးေနျကျဖစ္သည္။ဥပမာေျပာ႐ရင္ ယူနိုက္တက္ဂိုးဧရိယာေရွ႕မွာျပိဳင္ဘက္ေဘာလံုးပ်က္သြားတယ္ေပါ့။ဒါကိုေပါ့ဘာက မာရွယ္ေျပးလမ္းေျကာင္းထဲထည့္ေပးလိုက္တယ္။ဒီလိုအေျခေနမ်ိဳးမွာ လင္ဂတ္မပါတဲ့ပြဲေတြဆိုရင္ ျပိဳင္ဘက္ဂိုးဧရိယာေရွ႕မွာ ရပ္ဖို႔ဒ္ သို႔မဟုတ္ လူကာကူတစ္ဦးသာရွိေတာ့တာျဖစ္လို႔ ျပိဳင္ဘက္ခံစစ္မွဴးေတြက အလြယ္တကူလူကပ္ကစားလိုက္ရံုပင္။

လင္ဂတ္သာ  ရွိေနရင္ေတာ့ ခံစစ္အေျခအေနမွာ အစြန္ေနာက္ခံလူတစ္ေယာက္အပိုရသလိုကစားေပးျပီး  အေစာကလိုတန္ျပန္တိုက္စစ္ဆင္တဲ့အေျခအေနမ်ိဳးမွာ  ျပိဳင္ဘက္ဂိုးေပါက္ဆီဦးတည္ေျပးသြားေလ့ရွိသည္။ဒါ့ေျကာင့္ေတာင္ပံကေဘာလံုးလက္ခံထားသူအတြက္ေရာ ဧရိယာထိပ္မွာ ေနရာယူထားတဲ့တိုက္စစ္မွဴးအတြက္ပါ အမ်ားျကီးအက်ိဳးရွိသြားေစတယ္။

သူလုပ္ခဲ့တာကေျပးတက္သြားရံုတစ္ခုထဲ။ပရိတ္သတ္ေတြအျမင္မွာ ေထြေထြထူးထူးလုပ္ျပတာမေတြ႕ရေပမယ့္ မန္ေနဂ်ာေတြရဲ႕နည္းစနစ္ပိုင္းမွာ ဂ်ိဳကာဖဲတစ္ခ်ပ္လိုျဖစ္ေနသည္။ ဒါ့ေျကာင့္ပဲ လင္ဂတ္က ေမာ္ရင္ဟိုလက္ေအာက္မွာေရာ အဂၤလန္နည္းျပ ေဆာက္ဂိတ္လက္ေအာက္မွာေရာ အခုဆိုးလ္ရွားရဲ႕အသင္းမွာပါ ပံုမွန္ေနရာရေနျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားလက္ထက္မွာ ယူနိုက္တက္ဟာ pressing gameကိုအရင္ကထက္ ပီပီျပင္ျပင္ကစားလာနိုင္ခဲ့ပါတယ္။ခံစစ္တန္းကပါအလိုင္သင့္ေရြ႕လ်ားျပီး ျပိဳင္ဘက္ကြင္းဘက္ျခမ္းမွာတင္ေဘာလံုးကိုအပ်က္ဖ်က္လာတာေတြ႕ရပါတယ္။   လက္ရွိေဘာလံုးေလာကမွာpressingကစားဟန္က လ်ွင္ျမန္တဲ့တိုက္စစ္အသားေပးအသင္းေတြရဲ႕အမွတ္သေကၤတလိုေတာင္ျဖစ္လာပါျပီ။ဆိုးလ္ရွားကလည္း  ဒီအခ်က္ကိုျမင္ျပီး  သူ႔အသင္းကို လင္ဂတ္,ရပ္ဖို႔ဒ္ တို႔ရဲ႕လုပ္အားနႈန္းနဲ႔ေပါင္းစပ္ပံုသြင္းလာတာ ခ်ီးက်ဴးစရာပါပဲ။ ရပ္ဖို႕ဒ္ဆီမွာလည္း အသက္၂၁နွစ္ဆိုတဲ့အရြယ္နဲ႔မလိုက္တဲ့
ယံုျကည္မႈမ်ိဳးေတြ႕ေနရပါတယ္။ဒီထက္ေကာင္းတဲ့အဆံုးသတ္ပံုနဲ႔ေဘာလံုးဆံုးရံႈးမႈနည္းေအာင္ ဂရုစိုက္ရင္   ကမာၻၾကီးကသူ႔အတြက္ျဖစ္လာမွာပါ။

ရာသီကုန္ရင္ေတာ့ဆိုးလ္ရွားရဲ႕အသင္း ဘယ္အထိျမင့္ျမင့္ပ်ံသန္းနိုင္မလဲေတြ႕ရမွာပါ။  နည္းျပတစ္ေယာက္ရဲ႕အရည္အခ်င္းေတြထဲမွာကစားသမားတစ္ေယာက္ရဲ႕အေကာင္းဆံုးေျခစြမ္းကိုညွစ္ထုတ္နိုင္ျခင္း ကလည္း အဓိကက်ပါတယ္။ဒီအခ်က္မွာေတာ့ ဆိုးလ္ရွားကိုအမွတ္ျပည့္ေပးလို႔ရေနပါျပီ။ျပီးခဲ့တဲ့ပြဲေတြမွာလည္း ဆိုးလ္ရွားဟာယူနိုက္တက္ဆန္ဆန္နိုင္ပြဲေတြရွာေဖြေပးနိုင္ခဲ့ပါတယ္။အနီေရာင္ေကာင္းကင္ျကီးကိုျပန္လည္ယူေဆာင္လာေပးနိုင္မလားဆိုတာေျပာဖို႔ေစာပါေသးတယ္။ဆိုးလ္ရွားေရာက္ေရာက္ျခင္းေျပာခဲ့တာကလည္း ကြင္းထဲကပရိတ္သတ္ေတြ ေပ်ာ္ရႊင္ေက်နပ္ေအာင္လုပ္နိုင္ဖို႔ပါတဲ့။ဘယ္ေလာက္အေသခ်ည္ထားထားျကိဳးစကိုကိုင္ထားရင္ ျပန္ျဖည္ဖို႔မခက္ပါဘူး။

ဒီလိုပဲ မန္ခ်က္စတာယူနိုက္တက္ဆိုတာ ဘယ္လိုအသင္းမ်ိဳးျဖစ္တယ္ဆိုတာျပနိုင္ရင္ အဲ့ဒီဂုဏ္ပုဒ္နဲ႔ကိုက္ညီတဲ့ေအာင္ျမင္မႈေတြက ျပန္ရလာမွာပါပဲ။ဒါေျကာင့္ ဒီနွစ္ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရျပီး PSGနဲ႔ပြဲမွာ ေက်နပ္စရာစြမ္းေဆာင္ရည္မ်ိဳးျပနိုင္ရင္ဆိုးရွားလ္ကို ယူနိုက္တက္ရဲ႕အျမဲတမ္းနည္းျပရာထူးခန္႔အပ္သင့္တယ္လို႔သံုးသပ္ရင္း....


ေဆာင္ပါးရွင္ -Oppa Nyi Zaw(Friday Sports)

(Unicode)

Super Subတစ်ယောက်ရဲ့အိမ်ပြန်လမ်း မှာတဟုန်ထိုးတိုးတက်လာတဲ့သရဲနီများ                                       

ဆိုးလ်ရှားကတော့ ရှမ်းရှမ်းတောက်ဆိုတဲ့ နည်းပြကြီးတွေတောင်လုပ်ပြဖို့ခက်တဲ့ စစကိုင်တွယ်ချင်း ပရီးမီးယားလိပ် ၆ပွဲဆက်အနိုင်ရလဒ်ကိုယူပြခဲ့တယ်။သူ့ရှေ့မှာ ဒီလိုလုပ်နိုင်ခဲ့တာဆိုလို့ အန်ဆယ်လော့တီနဲ့ ဂွါဒီယိုလာပဲရှိတာပါ။ဒါပေမယ့်သူက  ဘာမှန်းမသိတဲ့ပြသနာတွေနဲ့တိုင်ပတ်နေတဲ့အသင်းကိုယူကိုင်ပြီးလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။

ကစားသမားဘဝမှာ ယူနိုက်တက်မှာ ၁၉၉၉ချန်ပီယံလိဂ်ဗိုလ်လုပွဲအပါအဝင်super subတစ်ယောက်အဖြစ် ခမ်းနားတဲ့သမိုင်းတွေရေးထိုးခဲ့သလို အခုလည်း ယာယီနည်းပြအဖြစ်လူစားဝင်ပြီးဘာတွေဆက်လုပ်ပြမလဲလူတိုင်းစောင့်ကြည့်နေရပြီ။

ယူနိုက်တက်ကစားသမားဟောင်းပေါ့အင့် အပါအဝင် ဆိုးရှားလ်လုပ်ခဲ့တာလွယ်လွယ်လေးလို့ထင်တဲ့သူတွေလည်းရှိနိုင်ပါတယ်။တကယ်တော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက ပုံမလာပန်းမလာဖြစ်နေတဲ့အသင်းကို မြေလှန်ပြောင်းလဲပစ်ရတာ လွယ်တာမှတ်လို့ ။လက်ရှိယူနိုက်တက်အခြေအနေကိုပြန်သုံးသပ် ကြည့်လိုက်ရင်တော့....။

နောက်တန်းကတော့ clean sheetတွေနဲ့ဓာတ်မတည့်တဲ့ရောဂါလားမပြောတတ်။ကာဒစ်,ဟတ်ဒါဖီးလ်တို့နဲ့ ပွဲတွေမှာ အမှားကြီးကြီးမားမားမလုပ်ပဲ ဂိုးတွေခွင့်ပြုခဲ့ရသည်။အခုလည်းဒီတိုင်းပင်။စပါးနဲ့ ပွဲကလည်း ဒီဂီယာကောင်းမှုအကြောင်းပြုပြီး ပေးဂိုးမဲ့နိုင်ပွဲရခဲ့ခြင်းပါ။တည်ငြိမ်မှုအားနည်းနေသေးပေမယ့် ပြဿနာကြီးတစ်ခုရှိနေတာမဟုတ်ပဲဂိုးတွေပေးနေရတာကကိုပြဿနာဖြစ်နေသည်။အစွန်နောက်ခံလူတွေရဲ့ပါဝင်အားဖြည့်မှုနည်းတာကြောင့်လည်းဖြစ်နိုင်သည်။ဘာပဲဖြစ်ဖြစ်တကယ်တိုးတက်လာတဲ့ အပိုင်းတွေကိုတွေ့နေရသည်။

ဆိုးလ်ရှားက လင်ဒီလောဖ် ကို ball playing defenderအဖြစ်ပုံသွင်းချင်နေပုံရသည်။လင်ဒီလော့ဖ်ဆီကလည်း long passအချို့မြင်တွေ့နေရသည်။ ကွင်းလယ်ပိုင်းမှာတော့ ဟာရဲရားကတာဝန်ကြေနေပါတယ်။သူကphysicalပိုင်းအားနည်းပေမယ့် ဘောလုံးလမ်းကြောင်းတွက်ဆပုံနဲ့ ဘောလုံးဖြတ်တောက်တဲ့အပိုင်းမှာတော့ အတော်ကောင်းပြီး အသင်းအတွက်မခိုမကပ်ကစားပေးနေသည်။ဒါကြောင့်လည်းဆိုးလ်ရှားစိတ်ကြိုက်ကစားသမားဖြစ်နေတာပါ။

ပေါ့ဘာကတော့ new rebornတစ်ယောက်လိုပင်။ဂိုးသွင်းတွေရော ဖန်တီးမှုတွေနဲ့ပါ ပွဲတိုင်းအရေးပါတဲ့ ပံ့ပိုးမှုတွေပြု  လုပ်နေသည်။လက်ရှိယူနိုက်တက်က အင်ဂျင်အားကောင်းကောင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စင်းဆိုရင် ပေါ့ဘာကစီယာတိုင်အဖြစ် ထိန်းချုပ်ပေးနေတယ်လို့ပြောရင်လွန်မည်မထင်။လင်ဂတ်ကတော့ မိမိသိပ်ကြိုက်သည့်ကစားသမားမဟုတ်။ဒါပေမယ့် သူကoff the ball movementတွေ အလွန်ကောင်းသည့်ကစားသမားတစ်ယောက်။ ခံစစ်တိုက်စစ်အကူးအပြောင်းတွေမှာ vertically runတွေနဲ့ပြိုင်ဘက်နောက်ခံလူတွေကို စိတ်အနှောက်အယှက်ပေးနေကြဖြစ်သည်။ဥပမာပြောရရင် ယူနိုက်တက်ဂိုးဧရိယာရှေ့မှာပြိုင်ဘက်ဘောလုံးပျက်သွားတယ်ပေါ့။ဒါကိုပေါ့ဘာက မာရှယ်ပြေးလမ်းကြောင်းထဲထည့်ပေးလိုက်တယ်။ဒီလိုအခြေနေမျိုးမှာ လင်ဂတ်မပါတဲ့ပွဲတွေဆိုရင် ပြိုင်ဘက်ဂိုးဧရိယာရှေ့မှာ ရပ်ဖို့ဒ် သို့မဟုတ် လူကာကူတစ်ဦးသာရှိတော့တာဖြစ်လို့ ပြိုင်ဘက်ခံစစ်မှူးတွေက အလွယ်တကူလူကပ်ကစားလိုက်ရုံပင်။

လင်ဂတ်သာ  ရှိနေရင်တော့ ခံစစ်အခြေအနေမှာ အစွန်နောက်ခံလူတစ်ယောက်အပိုရသလိုကစားပေးပြီး  အစောကလိုတန်ပြန်တိုက်စစ်ဆင်တဲ့အခြေအနေမျိုးမှာ  ပြိုင်ဘက်ဂိုးပေါက်ဆီဦးတည်ပြေးသွားလေ့ရှိသည်။ဒါ့ကြောင့်တောင်ပံကဘောလုံးလက်ခံထားသူအတွက်ရော ဧရိယာထိပ်မှာ နေရာယူထားတဲ့တိုက်စစ်မှူးအတွက်ပါ အများကြီးအကျိုးရှိသွားစေတယ်။

သူလုပ်ခဲ့တာကပြေးတက်သွားရုံတစ်ခုထဲ။ပရိတ်သတ်တွေအမြင်မှာ ထွေထွေထူးထူးလုပ်ပြတာမတွေ့ရပေမယ့် မန်နေဂျာတွေရဲ့နည်းစနစ်ပိုင်းမှာ ဂျိုကာဖဲတစ်ချပ်လိုဖြစ်နေသည်။ ဒါ့ကြောင့်ပဲ လင်ဂတ်က မော်ရင်ဟိုလက်အောက်မှာရော အင်္ဂလန်နည်းပြ ဆောက်ဂိတ်လက်အောက်မှာရော အခုဆိုးလ်ရှားရဲ့အသင်းမှာပါ ပုံမှန်နေရာရနေခြင်းဖြစ်ပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်ဟာ pressing gameကိုအရင်ကထက် ပီပီပြင်ပြင်ကစားလာနိုင်ခဲ့ပါတယ်။ခံစစ်တန်းကပါအလိုင်သင့်ရွေ့လျားပြီး ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာတင်ဘောလုံးကိုအပျက်ဖျက်လာတာတွေ့ရပါတယ်။   လက်ရှိဘောလုံးလောကမှာpressingကစားဟန်က လျှင်မြန်တဲ့တိုက်စစ်အသားပေးအသင်းတွေရဲ့အမှတ်သင်္ကေတလိုတောင်ဖြစ်လာပါပြီ။ဆိုးလ်ရှားကလည်း  ဒီအချက်ကိုမြင်ပြီး  သူ့အသင်းကို လင်ဂတ်,ရပ်ဖို့ဒ် တို့ရဲ့လုပ်အားနှုန်းနဲ့ပေါင်းစပ်ပုံသွင်းလာတာ ချီးကျူးစရာပါပဲ။ ရပ်ဖို့ဒ်ဆီမှာလည်း အသက်၂၁နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်တဲ့
ယုံကြည်မှုမျိုးတွေ့နေရပါတယ်။ဒီထက်ကောင်းတဲ့အဆုံးသတ်ပုံနဲ့ဘောလုံးဆုံးရှုံးမှုနည်းအောင် ဂရုစိုက်ရင်   ကမ္ဘာကြီးကသူ့အတွက်ဖြစ်လာမှာပါ။

ရာသီကုန်ရင်တော့ဆိုးလ်ရှားရဲ့အသင်း ဘယ်အထိမြင့်မြင့်ပျံသန်းနိုင်မလဲတွေ့ရမှာပါ။  နည်းပြတစ်ယောက်ရဲ့အရည်အချင်းတွေထဲမှာကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးခြေစွမ်းကိုညှစ်ထုတ်နိုင်ခြင်း ကလည်း အဓိကကျပါတယ်။ဒီအချက်မှာတော့ ဆိုးလ်ရှားကိုအမှတ်ပြည့်ပေးလို့ရနေပါပြီ။ပြီးခဲ့တဲ့ပွဲတွေမှာလည်း ဆိုးလ်ရှားဟာယူနိုက်တက်ဆန်ဆန်နိုင်ပွဲတွေရှာဖွေပေးနိုင်ခဲ့ပါတယ်။အနီရောင်ကောင်းကင်ကြီးကိုပြန်လည်ယူဆောင်လာပေးနိုင်မလားဆိုတာပြောဖို့စောပါသေးတယ်။ဆိုးလ်ရှားရောက်ရောက်ခြင်းပြောခဲ့တာကလည်း ကွင်းထဲကပရိတ်သတ်တွေ ပျော်ရွှင်ကျေနပ်အောင်လုပ်နိုင်ဖို့ပါတဲ့။ဘယ်လောက်အသေချည်ထားထားကြိုးစကိုကိုင်ထားရင် ပြန်ဖြည်ဖို့မခက်ပါဘူး။

ဒီလိုပဲ မန်ချက်စတာယူနိုက်တက်ဆိုတာ ဘယ်လိုအသင်းမျိုးဖြစ်တယ်ဆိုတာပြနိုင်ရင် အဲ့ဒီဂုဏ်ပုဒ်နဲ့ကိုက်ညီတဲ့အောင်မြင်မှုတွေက ပြန်ရလာမှာပါပဲ။ဒါကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး PSGနဲ့ပွဲမှာ ကျေနပ်စရာစွမ်းဆောင်ရည်မျိုးပြနိုင်ရင်ဆိုးရှားလ်ကို ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြရာထူးခန့်အပ်သင့်တယ်လို့သုံးသပ်ရင်း....

ဆောင်ပါးရှင် -Oppa Nyi Zaw

No comments

Powered by Blogger.